အတိုက္အခံေတြရဲ႕ ပိုင္ဆိုင္မႈပစၥည္းေတြကို သိမ္းယူမယ္လို႔ ကေမာၻဒီးယားအာဏာရွင္ ဟြန္ဆမ္ ၿခိမ္းေျခာက္

ဧရာဝတီတိုင္းမ္

ဇန္နဝါရီလ ၁၀ ရက္

သူနဲ႔ အာဏာရပါတီကို ၿပီးခဲ့တဲ့ႏွစ္ ေ႐ြးေကာက္ပြဲမွာ မဲခိုးတယ္လို႔ စြပ္စြဲခဲ့တဲ့ အတိုက္အခံ Candlelight ပါ တီဝင္ေတြနဲ႔ အျခားသူေတြရဲ႕ ပိုင္ဆိုင္မႈပစၥည္းေတြကို သိမ္းယူမယ္လို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆမ္က ထပ္ မံၿခိမ္းေျခာက္လိုက္ပါတယ္

ကေမာၻဒီးယားႏိုင္ငံကို ၁၉၈၅ ခုႏွစ္ကတည္းက အုပ္ခ်ဳပ္ေနတဲ့ ဟြန္ဆမ္က Candlelight ပါတီ အႀကံေပး ေကာင္ကိုအန္ကို ရည္စူးကာ ကမ္ေပါင္ခ်မ္ျပည္နယ္ရွိ အမွတ္ ၇ လမ္းမႀကီး ဖြင့္လွစ္ပြဲအခမ္းအနားမွာ အခုလို ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္

Candlelight ပါတီက ၿပီးခဲ့တဲ့ႏွစ္ ဇြန္လမွာျပဳလုပ္တဲ့ ေဒသႏၲရေ႐ြးေကာက္ပြဲမွာ ဆႏၵမဲ ၁၉ ရာခိုင္ႏႈန္းဝန္း က်င္ ရရွိခဲ့ၿပီး ဟြန္ဆမ္ရဲ႕ အာဏာရ ျပည္သူ႔ပါတီက အမတ္ေနရာ ၈၀ ရာခိုင္ႏႈန္းဝန္းက်င္ အႏိုင္ရရွိခဲ့ပါတယ္

“သူခိုးေတြလို႔ စြပ္စြဲတာကို ကြၽန္ေတာ္တို႔ လက္သင့္မခံပါဘူး ေ႐ြးေကာက္ပြဲၿပီးရင္ ဆႏၵျပခြင့္ျပဳတဲ့ ယဥ္ ေက်းမႈကို ကြၽန္ေတာ္တို႔ အဆုံးသတ္ရမယ္လို႔ ေျပာခ်င္ပါတယ္ CPP က မဲလိမ္လည္တယ္ဆိုတဲ့စကားလုံးကို လက္မခံႏိုင္ပါဘူး” ဟြန္ဆမ္က ေျပာပါတယ္

ဖခင္ျဖစ္သူကို ၿခိမ္းေျခာက္တဲ့ ဟြန္ဆမ္ရဲ႕မွတ္ခ်က္စကားဟာ အတိုက္အခံပါတီေတြၾကား အေၾကာက္ တရား သြတ္သြင္းဖို႔ရည္႐ြယ္တယ္လို႔ Candlelight ပါတီ အႀကီးတန္းတာဝန္ရွိသူ ေကာင္ကိုအန္ရဲ႕သားျဖစ္သူ ေကာင္မိုနီကာက ေျပာပါတယ္

“အစိုးရနဲ႔ အာဏာရပါတီကို ေဝဖန္မႈေတြမလုပ္ႏိုင္ေအာင္ ၿခိမ္းေျခာက္တာေတြ၊ အက်ပ္ကိုင္တာေတြ၊ ပိုင္ဆိုင္မႈေတြသိမ္းဆည္းတာဟာ ညစ္ပတ္နဲ႔နည္းလမ္းေတြျဖစ္ပါတယ္” လို႔ သူက ဆိုပါတယ္

ဉပေဒပိုင္းအရ ၿခိမ္းေျခာက္တာေတြဟာ ဇူလိုင္လ ၂၃ ရက္မွာျပဳလုပ္မယ့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြ မစတင္မီ ႏိုင္ငံေရးအေျခအေနကို ပိုဆိုးလာေစမယ္လို႔ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ျပည္သူေတြက ေျပာပါတယ္

“ဟြန္ဆမ္ဟာ အတိုက္အခံေတြကို တရားစြဲဆိုဖို႔ ဉပေဒကို လက္နက္တစ္ခုသဖြယ္ အသုံးျပဳေနတဲ့ အာ ဏာရွင္တစ္ေယာက္ ျဖစ္လာပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဟြန္ဆမ္ဟာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြး ေကာက္ပြဲမွာ ရႈံးနိမ့္မွာကို ေၾကာက္႐ြံ႕ေနပါတယ္” လို႔ အတိုက္အခံ လႊတ္ေတာ္အမတ္ေဟာင္း အြမ္ဆမ္က ေျပာပါ တယ္

“ဟြန္ဆမ္ဟာ သားျဖစ္သူ ဟြန္မာနက္ထံကို အာဏာလႊဲေျပာင္းေပးမႈ မေအာင္ျမင္မွာကို ေၾကာက္႐ြံ႕ေန ပါတယ္” လို႔ သူက ဆိုပါတယ္

သားျဖစ္သူကို ဝန္ႀကီးခ်ဳပ္ရာထူး ဆက္ခံဖို႔ လုပ္ေဆာင္ေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို ဟြန္ဆမ္က အႀကိမ္ႀကိမ္ ပယ္ခ်ခဲ့ေပမယ့္ ဟြန္မာနက္ဟာ ဖခင္ျဖစ္သူ ဝန္ႀကီးခ်ဳပ္တာဝန္ မထမ္းေဆာင္ေတာ့ခ်ိန္မွာ ရာထူး ေနရာဆက္ဆံမွာကို ကေမာၻဒီးယားျပည္သူအမ်ားစုက စိုးရိမ္ေနပါတယ္

ကိုးကား – RFA

အတိုက်အခံတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းယူမယ်လို့ ကမ္ဘောဒီးယားအာဏာရှင် ဟွန်ဆမ် ခြိမ်းခြောက်

ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၁၀ ရက်

သူနဲ့ အာဏာရပါတီကို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ မဲခိုးတယ်လို့ စွပ်စွဲခဲ့တဲ့ အတိုက်အခံ Candlelight ပါ တီဝင်တွေနဲ့ အခြားသူတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းယူမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ထပ် မံခြိမ်းခြောက်လိုက်ပါတယ်

ကမ္ဘောဒီးယားနိုင်ငံကို ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်နေတဲ့ ဟွန်ဆမ်က Candlelight ပါတီ အကြံပေး ကောင်ကိုအန်ကို ရည်စူးကာ ကမ်ပေါင်ချမ်ပြည်နယ်ရှိ အမှတ် ၇ လမ်းမကြီး ဖွင့်လှစ်ပွဲအခမ်းအနားမှာ အခုလို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်

Candlelight ပါတီက ပြီးခဲ့တဲ့နှစ် ဇွန်လမှာပြုလုပ်တဲ့ ဒေသန္တရရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁၉ ရာခိုင်နှုန်းဝန်း ကျင် ရရှိခဲ့ပြီး ဟွန်ဆမ်ရဲ့ အာဏာရ ပြည်သူ့ပါတီက အမတ်နေရာ ၈၀ ရာခိုင်နှုန်းဝန်းကျင် အနိုင်ရရှိခဲ့ပါတယ်

“သူခိုးတွေလို့ စွပ်စွဲတာကို ကျွန်တော်တို့ လက်သင့်မခံပါဘူး ရွေးကောက်ပွဲပြီးရင် ဆန္ဒပြခွင့်ပြုတဲ့ ယဉ် ကျေးမှုကို ကျွန်တော်တို့ အဆုံးသတ်ရမယ်လို့ ပြောချင်ပါတယ် CPP က မဲလိမ်လည်တယ်ဆိုတဲ့စကားလုံးကို လက်မခံနိုင်ပါဘူး” ဟွန်ဆမ်က ပြောပါတယ်

ဖခင်ဖြစ်သူကို ခြိမ်းခြောက်တဲ့ ဟွန်ဆမ်ရဲ့မှတ်ချက်စကားဟာ အတိုက်အခံပါတီတွေကြား အကြောက် တရား သွတ်သွင်းဖို့ရည်ရွယ်တယ်လို့ Candlelight ပါတီ အကြီးတန်းတာဝန်ရှိသူ ကောင်ကိုအန်ရဲ့သားဖြစ်သူ ကောင်မိုနီကာက ပြောပါတယ်

“အစိုးရနဲ့ အာဏာရပါတီကို ဝေဖန်မှုတွေမလုပ်နိုင်အောင် ခြိမ်းခြောက်တာတွေ၊ အကျပ်ကိုင်တာတွေ၊ ပိုင်ဆိုင်မှုတွေသိမ်းဆည်းတာဟာ ညစ်ပတ်နဲ့နည်းလမ်းတွေဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်

ဉပဒေပိုင်းအရ ခြိမ်းခြောက်တာတွေဟာ ဇူလိုင်လ ၂၃ ရက်မှာပြုလုပ်မယ့် လွှတ်တော်ရွေးကောက်ပွဲတွေ မစတင်မီ နိုင်ငံရေးအခြေအနေကို ပိုဆိုးလာစေမယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေက ပြောပါတယ်

“ဟွန်ဆမ်ဟာ အတိုက်အခံတွေကို တရားစွဲဆိုဖို့ ဉပဒေကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေတဲ့ အာ ဏာရှင်တစ်ယောက် ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟွန်ဆမ်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲမှာ ရှုံးနိမ့်မှာကို ကြောက်ရွံ့နေပါတယ်” လို့ အတိုက်အခံ လွှတ်တော်အမတ်ဟောင်း အွမ်ဆမ်က ပြောပါ တယ်

“ဟွန်ဆမ်ဟာ သားဖြစ်သူ ဟွန်မာနက်ထံကို အာဏာလွှဲပြောင်းပေးမှု မအောင်မြင်မှာကို ကြောက်ရွံ့နေ ပါတယ်” လို့ သူက ဆိုပါတယ်

သားဖြစ်သူကို ဝန်ကြီးချုပ်ရာထူး ဆက်ခံဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ဟွန်ဆမ်က အကြိမ်ကြိမ် ပယ်ချခဲ့ပေမယ့် ဟွန်မာနက်ဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်တာဝန် မထမ်းဆောင်တော့ချိန်မှာ ရာထူး နေရာဆက်ဆံမှာကို ကမ္ဘောဒီးယားပြည်သူအများစုက စိုးရိမ်နေပါတယ်

ကိုးကား – RFA

 

Leave a Reply

Your email address will not be published. Required fields are marked *