ၾကင္စိုးနဲ႔ ေခါဘဏီကို ေဈးေရွ႕မွာ ဖ်ာလိပ္နဲ႔ပတ္၊ ေရခဲေရနဲ႔ ေလာင္းရေတာ့မ်ယ္။

ၾကားဖူးၾကတယ္ မဟုတ္လား။ ဝါးးး.. ေကာင္းေတာ့ေကာင္းဒယ္ ဖ်ားမ်ား ဖ်ားမလားမသိဘူးဆိုတဲ့ ဇာတ္လမ္း။ လူထူထူ ေဈးေရွ႕မွာ အ႐ူးစုံတြဲ သံဝါသ ဝိဝါဟ ဘာညာကြိကြ ဘြတ္စမန္ဟဲၾကသတဲ့။

အ႐ူးေဒြဆိုေတာ့ တားမရ ဆီးမရ သိုင္းကြက္အစုံထုတ္။ ယိုသူမရွက္၊ ျမင္သူရွက္သူတခ်ိဳက ဖ်ာနဲ႔အုပ္ထားတာေတာင္ “ ဒီလိုအခါေပါင္း ေထာင္ေသာင္းမကေတြ႕ပ်ေစ “ လုပ္ေနလို ေရနဲ႔ဝိုင္းေလာင္း။

အက္ေတာ့မွ “ ေကာင္းေတာ့ေကာင္းဒယ္ ဖ်ားမ်ားဖ်ားမလား မသိပု “ တဲ့။ အ႐ူးေဒြပါဆို။

အခုလည္း ဘာထူး။ ဗိုလ္႐ူးခံပြဲ ၿခိမ့္ၿခိမ့္သဲ က်င္းပတယ္။ လိပ္ထီးႀကီးစီး ဆင္းလာတဲ့ စစ္သာမီးခမ်ာ့ ေအာက္ေရာက္မွ ေမွာက္ရက္လဲ ဟက္တက္ကြဲ။ လက္ခုပ္လက္ဝါးတီးၿပီး ၾကင္စိုးေမာင္ႏွံအားေပးေနခ်ိန္ တခ်ိဳေတြက မၿပဳံးဘဲဝါးလုံးကြဲရီ။ ေသာက္ရွက္ေတြ ဗ်န္းဗ်န္းကြဲေရာ

ဂ်ိဳးျဖဴရွာမရလို ခိုေတြကို ယူပီဂ်ီအျဖဴသုတ္။ ၿငိမ္းခ်မ္းေရးသေကၤတအျဖစ္ လႊတ္ေသးတာဆိုပဲ။ ၾကင္စိုး႐ူးခ်က္က တိရိစာၦန္လဲ မေနရ။ အေတာင္ေတြေလးၿပီး လူအုပ္ၾကားထဲ ျပန္ျပဳတ္က်ေတာ့ ဟာသေတြကိုျဖစ္လို။ ဂ်ိဳးျဖဴလိုခ်င္တာမ်ားကြာ ေရွာင္ႀကီးကို ဗိုလ္႐ူးခံပြဲၿပီးတဲ့အထိ ထိန္းထားေရာေပါ့

ေပးထားတဲ့လြတ္ၿငိမ္း အခုမွျပန္ဖ်က္ ေတာ့ ကိုယ္႐ူးတာလူသိတာပဲ အဖတ္တင္တယ္။ ေရွာင္ႀကီးက ျပန္မလာေဒါ့ဘူးကြယ္-ေသာက္႐ူးရယ္တဲ့။ ဂ်ိဳးျဖဴလိုခ်င္ ေခါမူက်ိကိုယ္တိုင္ ေအာ္ဇီလာယူပါတဲ့ အဟက္ဟက္

“သီရိဘာေမာ မသာမ၊ လဇိအစစ္ သူရွာမရ၊ စေလာင္း လင္ကြင္းတီးေနက်” ဘြဲေတာ္ခံ နံျပားဖိုပိုင္ရွင္ကလည္း တမ်ိဳး ၾကင္စိုးေပးသနားေတာ္မူတဲ့ စလြယ္ႀကီး တကားကာားနဲ႔။ ျမင္ရသူအေပါင္း ေအာက္ႏွလုံးေတြကို နာလို။ ႐ြာတည္တာ အ႐ူးတေယာက္ပါရင္ ေတာ္ေရာေပါ့။ အခုေတာ့ တဖြဲလုံးအ႐ူးေဒြ။ ဘန္နီႀကိဳးနဲ႔ ႏိုဆီဗူးေတြ သီၿပီး လြယ္ၾကရမွာ

ဗ်ာ… မေနနဲ႔။ မင့္လဲ ပါဒယ္ ေအာင္ေမွး

ကဲ အ႐ူးဋီကာ ဒမွာတင္ရပ္ၿပီး ဒို႐ြာအေၾကာင္း ေျပာမယ္

တေလာက ထုတ္ျပန္တဲ့ န်ဴးယားစတိတ္မန႔္မွာ ERO ေတြလည္း မပါဘူးလို တခ်ိဳေတြ အားမရတာၾကားမိတယ္။အထူးသျဖင့္ ေကႏုမပါလိုတဲ့။ အာ့ မမွန္ဘူး။ ေကႏုက ႏုစီရဲ႕အဖြဲဝင္။ သူတင္မက KNPP, CNF, ABSDF, PNFC တိုလည္း ႏုစီရဲ႕အဖြဲဝင္ေတြလို ၾကားမိတယ္

ဆိုေတာ့ကာ…

ႏုစီထုတ္သမွ် ေၾကညာခ်က္၊ ေၾကာ္ျငာစာတမ္းမွန္သမွ် KNU, KNPP, CNF, ADSDF, PNFC တို ပါသည္ဟုသာ တထစ္ခ် မွတ္ၾကေလာ့။ အိုခီ

