ဇန်နဝါရီ ၁၀
လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ် နေပြီလို့ နစက ဥက္ကဌပြော
ဇန်နဝါရီ ၁၀
လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ် နေပြီလို့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်
ယင်းက “နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုမရှိပါက ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲသာဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်ပါတယ်
ထို့ကြောင့် လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ် နေပြီဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါတယ်” လို့ ယနေ့ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ထည့်သွင်း
ပြောကြားထားတာပါငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး နိုင်ငံတော်အကျိုးအတွက်ဆိုသည့် တူညီသော စိတ်ဆန္ဒများ ရှိရန်လိုအပ်တယ်လို့လည်းယင်းက ထပ်မံ ပြောပါတယ်