CDF – Hakha ကြ-မ်းပြီလေ !




ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၉ ရက်




Ayeyarwaddy_Times

CDF – Hakha ကြ-မ်းပြီလေ !

စစ်ကောင်စီ ရွေးကောက်ပွဲကို CDF-Hakha Council အနေဖြင့် လုံးဝကန့်ကွက်ပြီး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ကျင်းပခွင့်ပေးမည်မဟုတ်လို့CDF-Hakha မှ ထုတ်ပြန်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်မြှောက်ရေးအတွက် ပါဝင်ဆောင်ရွက်သောရုံးနှင့်လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်သော ပါတီများနဲ့လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြ-စ်မဲ့ပြည်သူများကို သ-တ်ဖြ-တ်နေသော အာဏာသိမ်းစစ်တပ်နှင့် အတူ ပြည်သူလူထု၏ ရ-န်သူအဖြစ် သ-တ်မှတ်ကာ ပြ-င်းပြ-င်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်လို့ဧရာဝတီတိုင်းမ်မှာ ဖော်ပြတယ်

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဟားခါးမြို့နယ်အတွင်း ကျင်းပခွင့်ပေးမည်မဟုတ်ကြောင်း CDF-Hakha ထုတ်ပြန်၊ ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဟုဆို

ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၉ ရက်

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို CDF-Hakha Council အနေဖြင့် လုံးဝကန့်ကွက်ပြီး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ကျင်းပခွင့်ပေးမည်မဟုတ်ကြောင်း CDF-Hakha မှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဖြစ်မြှောက်ရေး အတွက် ပါဝင်ဆောင်ရွက်သောရုံးနှင့်လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်သော ပါတီနှင့်လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်နေသော အာဏာသိမ်းစစ်တပ်နှင့် အတူ ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်

CDF – Hakha အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်မှုတစ်စုံတစ်ရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ၎င်းရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူများကို ကြိုတင်အသိပေးထုတ်ပြန်ထားသည်

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *