ေကာလင္း ပကဖ အဖြဲ႕ဝင္ အမ်ိဳးသမီး ရဲေဘာ္ ၂ ဦး မိုင္းသယ္လာစဥ္ စစ္တပ္ စစ္ေၾကာင္း ႏွင့္တိုးၿပီး အေသခံမိုင္းခြဲ တိုက္ပြဲဝင္သြား
ရန္ကုန္၊ ဇန္နဝါရီ ၉
စစ္ကိုင္းတိုင္း၊ ေကာလင္းၿမိဳ႕နယ္၊ မင္းတဲႀကီးရပ္ကြက္၊ ေကာလင္း-ဥကၠံလမ္းမ ႀကီးတြင္ ေကာလင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ရဲေဘာ္ အမ်ိဳး သမီး၂ ဦး လက္လုပ္မိုင္း သယ္လာစဥ္ အၾကမ္းဖက္စစ္တပ္ႏွင့္ ထိပ္တိုက္တိုးရာ အေသခံ မိုင္းခြဲတိုက္ခိုက္သြားေၾကာင္းKalawlin Revolution –KR က ရန္ကုန္ ေခတ္ သစ္ သတင္းဌာန ထံသို႔ အတည္ျပဳေျပာၾကားသည္
ဇန္နဝါရီလ ၇ ရက္ နံနက္ ၉ နာရီ ၁၅ မိနစ္ခန႔္က ေကာလင္းၿမိဳ႕ပတ္လည္ရွိ က်ိဳ႕ခုံ၊ ဝါး႐ုံခုံ႐ြာမွ ခ်မ္းသာ၊ မင္းတဲႀကီးရပ္ကြက္မ်ားသို႔ စစ္တပ္က စစ္ေၾကာင္း ထိုးဝင္ ေရာက္လာသျဖင့္ ေကာလင္းၿမိဳ႕ နယ္ ပကဖ အဖြဲ႕ဝင္ျဖစ္ သည့္ မစုစု ရည္ ႏွင့္ မႏွင္းဆီလႈိင္တို႔ သည္ မိုင္းေထာင္ရန္ ဆိုင္ကယ္ျဖင့္ သယ္လာစဥ္ စစ္တပ္၏ ေရွ႕ပြိဳင့္စစ္ေၾကာင္းႏွင့္ထိပ္တိုက္တိုးေၾကာင္း၊ စစ္တပ္၏ စစ္ေဆးမႈ ခံရစဥ္ အေသခံ မိုင္းခြဲတိုက္ခိုက္သြားျခင္းျဖစ္ ေၾကာင္း သိရသည္
“စစ္ေၾကာင္းေရွ႕က ေရာက္ဖို႔သြားေပမယ့္ တည့္တည္းတိုးတာ၊ ဆိုင္ကယ္ကို စစ္ေဆး ဖို႔လုပ္ေတာ့ ပါလာတဲ့ ရီမုမိုင္းကို အေသ ခံေဖာက္ခြဲသြားတာ၊ ေခြးေတြ ကေတာ့ ဒဏ္ရာရတယ္လို႔ၾကားတယ္၊ ေသမေသ အတိအက်ေတာ့မသိရဘူး။ ရဲေဘာ္ေတြရဲ႕ အေလာင္းေတြလည္း ျပန္မရဘူး၊ မေန႔က စစ္ေခြးေတြက သၿဂႋဳ လ္ လိုက္တယ္လို႔ပဲ သိရတယ္၊ ဘယ္ေနရာမွာ သၿဂႋဳလ္လိုက္လည္း ဆိုတာ မသိရဘူး။” ဟုKawlin Revolution – KR မွ တာဝန္ရွိသူတစ္ဦးက ရွင္းျပ သည္
အာဇာနည္သူရဲေကာင္းအျဖစ္ က်ဆုံးသူ အသက္ ၄၅ ႏွစ္အ႐ြယ္ မစုစုရည္သည္ ေကာလင္းၿမိဳ႕ဇာတိျဖစ္ၿပီး ကြမ္းယာေရာင္းသူျဖစ္ေၾကာင္း၊ အသက္ ၂၀ အ႐ြယ္ မႏွင္းဆီလႈိင္သည္လည္း သာမန္အရပ္သူပင္ ျဖစ္ေၾကာင္း သိရသည္
မေန႔က မစုစုရည္ရဲ႕ေနအိမ္ကို စစ္ေခြးေတြက ဖ်က္ဆီးၿပီး ခ်ိတ္ပိတ္ သြား တယ္၊ မစုစုရည္မွာက အသက္ ၇၀ အ႐ြယ္ အေမအိုတစ္ေယာက္နဲ႔ အသက္ ၂၀ အ႐ြယ္သားတစ္ေယာက္လည္း က်န္ခဲ့တယ္ မႏွင္းဆီလႈိင္ အေၾကာင္းကေတာ့ သူ႔မိသားစုဝင္ေတြက ေျပာမျပေစခ်င္တဲ့အတြက္ ေျပာျပ လို႔မရဘူး”ဟု Kawlin
Revolution –KR မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္ဓာတ္ပုံ- စစ္တပ္စစ္ေၾကာင္းကို အေသခံ မိုင္းခြဲၿပီး အာဇာနည္ သူရဲေကာင္း အျဖစ္ က်ဆုံးသူ ေကာလင္းပကဖ ရဲေဘာ္ မစုစုရည္
ကောလင်း ပကဖ အဖွဲ့ဝင် အမျိုးသမီး ရဲဘော် ၂ ဦး မိုင်းသယ်လာစဉ် စစ်တပ် စစ်ကြောင်း နှင့်တိုးပြီး အသေခံမိုင်းခွဲ တိုက်ပွဲဝင်သွား
ရန်ကုန်၊ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မင်းတဲကြီးရပ်ကွက်၊ ကောလင်း-ဥက္ကံလမ်းမ ကြီးတွင် ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် အမျိုး သမီး၂ ဦး လက်လုပ်မိုင်း သယ်လာစဉ် အကြမ်းဖက်စစ်တပ်နှင့် ထိပ်တိုက်တိုးရာ အသေခံ မိုင်းခွဲတိုက်ခိုက်သွားကြောင်းKalawlin Revolution –KR က ရန်ကုန် ခေတ် သစ် သတင်းဌာန ထံသို့ အတည်ပြုပြောကြားသည်
ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကောလင်းမြို့ပတ်လည်ရှိ ကျို့ခုံ၊ ဝါးရုံခုံရွာမှ ချမ်းသာ၊ မင်းတဲကြီးရပ်ကွက်များသို့ စစ်တပ်က စစ်ကြောင်း ထိုးဝင် ရောက်လာသဖြင့် ကောလင်းမြို့ နယ် ပကဖ အဖွဲ့ဝင်ဖြစ် သည့် မစုစု ရည် နှင့် မနှင်းဆီလှိုင်တို့ သည် မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့် သယ်လာစဉ် စစ်တပ်၏ ရှေ့ပွိုင့်စစ်ကြောင်းနှင့်ထိပ်တိုက်တိုးကြောင်း၊ စစ်တပ်၏ စစ်ဆေးမှု ခံရစဉ် အသေခံ မိုင်းခွဲတိုက်ခိုက်သွားခြင်းဖြစ် ကြောင်း သိရသည်
“စစ်ကြောင်းရှေ့က ရောက်ဖို့သွားပေမယ့် တည့်တည်းတိုးတာ၊ ဆိုင်ကယ်ကို စစ်ဆေး ဖို့လုပ်တော့ ပါလာတဲ့ ရီမုမိုင်းကို အသေ ခံဖောက်ခွဲသွားတာ၊ ခွေးတွေ ကတော့ ဒဏ်ရာရတယ်လို့ကြားတယ်၊ သေမသေ အတိအကျတော့မသိရဘူး။ ရဲဘော်တွေရဲ့ အလောင်းတွေလည်း ပြန်မရဘူး၊ မနေ့က စစ်ခွေးတွေက သင်္ဂြို လ် လိုက်တယ်လို့ပဲ သိရတယ်၊ ဘယ်နေရာမှာ သင်္ဂြိုလ်လိုက်လည်း ဆိုတာ မသိရဘူး။” ဟုKawlin Revolution – KR မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြ သည်
အာဇာနည်သူရဲကောင်းအဖြစ် ကျဆုံးသူ အသက် ၄၅ နှစ်အရွယ် မစုစုရည်သည် ကောလင်းမြို့ဇာတိဖြစ်ပြီး ကွမ်းယာရောင်းသူဖြစ်ကြောင်း၊ အသက် ၂၀ အရွယ် မနှင်းဆီလှိုင်သည်လည်း သာမန်အရပ်သူပင် ဖြစ်ကြောင်း သိရသည်
မနေ့က မစုစုရည်ရဲ့နေအိမ်ကို စစ်ခွေးတွေက ဖျက်ဆီးပြီး ချိတ်ပိတ် သွား တယ်၊ မစုစုရည်မှာက အသက် ၇၀ အရွယ် အမေအိုတစ်ယောက်နဲ့ အသက် ၂၀ အရွယ်သားတစ်ယောက်လည်း ကျန်ခဲ့တယ် မနှင်းဆီလှိုင် အကြောင်းကတော့ သူ့မိသားစုဝင်တွေက ပြောမပြစေချင်တဲ့အတွက် ပြောပြ လို့မရဘူး”ဟု Kawlin
Revolution –KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်ဓာတ်ပုံ- စစ်တပ်စစ်ကြောင်းကို အသေခံ မိုင်းခွဲပြီး အာဇာနည် သူရဲကောင်း အဖြစ် ကျဆုံးသူ ကောလင်းပကဖ ရဲဘော် မစုစုရည်