ေမာ္တင္ခုံးတံတားအနီး ေတာင္းရမ္းစားေသာက္ေနရတဲ့ အဖိုးအိုဆီက ေငြငါးေထာင္ကို အမ်ိဳးသား(၃)ဦးက ႐ိုက္ႏွက္လုယူ

C8 News

ရန္ကုန္၊ေဖေဖာ္ဝါရီ(၁၀)

ရန္ကုန္တိုင္းေဒသႀကီး၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ေမာ္တင္ခုံးတံတားအနီးမွာ ေတာင္းရမ္းစားေသာက္ေနရတဲ့ အသက္(၇၀)ေက်ာ္အဖိုးကိုဆီက ေငြက်ပ္(၅၀၀၀) ေထာင္ကိုအမ်ိဳးသား(၃)ဦးက႐ိုက္ႏွက္ၿပီး လုယူသြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္

” မေန႔ကမနက္(၁၁)နာရီေလာက္ကျဖစ္တာ၊ အဲ့အဖိုက ဒီေနရာမွာ အလႉခံေနတာၾကာၿပီ၊ လမ္းသစ္လမ္းထဲမွာလိုင္ေနတုန္း လူ(၃)ေယာက္ကလုသြားတာလို႔ေျပာတယ္၊

ေငြကမမ်ားပါဘူး ငါးေထာင္ေက်ာ္ေလာက္ပါ၊ ႐ုတ္တရက္ဘာျဖစ္တာလဲဆိုတာကိုမသိေတာ့ လူေတြကဝင္မပါရဲၾကဘူး၊

႐ိုက္ႏွက္ၿပီးထြက္သြားေတာ့မွ သိၾကတာ၊ အဖိုႀကီး ေခါင္းေပါက္သြားတယ္၊ မရွိလို႔ေတာင္းစားတဲ့ လူႀကီး႐ြယ္ကိုမွ လုပ္ရက္ၾကတာ၊ စိတ္မေကာင္းျဖစ္ရပါတယ္” လို႔လမ္းမေတာ္ၿမိဳ႕နယ္၊ လမ္းသစ္လမ္းအနီၚမွာ ေနထိုင္သူတစ္ဦးကေျပာပါတယ္

႐ိုက္ႏွက္လုယူခံရတဲ့ သက္ႀကီးပိုင္းအမ်ိဳးသားဟာ ရန္ကုန္တိုင္းေဒသႀကီး၊ ဒလၿမိဳ႕နယ္၊ က်န္စစ္သားလမ္းမွာ ေနထိုင္သူျဖစ္ၿပီး လမ္းမေတာ္ၿမိဳ႕နယ္၊ ေမာ္တင္ခုံးတံတားအနီးမွာ ေန႔စဥ္နီးပါလာေရာက္ေတာင္းရမ္းစားေသာက္ေနရသူျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္

႐ိုက္ႏွက္လုယူခံရၿပီးေနာက္ အနီးဝန္းက်င္မွာရွိတဲ့ လူတခ်ိဳ႕က ေဆးခန္းပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္

အာဏာသိမ္းၿပီးေနာက္ေန႔စဥ္ဆိုသလို ျဖစ္ေပၚေနတဲ့ ခိုး၊ ဆိုး၊ လုယက္မႈေတြေၾကာင့္ ျပည္သူေတြဘဝဟာ လုံၿခဳံေအးခ်မ္းမႈမရွိေတာ့ဘဲ စစ္အုပ္စုကဟန္ျပေနတဲ့ တည္ၿငိမ္းေအးခ်မ္းမႈဆိုတာ ရန္ကုန္ၿမိဳ႕လို႔ ေနရာေတြမွာေတာင္ မရွိေတာ့ဘူးလို႔ ျပည္သူေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္

မော်တင်ခုံးတံတားအနီး တောင်းရမ်းစားသောက်နေရတဲ့ အဖိုးအိုဆီက ငွေငါးထောင်ကို အမျိုးသား(၃)ဦးက ရိုက်နှက်လုယူ

C8 News

ရန်ကုန်၊ဖေဖော်ဝါရီ(၁၀)

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မော်တင်ခုံးတံတားအနီးမှာ တောင်းရမ်းစားသောက်နေရတဲ့ အသက်(၇၀)ကျော်အဖိုးကိုဆီက ငွေကျပ်(၅၀၀၀) ထောင်ကိုအမျိုးသား(၃)ဦးကရိုက်နှက်ပြီး လုယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်

” မနေ့ကမနက်(၁၁)နာရီလောက်ကဖြစ်တာ၊ အဲ့အဖိုက ဒီနေရာမှာ အလှူခံနေတာကြာပြီ၊ လမ်းသစ်လမ်းထဲမှာလိုင်နေတုန်း လူ(၃)ယောက်ကလုသွားတာလို့ပြောတယ်၊

ငွေကမများပါဘူး ငါးထောင်ကျော်လောက်ပါ၊ ရုတ်တရက်ဘာဖြစ်တာလဲဆိုတာကိုမသိတော့ လူတွေကဝင်မပါရဲကြဘူး၊

ရိုက်နှက်ပြီးထွက်သွားတော့မှ သိကြတာ၊ အဖိုကြီး ခေါင်းပေါက်သွားတယ်၊ မရှိလို့တောင်းစားတဲ့ လူကြီးရွယ်ကိုမှ လုပ်ရက်ကြတာ၊ စိတ်မကောင်းဖြစ်ရပါတယ်” လို့လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းအနီါ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်

ရိုက်နှက်လုယူခံရတဲ့ သက်ကြီးပိုင်းအမျိုးသားဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားလမ်းမှာ နေထိုင်သူဖြစ်ပြီး လမ်းမတော်မြို့နယ်၊ မော်တင်ခုံးတံတားအနီးမှာ နေ့စဉ်နီးပါလာရောက်တောင်းရမ်းစားသောက်နေရသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်

ရိုက်နှက်လုယူခံရပြီးနောက် အနီးဝန်းကျင်မှာရှိတဲ့ လူတချို့က ဆေးခန်းပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်

အာဏာသိမ်းပြီးနောက်နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေတဲ့ ခိုး၊ ဆိုး၊ လုယက်မှုတွေကြောင့် ပြည်သူတွေဘဝဟာ လုံခြုံအေးချမ်းမှုမရှိတော့ဘဲ စစ်အုပ်စုကဟန်ပြနေတဲ့ တည်ငြိမ်းအေးချမ်းမှုဆိုတာ ရန်ကုန်မြို့လို့ နေရာတွေမှာတောင် မရှိတော့ဘူးလို့ ပြည်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *