ထားဝယ္၊ ေရျဖဴႏွင့္ ရပ္ေစာက္တို႔တြင္ စစ္သား ၂၅ ဦးထက္မနည္း ထြက္ေျပးမႈ ျဖစ္ၿပီး အခ်င္းခ်င္း ပစ္ခတ္မႈမ်ားျဖစ္
ရန္ကုန္၊ ဇန္နဝါရီ ၁၀
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊ ေရျဖဴၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္၊ ရပ္ေစာက္ ၿမိဳ႕ နယ္တို႔တြင္ စစ္သား ၂၅ ဦးထက္မနည္း ထြက္ေျပးမႈျဖစ္ၿပီး အခ်င္းခ်င္း ပစ္ ခတ္ မႈမ်ားလည္းျဖစ္ပြားေၾကာင္း သိရွိရသည္
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊ မဲေခ်ာင္းေက်း႐ြာအနီးရွိ ၈ မိုင္လမ္းဆုံဂိတ္ တြင္ ယမန္ေန႔ ဇန္နဝါရီလ ၉ ရက္ေန႔က စစ္သားအခ်င္းခ်င္း စကားမ်ားရန္ျဖစ္ ၿပီး ပစ္ခတ္ၾကရာ စစ္သား ၁ ဦးထိခိုက္ဒဏ္ရာရရွိသြား ေၾကာင္း Dawei Information Center က ေျပာသည္
ဇန္နဝါရီလ ၉ ရက္ေန႔ ည ၉ နာရီခြဲေက်ာ္က ၎ဂိတ္ရွိ အရက္အတူတူ ထိုင္ ေသာက္ ေနေသာ အၾကမ္းဖက္စစ္သား အခ်င္းခ်င္း စကားမ်ားရန္ျဖစ္ကာ ပစ္ခတ္သံ ၇ ခ်က္ခန႔္ၾကားရေၾကာင္း၊ ေအာ္ဟစ္ဆဲဆိုသံမ်ားလည္း ၾကား ရေၾကာင္း၊ ညဥ့္နက္ပိုင္းတြင္ ယင္းအၾကမ္းဖက္စစ္တပ္ဂိတ္မွ လက္နက္ႀကီး မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္
ယမန္ေန႔ ဇန္နဝါရီလ ၉ ရက္ မြန္းလြဲ ၂ နာရီခန႔္ကလည္း အၾကမ္းဖက္စစ္သား မ်ားက ဥယ်ာဥ္ႀကီး႐ြာဘက္သို႔ ေသနတ္ေျပာင္းလွည့္ကာ ၅ ခ်က္ခန႔္ ဆက္တိုက္ပစ္ခတ္ခဲ့ေသးသည္ဟု ဆိုသည္
အလားတူ ဇန္နဝါရီလ ၄ ရက္ေန႔ညက ထြက္ေျပးသြားခဲ့သည့္ ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ေဒသအေျခစိုက္ ခလရ – ၂၇၃ တပ္ရင္းမွ တပ္သား ၅ ဦး လြန္ခဲ့တဲ့ႏွစ္ရက္ ျပန္လည္ဖမ္းဆီးခံခဲ့ရေၾကာင္း သိရွိရသည္
ကံေပါက္မွ ဆိုင္ကယ္ျဖင့္ မိနစ္ ၂၀ ခန႔္သြားရသည့္ ပယေက်း႐ြာ၏ ဘုန္းႀကီး ေက်ာင္းေတာင္ကုန္းေပၚတြင္ ျပန္လည္အဖမ္းခံလိုက္ ရျခင္းျဖစ္ ေၾကာင္း သိရွိရသည္
“ ေရွ႕တန္းထြက္ရမွာေၾကာက္လို႔ ဘုရား ေတာင္ေပၚ တက္ေနတယ္ေျပာတယ္။ ဘုန္းႀကီးကသတင္းေပးလို႔ ဆိုတာေတြလည္း ေျပာေနၾကတယ္။ ယုံၾကည္ရတဲ့ သတင္းအရင္းအျမစ္ေတြဆီကေန တိတိက်က်သိရတာေတာ့ မရွိေသးဘူး “ ဟု ေဒသခံတစ္ဦးက ေျပာသည္
တပ္သားေတြ ထြက္ေျပးသည့္ေန႔တြင္ ပယေက်း႐ြာႏွင့္ ကပ္လ်က္႐ြာျဖစ္သည့္ ဖက္ေတာင္႐ြာမွ ေဒသခံမ်ားကို စစ္တပ္က စစ္ေမးၿပီး ေတာနင္းရွာေဖြခဲ့ ေၾကာင္း၊ စစ္သား ၅ ဦးကို ျပန္လည္ ဖမ္းဆီးရမိၿပီးေနာက္ ေမာရဝတီ ေရတပ္ စခန္း တြင္ ႏွိပ္စက္စစ္ေဆးေနသည္ဟု သတင္းမ်ား ထြက္ေပၚလ်က္ရွိေၾကာင္း သိရွိရသည္
အလာတူ ရွမ္းျပည္နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္ အေျခစိုက္ စစ္ေကာင္စီ၏ ေျချမန္ တပ္ရင္း ခမရ – ၅၀၈ တပ္သား ၂၀ ေက်ာ္တို႔သည္ လက္နက္ခဲယမ္း ႏွင့္အတူ ထြက္ေျပးသြားေၾကာင္း ရွမ္းသံေတာ္ဆင့္သတင္းဌာနက သတင္းေဖာ္ျပသည္
ဒီဇင္ဘာလ ၂၉ ရက္ေန႔တြင္ ရပ္ေစာက္ၿမိဳ႕ အဝင္ရွိ စစ္ေကာင္စီတပ္ ခမရ ၅၀၈ လက္ေအာက္ခံ တပ္သား ရဲေဘာ္ ႏွင့္ အရာရွိ အပါအဝင္ လူဦးေရ ၂၀ ေက်ာ္သည္ လက္နက္ခဲယမ္းႏွင့္ အတူ ထြက္ေျပးတိမ္းေရွာင္ ေနခဲ့ျခင္းျဖစ္ ေၾကာင္း ၊
အရာရွိမ်ားအပါအဝင္ စုစုေပါင္း ထြက္ေျပးၾကသူ ၂၄ ဦးရွိေၾကာင္း ၊လက္ရွိတြင္ အာဏာသိမ္း စစ္ေကာင္စီသည္ ၎တို႔၏ တပ္သားအင္အား အမ်ားအျပားကို ရပ္ေစာက္ၿမိဳ႕နယ္ အတြင္း ျဖန႔္ထားလ်က္ရွိၿပီး နယ္ေျမ ေဒသမ်ားတြင္ စစ္ေၾကာင္းျဖင့္ လႈပ္ရွားရွာေဖြေနေၾကာင္း ရွမ္းသံေတာ္ဆင့္က ေရးသားထားသည္
ထားဝယ်၊ ရေဖြူနှင့် ရပ်စောက်တို့တွင် စစ်သား ၂၅ ဦးထက်မနည်း ထွက်ပြေးမှု ဖြစ်ပြီး အချင်းချင်း ပစ်ခတ်မှုများဖြစ်
ရန်ကုန်၊ ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ရပ်စောက် မြို့ နယ်တို့တွင် စစ်သား ၂၅ ဦးထက်မနည်း ထွက်ပြေးမှုဖြစ်ပြီး အချင်းချင်း ပစ် ခတ် မှုများလည်းဖြစ်ပွားကြောင်း သိရှိရသည်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာအနီးရှိ ၈ မိုင်လမ်းဆုံဂိတ် တွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က စစ်သားအချင်းချင်း စကားများရန်ဖြစ် ပြီး ပစ်ခတ်ကြရာ စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိသွား ကြောင်း Dawei Information Center က ပြောသည်
ဇန်နဝါရီလ ၉ ရက်နေ့ ည ၉ နာရီခွဲကျော်က ၎င်းဂိတ်ရှိ အရက်အတူတူ ထိုင် သောက် နေသော အကြမ်းဖက်စစ်သား အချင်းချင်း စကားများရန်ဖြစ်ကာ ပစ်ခတ်သံ ၇ ချက်ခန့်ကြားရကြောင်း၊ အော်ဟစ်ဆဲဆိုသံများလည်း ကြား ရကြောင်း၊ ညဉ့်နက်ပိုင်းတွင် ယင်းအကြမ်းဖက်စစ်တပ်ဂိတ်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်
ယမန်နေ့ ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက်စစ်သား များက ဥယျာဉ်ကြီးရွာဘက်သို့ သေနတ်ပြောင်းလှည့်ကာ ၅ ချက်ခန့် ဆက်တိုက်ပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်
အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ညက ထွက်ပြေးသွားခဲ့သည့် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ တပ်သား ၅ ဦး လွန်ခဲ့တဲ့နှစ်ရက် ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်
ကံပေါက်မှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သွားရသည့် ပယကျေးရွာ၏ ဘုန်းကြီး ကျောင်းတောင်ကုန်းပေါ်တွင် ပြန်လည်အဖမ်းခံလိုက် ရခြင်းဖြစ် ကြောင်း သိရှိရသည်
“ ရှေ့တန်းထွက်ရမှာကြောက်လို့ ဘုရား တောင်ပေါ် တက်နေတယ်ပြောတယ်။ ဘုန်းကြီးကသတင်းပေးလို့ ဆိုတာတွေလည်း ပြောနေကြတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေဆီကနေ တိတိကျကျသိရတာတော့ မရှိသေးဘူး “ ဟု ဒေသခံတစ်ဦးက ပြောသည်
တပ်သားတွေ ထွက်ပြေးသည့်နေ့တွင် ပယကျေးရွာနှင့် ကပ်လျက်ရွာဖြစ်သည့် ဖက်တောင်ရွာမှ ဒေသခံများကို စစ်တပ်က စစ်မေးပြီး တောနင်းရှာဖွေခဲ့ ကြောင်း၊ စစ်သား ၅ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီးနောက် မောရဝတီ ရေတပ် စခန်း တွင် နှိပ်စက်စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်
အလာတူ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ – ၅၀၈ တပ်သား ၂၀ ကျော်တို့သည် လက်နက်ခဲယမ်း နှင့်အတူ ထွက်ပြေးသွားကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနက သတင်းဖော်ပြသည်
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရပ်စောက်မြို့ အဝင်ရှိ စစ်ကောင်စီတပ် ခမရ ၅၀၈ လက်အောက်ခံ တပ်သား ရဲဘော် နှင့် အရာရှိ အပါအဝင် လူဦးရေ ၂၀ ကျော်သည် လက်နက်ခဲယမ်းနှင့် အတူ ထွက်ပြေးတိမ်းရှောင် နေခဲ့ခြင်းဖြစ် ကြောင်း ၊
အရာရှိများအပါအဝင် စုစုပေါင်း ထွက်ပြေးကြသူ ၂၄ ဦးရှိကြောင်း ၊လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားအင်အား အများအပြားကို ရပ်စောက်မြို့နယ် အတွင်း ဖြန့်ထားလျက်ရှိပြီး နယ်မြေ ဒေသများတွင် စစ်ကြောင်းဖြင့် လှုပ်ရှားရှာဖွေနေကြောင်း ရှမ်းသံတော်ဆင့်က ရေးသားထားသည်