ဆိုစ္ – က်ဴးလိေပါင္ သတင္းစဥ္ (ေနျမင့္ေလ အ႐ူးရင့္ေလ၊ ၾကင္စိုးလစ္ေတာ့မေလ က႑)

ကြင်စိုးနဲ့ ခေါဘဏီကို ဈေးရှေ့မှာ ဖျာလိပ်နဲ့ပတ်၊ ရေခဲရေနဲ့ လောင်းရတော့မျယ်။

ကြားဖူးကြတယ် မဟုတ်လား။ ဝါးးး.. ကောင်းတော့ကောင်းဒယ် ဖျားများ ဖျားမလားမသိဘူးဆိုတဲ့ ဇာတ်လမ်း။ လူထူထူ ဈေးရှေ့မှာ အရူးစုံတွဲ သံဝါသ ဝိဝါဟ ဘာညာကွိကွ ဘွတ်စမန်ဟဲကြသတဲ့။

အရူးဒွေဆိုတော့ တားမရ ဆီးမရ သိုင်းကွက်အစုံထုတ်။ ယိုသူမရှက်၊ မြင်သူရှက်သူတချိုက ဖျာနဲ့အုပ်ထားတာတောင် “ ဒီလိုအခါပေါင်း ထောင်သောင်းမကတွေ့ပျစေ “ လုပ်နေလို ရေနဲ့ဝိုင်းလောင်း။

အက်တော့မှ “ ကောင်းတော့ကောင်းဒယ် ဖျားများဖျားမလား မသိပု “ တဲ့။ အရူးဒွေပါဆို။

အခုလည်း ဘာထူး။ ဗိုလ်ရူးခံပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပတယ်။ လိပ်ထီးကြီးစီး ဆင်းလာတဲ့ စစ်သာမီးခမျာ့ အောက်ရောက်မှ မှောက်ရက်လဲ ဟက်တက်ကွဲ။ လက်ခုပ်လက်ဝါးတီးပြီး ကြင်စိုးမောင်နှံအားပေးနေချိန် တချိုတွေက မပြုံးဘဲဝါးလုံးကွဲရီ။ သောက်ရှက်တွေ ဗျန်းဗျန်းကွဲရော

ဂျိုးဖြူရှာမရလို ခိုတွေကို ယူပီဂျီအဖြူသုတ်။ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် လွှတ်သေးတာဆိုပဲ။ ကြင်စိုးရူးချက်က တိရိစ္ဆာန်လဲ မနေရ။ အတောင်တွေလေးပြီး လူအုပ်ကြားထဲ ပြန်ပြုတ်ကျတော့ ဟာသတွေကိုဖြစ်လို။ ဂျိုးဖြူလိုချင်တာများကွာ ရှောင်ကြီးကို ဗိုလ်ရူးခံပွဲပြီးတဲ့အထိ ထိန်းထားရောပေါ့

ပေးထားတဲ့လွတ်ငြိမ်း အခုမှပြန်ဖျက် တော့ ကိုယ်ရူးတာလူသိတာပဲ အဖတ်တင်တယ်။ ရှောင်ကြီးက ပြန်မလာဒေါ့ဘူးကွယ်-သောက်ရူးရယ်တဲ့။ ဂျိုးဖြူလိုချင် ခေါမူကျိကိုယ်တိုင် အော်ဇီလာယူပါတဲ့ အဟက်ဟက်

“သီရိဘာမော မသာမ၊ လဇိအစစ် သူရှာမရ၊ စလောင်း လင်ကွင်းတီးနေကျ” ဘွဲတော်ခံ နံပြားဖိုပိုင်ရှင်ကလည်း တမျိုး ကြင်စိုးပေးသနားတော်မူတဲ့ စလွယ်ကြီး တကားကာားနဲ့။ မြင်ရသူအပေါင်း အောက်နှလုံးတွေကို နာလို။ ရွာတည်တာ အရူးတယောက်ပါရင် တော်ရောပေါ့။ အခုတော့ တဖွဲလုံးအရူးဒွေ။ ဘန်နီကြိုးနဲ့ နိုဆီဗူးတွေ သီပြီး လွယ်ကြရမှာ

ဗျာ… မနေနဲ့။ မင့်လဲ ပါဒယ် အောင်မှေး

ကဲ အရူးဋီကာ ဒမှာတင်ရပ်ပြီး ဒိုရွာအကြောင်း ပြောမယ်

တလောက ထုတ်ပြန်တဲ့ နျူးယားစတိတ်မန့်မှာ ERO တွေလည်း မပါဘူးလို တချိုတွေ အားမရတာကြားမိတယ်။အထူးသဖြင့် ကေနုမပါလိုတဲ့။ အာ့ မမှန်ဘူး။ ကေနုက နုစီရဲ့အဖွဲဝင်။ သူတင်မက KNPP, CNF, ABSDF, PNFC တိုလည်း နုစီရဲ့အဖွဲဝင်တွေလို ကြားမိတယ်

ဆိုတော့ကာ…

နုစီထုတ်သမျှ ကြေညာချက်၊ ကြော်ငြာစာတမ်းမှန်သမျှ KNU, KNPP, CNF, ADSDF, PNFC တို ပါသည်ဟုသာ တထစ်ချ မှတ်ကြလော့။ အိုခီ

ဆိုစ် – ကျူးလိပေါင် သတင်းစဉ် (နေမြင့်လေ အရူးရင့်လေ၊ ကြင်စိုးလစ်တော့မလေ ကဏ္ဍ)

 

Leave a Reply

Your email address will not be published. Required fields are marked *