ေလာင္းလုံးတြင္ ေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းလိုက္လံေကာက္ယူေနသည့္ စစ္ေကာင္စီ လက္ေအာက္ခံမ်ား ေသနတ္နဲ႔ ပစ္ခတ္ခံရလို႔ ရဲ ၁ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရ

ဧရာဝတီတိုင္းမ္

(ေလာင္းလုံး)၊ ဇန္နဝါရီလ ၉ ရက္

တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ ေလာင္းလုံးၿမိဳ႕နယ္၊ ကေျမာကင္းေက်း႐ြာတြင္ ယေန႔ဇန္နဝါရီလ ၉ ရက္ နံနက္ ၁၀ နာရီဝန္းက်င္တြင္ ေ႐ြးေကာက္ပြဲအတြက္ အိမ္ေထာင္စုစာရင္းမ်ား လိုက္လံေကာက္ယူေနသည့္ စစ္ေကာင္စီလက္ေအာက္ခံအုပ္စုအား ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း Dawei Guerrilla Revolutionary Force အဖြဲ႕ထံမွ သိရသည္

စစ္ေကာင္စီ၏ တရားမဝင္ေ႐ြးေကာင္ပြဲအတြက္ မဲစာရင္းမ်ားလိုက္လံေကာက္ယူေနသည့္ ကေျမာကင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံအဖြဲ႕ႏွင့္ လက္နက္ကိုင္ရဲတပ္ဖြဲ႕ဝင္ ၂ ဦးအပါအဝင္ ၉ ဦးအားပစ္ခတ္ခဲ့ရာတြင္ ရဲတပ္ဖြဲ႕ဝင္ ၁ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရွိခဲ့ေၾကာင္း သိရသည္

“အခုပစ္ခတ္ခဲ့တဲ့အဖြဲ႕က ကေျမာကင္းေက်း႐ြာကအုပ္ခ်ဳပ္ေရးမႉး႐ုံးကစာရင္းလိုက္ေကာက္ေနတဲ့အဖြဲ႕၊ သူတို႔ကိုလုံၿခဳံေရးယူေပးတဲ့ လက္နက္ကိုင္ ရဲ၂ ေယာက္ကို ပစ္ခတ္ခဲ့တာ၊ ေသသြားတဲ့တေယာက္က ေမာင္းမကန္ရဲစခန္းကလို႔လဲၾကားတယ္၊

ကြၽန္ေတာ္တို႔ပစ္ခတ္မႈၿပီးေတာ့ တျခား႐ြာေတြမွာ စာရင္းေကာက္ယူေနတာေတြလည္း ရပ္လိုက္တယ္လို႔ၾကားတယ္။” ဟု Dawei Guerrilla Revolutionary Forceတာဝန္ရွိသူမွ ဧရာဝတီတိုင္းမ္ကို ေျပာသည္

ပစ္ခတ္မႈအတြင္း Ak 47 ေသနတ္တစ္လက္ႏွင့္ က်ည္အခ်ိဳ႕သိမ္းဆည္းရမိခဲ့ၿပီး စစ္ေကာင္စီလက္ေအာက္ခံမ်ား ပစ္ခတ္ခံရမႈေၾကာင့္ စစ္ေကာင္စီမွ ကေျမာကင္းတံတားအားနာရီအေတာ္ၾကာပိတ္ဆို႔၍ စစ္ေဆးခဲ့ေၾကာင္းလည္း သိရသည္

အဆိုပါတိုက္ခိုက္မႈကို DGRFႏွင့္ Launglone People Defense Force – LLPDFတို႔ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေနမႈမ်ားကိုDGRF ပူးေပါင္းတပ္ဖြဲ႕မွ လက္ပိုက္ၾကည့္ေနမည္မဟုတ္ေၾကာင္း သတိေပးထုတ္ျပန္ထားပါသည္

Ayeyarwaddy_Times

လောင်းလုံးတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းလိုက်လံကောက်ယူနေသည့် စစ်ကောင်စီ လက်အောက်ခံများ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ဧရာဝတီတိုင်းမ်

(လောင်းလုံး)၊ ဇန်နဝါရီလ ၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာတွင် ယနေ့ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူနေသည့် စစ်ကောင်စီလက်အောက်ခံအုပ်စုအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force အဖွဲ့ထံမှ သိရသည်

စစ်ကောင်စီ၏ တရားမဝင်ရွေးကောင်ပွဲအတွက် မဲစာရင်းများလိုက်လံကောက်ယူနေသည့် ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံအဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၉ ဦးအားပစ်ခတ်ခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်

“အခုပစ်ခတ်ခဲ့တဲ့အဖွဲ့က ကမြောကင်းကျေးရွာကအုပ်ချုပ်ရေးမှူးရုံးကစာရင်းလိုက်ကောက်နေတဲ့အဖွဲ့၊ သူတို့ကိုလုံခြုံရေးယူပေးတဲ့ လက်နက်ကိုင် ရဲ၂ ယောက်ကို ပစ်ခတ်ခဲ့တာ၊ သေသွားတဲ့တယောက်က မောင်းမကန်ရဲစခန်းကလို့လဲကြားတယ်၊

ကျွန်တော်တို့ပစ်ခတ်မှုပြီးတော့ တခြားရွာတွေမှာ စာရင်းကောက်ယူနေတာတွေလည်း ရပ်လိုက်တယ်လို့ကြားတယ်။” ဟု Dawei Guerrilla Revolutionary Forceတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်

ပစ်ခတ်မှုအတွင်း Ak 47 သေနတ်တစ်လက်နှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီမှ ကမြောကင်းတံတားအားနာရီအတော်ကြာပိတ်ဆို့၍ စစ်ဆေးခဲ့ကြောင်းလည်း သိရသည်

အဆိုပါတိုက်ခိုက်မှုကို DGRFနှင့် Launglone People Defense Force – LLPDFတို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကိုDGRF ပူးပေါင်းတပ်ဖွဲ့မှ လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း သတိပေးထုတ်ပြန်ထားပါသည်

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *