ဖယ္ခုံေဒသသို႔ တိုက္ေလယာဥ္ျဖင့္ၿခိမ္းေျခာက္ပ်ံဝဲ၍ ပညာသင္ၾကားေနသည့္ ကေလးငယ္မ်ားထြက္ေျပးပုန္းခိုရ

ရဲေခါင္/People’s Spring

ရွမ္း – ကယား(ကရင္နီ)ေဒသအစပ္ ဖယ္ခုံၿမိဳ႕နယ္ အေနာက္ကယန္းေဒသသို႔ အၾကမ္းဖက္စစ္ေကာင္စီတပ္က တိုက္ေလယာဥ္အသုံးျပဳ ၿခိမ္းေျခာက္ပ်ံဝဲခဲ့၍ ပညာသင္ၾကားေနသည့္ ကေလးငယ္မ်ားထြက္ေျပးပုန္းခိုေနရသည့္ ႐ုပ္သံဖိုင္ကို ကရင္နီလူငယ္မ်ားအဖြဲ႕အစည္း(UKSY)က ထုတ္ျပန္ သည္

ယေန႔(ဇန္နဝါရီ ၁၀ရက္) နံနက္ ၈နာရီ မိနစ္ ၄ဝခန႔္က လာေရာက္ခဲ့သည့္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္မွာ အေနာက္ကယန္းေဒသတြင္ မိနစ္၃၀ၾကာ ပ်ံဝဲခဲ့သည္ဟု ဆိုသည္

“ကရင္နီမွာ ဂ်က္ေလယာဥ္ တေနကုန္ဝဲေနတာ ႏွစ္ရက္ရွိပါၿပီ။စကစဘက္က ဘာေတြ ႀကံစည္ေနလဲေတာ့မသိဘူး”ဟု ေဒသခံတစ္ဦးက ေျပာသည္

ထို႔အျပင္ တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ လူေနရပ္ကြက္မ်ားအတြင္း လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈမ်ားကိုပါ စစ္ေကာင္စီက ယခုႏွစ္ ႏွစ္ဆန္းပိုင္းကစ၍ တြင္က်ယ္စြာ လုပ္ေဆာင္လာေၾကာင္း လည္း ေဒသခံစစ္ေရးသတင္းရင္းျမစ္မ်ားက အသိေပးသည္

ဇန္နဝါရီ ၈ ရက္ေန႔ ည ၉နာရီခန႔္က စစ္ေကာင္စီ၏ လက္နက္ႀကီးက်ည္ေၾကာင့္ မိုးၿဗဲၿမိဳ႕ ပြဲကုန္း (၁)ရပ္ကြက္ရွိ ေနအိမ္တစ္ခုေပၚက်ေရာက္ခဲ့၍ အသက္(၆၆)ႏွစ္အ႐ြယ္ ဦးလ်ိဳပန္ ေသဆုံးခဲ့ရသည္

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ဆန႔္က်င္ေတာ္လွန္သည့္ေဒသမ်ားအနက္ ကရင္နီ(ကယား)ျပည္နယ္တြင္ စစ္ေကာင္စီတပ္က ကေလးငယ္ ၁၁ဦးအပါအဝင္ အရပ္သားျပည္သူ ၁၀၀ ေက်ာ္ကို စစ္ရာဇဝတ္မႈက်ဴးလြန္သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံသတင္းရင္းျမစ္မ်ားက ယခုႏွစ္ဆန္းပိုင္းတြင္ ထုတ္ျပန္ထားသည္

ထို႔ေၾကာင့္ လက္ရွိအေျခအေနအရ ျပည္သူမ်ားႏွင့္ ကေလးငယ္မ်ားအေနျဖင့္ လက္နက္ႀကီး၊ေလယာဥ္ အသံမ်ားကို ဂ႐ုျပဳေနထိုင္ရန္ႏွင့္ ခိုင္မာသည့္ အကာအကြယ္ရွိေသာ ေနရာမ်ိဳးကို ေ႐ြးခ်ယ္ရန္လည္း ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက တိုက္တြန္းသည္

႐ုပ္သံ – Union of Karenni State Youth – UKSY

ဖယ်ခုံဒေသသို့ တိုက်လေယာဉ်ဖြင့်ခြိမ်းခြောက်ပျံဝဲ၍ ပညာသင်ကြားနေသည့် ကလေးငယ်များထွက်ပြေးပုန်းခိုရ

ရဲခေါင်/People’s Spring

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသသို့ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်အသုံးပြု ခြိမ်းခြောက်ပျံဝဲခဲ့၍ ပညာသင်ကြားနေသည့် ကလေးငယ်များထွက်ပြေးပုန်းခိုနေရသည့် ရုပ်သံဖိုင်ကို ကရင်နီလူငယ်များအဖွဲ့အစည်း(UKSY)က ထုတ်ပြန် သည်

ယနေ့(ဇန်နဝါရီ ၁၀ရက်) နံနက် ၈နာရီ မိနစ် ၄ဝခန့်က လာရောက်ခဲ့သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်မှာ အနောက်ကယန်းဒေသတွင် မိနစ်၃၀ကြာ ပျံဝဲခဲ့သည်ဟု ဆိုသည်

“ကရင်နီမှာ ဂျက်လေယာဉ် တနေကုန်ဝဲနေတာ နှစ်ရက်ရှိပါပြီ။စကစဘက်က ဘာတွေ ကြံစည်နေလဲတော့မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်များအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကိုပါ စစ်ကောင်စီက ယခုနှစ် နှစ်ဆန်းပိုင်းကစ၍ တွင်ကျယ်စွာ လုပ်ဆောင်လာကြောင်း လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက အသိပေးသည်

ဇန်နဝါရီ ၈ ရက်နေ့ ည ၉နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် မိုးဗြဲမြို့ ပွဲကုန်း (၁)ရပ်ကွက်ရှိ နေအိမ်တစ်ခုပေါ်ကျရောက်ခဲ့၍ အသက်(၆၆)နှစ်အရွယ် ဦးလျိုပန် သေဆုံးခဲ့ရသည်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်တော်လှန်သည့်ဒေသများအနက် ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီတပ်က ကလေးငယ် ၁၁ဦးအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်ကို စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်

ထို့ကြောင့် လက်ရှိအခြေအနေအရ ပြည်သူများနှင့် ကလေးငယ်များအနေဖြင့် လက်နက်ကြီး၊လေယာဉ် အသံများကို ဂရုပြုနေထိုင်ရန်နှင့် ခိုင်မာသည့် အကာအကွယ်ရှိသော နေရာမျိုးကို ရွေးချယ်ရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်တွန်းသည်

ရုပ်သံ – Union of Karenni State Youth – UKSY

Leave a Reply

Your email address will not be published. Required fields are marked *