စစ္ေကာင္စီတပ္သားေတြ ဘယ္ေျပးလို႔ ေျပးရမွန္းမသိေအာင္ ဒ႐ုန္းနဲ႔ ဗုံးက်ဲခဲ့တဲ့ ကယားကဒ႐ုန္းတပ္ဖြဲ႕
ဇန္နဝါရီ ၉၊ The Nation Voice
ကရင္နီျပည္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေသးဆူလဲေက်း႐ြာအတြင္းမွာ တပ္စြဲၿပီး ျပည္သူ႔ေနအိမ္ေတြကို ဖ်က္ဆီးကာ ဓားျပတိုက္တာ၊ မီးရႈိ႕ဖ်က္ဆီးတာေတြ က်ဴးလြန္ေနတဲ့ အၾကမ္းဖက္စစ္တပ္ကို ျပည္သူ႔ကာကြယ္ေရးတပ္ (လြိဳင္ေကာ္) နဲ႔ Falcon Wings တို႔ ပူးေပါင္းကာ ေဝဟင္တိုက္ခိုက္မႈ မ်ား ျပဳလုပ္ခဲ့ၾကတယ္လို႔္ ထုတ္ျပန္ပါတယ္
တိုက္ခိုက္ေရးအစီအစဥ္ေတြအျပင္ ကရင္နီျပည္ရွိ ပူးေပါင္းတပ္ေတြရဲ႕ စစ္ေၾကာင္းေတြဟာလည္း ေျမျပင္မွာ တိုက္ခိုက္ေနခဲ့ၿပီး လ ေပါင္းမ်ားစြာ ၾကာျမင့္ေအာင္ တပ္စြဲထားတဲ့ အၾကမ္းဖက္စစ္တပ္ကို အထိနာေစခဲ့တဲ့ တိုက္ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္
တိုက္ပြဲမွာ ပူးေပါင္းတပ္ေတြဘက္က ထိခိုက္ဒဏ္ရာရရွိမႈ အနည္းငယ္ရွိခဲ့ၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္ဘက္က ထိခိုက္ဒဏ္ရာရရွိမႈ ႀကီးမားခဲ့တယ္လို႔ ဆိုပါတယ္
အဆိုပါစစ္ဆင္ေရးေတြဟာ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာ (၁၈) ရက္၊ (၂၄) ရက္နဲ႔ (၂၈) ရက္တို႔မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြျဖစ္ၿပီး ေတာင္တန္းဂီတကရရွိတဲ့ ရန္ပုံေငြေတြနဲ႔ ျပဳလုပ္တဲ့ စစ္ေရးအစီအစဥ္ အစိတ္အပိုင္းတစ္ခုျဖစ္တယ္လို႔ PDF လြိဳင္ေကာ္က ထုတ္ျပန္ထားပါတယ္
စစ်ကောင်စီတပ်သားတွေ ဘယ်ပြေးလို့ ပြေးရမှန်းမသိအောင် ဒရုန်းနဲ့ ဗုံးကျဲခဲ့တဲ့ ကယားကဒရုန်းတပ်ဖွဲ့
ဇန်နဝါရီ ၉၊ The Nation Voice
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်းမှာ တပ်စွဲပြီး ပြည်သူ့နေအိမ်တွေကို ဖျက်ဆီးကာ ဓားပြတိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) နဲ့ Falcon Wings တို့ ပူးပေါင်းကာ ဝေဟင်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြတယ်လို့် ထုတ်ပြန်ပါတယ်
တိုက်ခိုက်ရေးအစီအစဉ်တွေအပြင် ကရင်နီပြည်ရှိ ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေဟာလည်း မြေပြင်မှာ တိုက်ခိုက်နေခဲ့ပြီး လ ပေါင်းများစွာ ကြာမြင့်အောင် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို အထိနာစေခဲ့တဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်
တိုက်ပွဲမှာ ပူးပေါင်းတပ်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှု ကြီးမားခဲ့တယ်လို့ ဆိုပါတယ်
အဆိုပါစစ်ဆင်ရေးတွေဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၁၈) ရက်၊ (၂၄) ရက်နဲ့ (၂၈) ရက်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပြီး တောင်တန်းဂီတကရရှိတဲ့ ရန်ပုံငွေတွေနဲ့ ပြုလုပ်တဲ့ စစ်ရေးအစီအစဉ် အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ PDF လွိုင်ကော်က ထုတ်ပြန်ထားပါတယ်