မဲစာရင္းလိုက္ေကာက္တဲ့ အဖြဲ႕ေတြကို အေရးယူမယ္လို႔ NUG သတိေပး

People’s Spring

စစ္ေကာင္စီေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းလိုက္လံေကာက္ယူေပးေနတဲ့ စစ္ေကာင္စီလက္ေအာက္ခံအဖြဲ႕ေတြကို အၾကမ္ဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ ျပင္းျပင္းထန္ထန္ တရားစြဲအေရးယူမယ္လို႔ NUG အစိုးရရဲ႕ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္သတိေပးလိုက္ပါတယ္

ေျမျပင္လူဦးေရစာရင္းေကာက္ယူႏိုင္ဖို႔အတြက္ပါဝင္ ေဆာင္႐ြက္ေနတဲ့ စစ္ေကာင္စီရဲ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ ၊ လဝကနဲ႔ စစ္ေကာင္စီေဒါက္တိုင္ေတြကို အေရးယူမယ္လို႔ NUG ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ မေန႔က ရက္စြဲနဲ႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္

ရန္ကုန္အပါအဝင္ တိုင္းနဲ႔ျပည္နယ္အခ်ိဳ႕မွာ စစ္ေကာင္စီဟာေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ ေရွ႕ေျပးအႀကိဳမဲစာရင္းအျဖစ္ လူဦးေရ စာရင္း ေကာက္ယူတာေတြကို မေန႔က ဇန္နဝါရီလ ၉ ရက္စတင္ၿပီးေကာက္ယူေနတာပါ

ရန္ကုန္ၿမိဳ႕တြင္းမွာ ေကာက္ယူရာမွာေတာ့ ရပ္ကြက္႐ုံးလို ေနရာမွာ ေထြအုပ္ ၊ လဝက ဌာနဆိုင္ရာေတြထံ ျပည္သူေတြက စာရင္းသြားေပးသြင္းရတာေတြ႕ရပါတယ္

မႏၲေလးက အခ်ိဳ႕ေနရာေတြမွာ စစ္ေကာင္စီက လူဦးေရ စာရင္းေကာက္ယူတယ္လို႔ မေၾကညာဘဲ မွတ္ပုံတင္မရွိသူေတြ ၊ အိမ္ေထာင္စုစာရင္းမရွိသူေတြကို မွတ္ပုံတင္ ၊အိမ္ေထာင္စုစာရင္းလုပ္ေပးဖို႔ ရပ္ကြက္႐ုံးထံစာရင္းေပးၾကဖို႔ လိုက္လံေၾကညာတာေတြရွိတယ္လို႔ ေဒသခံတစ္ဦးက ေျပာျပပါတယ္

လူဦးေရစာရင္းလိုက္လံေကာက္ယူရာမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ၊ ရဲတပ္ဖြဲ႕ဝင္ေတြ လုံၿခဳံေရး ယူေပးတာကို ဓာတ္ပုံမွတ္တမ္းေတြအရ ေတြ႕ရပါတယ္

မေန႔က တနသၤာရီတိုင္း ၊ေလာင္းလုံးၿမိဳ႕နယ္ထဲ စာရင္းလိုက္ေကာက္တဲ့အဖြဲ႕ ကို လိုက္လံလုံၿခဳံေရးယူေပးတဲ့ ဒုရဲအုပ္ဟာ ပစ္သတ္ခံလိုက္ရပါေသးတယ္

NGU၊ ေတာ္လွန္ေရးအဖြဲ႕ေတြနဲ႔ အင္အားေကာင္းတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕က စစ္ေကာင္စီရဲ႕ ေ႐ြးေကာက္ပြဲ ကိုလက္မခံေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲမျဖစ္ေအာင္ တားျမစ္သြားမယ္လို႔တရားဝင္ ထုတ္ေျပာထားၾကပါတယ္

ဒါအျပင္ လူထုအေနနဲ႔ စစ္ေကာင္စီေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ မပူးေပါင္းၾကဖို႔လည္းတိုက္တြန္းထားၾကပါတယ္

ရန္ကုန္ၿမိဳ႕ ၊ေက်ာက္တံတားၿမိဳ႕နယ္ထဲ လူဦးေရစာရင္းေကာက္ယူေနပုံ

မဲစာရင္းလိုက္ေကာကၱဲ့ အၿဖဲ႕ေၾတကို ေအရးယူမယႅိဳ႕ NUG သတိေပး

People’s Spring

မဲစာရင်းလိုက်ကောက်တဲ့ အဖွဲ့တွေကို အရေးယူမယ်လို့ NUG သတိပေး

People’s Spring

စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေစာရင်းလိုက်လံကောက်ယူပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကို အကြမ်ဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲအရေးယူမယ်လို့ NUG အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလိုက်ပါတယ်

မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ဖို့အတွက်ပါဝင် ဆောင်ရွက်နေတဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့တွေ ၊ လဝကနဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို အရေးယူမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မနေ့က ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှေ့ပြေးအကြိုမဲစာရင်းအဖြစ် လူဦးရေ စာရင်း ကောက်ယူတာတွေကို မနေ့က ဇန်နဝါရီလ ၉ ရက်စတင်ပြီးကောက်ယူနေတာပါ

ရန်ကုန်မြို့တွင်းမှာ ကောက်ယူရာမှာတော့ ရပ်ကွက်ရုံးလို နေရာမှာ ထွေအုပ် ၊ လဝက ဌာနဆိုင်ရာတွေထံ ပြည်သူတွေက စာရင်းသွားပေးသွင်းရတာတွေ့ရပါတယ်

မန္တလေးက အချို့နေရာတွေမှာ စစ်ကောင်စီက လူဦးရေ စာရင်းကောက်ယူတယ်လို့ မကြေညာဘဲ မှတ်ပုံတင်မရှိသူတွေ ၊ အိမ်ထောင်စုစာရင်းမရှိသူတွေကို မှတ်ပုံတင် ၊အိမ်ထောင်စုစာရင်းလုပ်ပေးဖို့ ရပ်ကွက်ရုံးထံစာရင်းပေးကြဖို့ လိုက်လံကြေညာတာတွေရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်

လူဦးရေစာရင်းလိုက်လံကောက်ယူရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူပေးတာကို ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်

မနေ့က တနင်္သာရီတိုင်း ၊လောင်းလုံးမြို့နယ်ထဲ စာရင်းလိုက်ကောက်တဲ့အဖွဲ့ ကို လိုက်လံလုံခြုံရေးယူပေးတဲ့ ဒုရဲအုပ်ဟာ ပစ်သတ်ခံလိုက်ရပါသေးတယ်

NGU၊ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကိုလက်မခံကြောင်းနဲ့ ရွေးကောက်ပွဲမဖြစ်အောင် တားမြစ်သွားမယ်လို့တရားဝင် ထုတ်ပြောထားကြပါတယ်

ဒါအပြင် လူထုအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပူးပေါင်းကြဖို့လည်းတိုက်တွန်းထားကြပါတယ်

ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်ထဲ လူဦးရေစာရင်းကောက်ယူနေပုံ

မဲစာရင္းလိုက္ေကာက္တဲ့ အဖြဲ႕ေတြကို အေရးယူမယ္လို႔ NUG သတိေပး

People’s Spring

 

Leave a Reply

Your email address will not be published. Required fields are marked *