
MFP၊ ဇနျနဝါရီ – ၉



အခွန်ကောက်ခံပုံကတော့ မော်တော်ယာဉ်တွေကို အဓိက ကောက်ခံခြင်းဖြစ်ကာ ပုလဲမြိုနယ်ထဲ ပကဖ၊ ပအဖတွေ ဦးဆောင်တဲ့ အခွန်ငွေ ကောက်ခံရေးဂိတ် ကိုးဂိတ် ဖွင့်လှစ်ထားပြီး ပထမဆုံး ဂိတ်တစ်ဂိတ်ကို ဖြတ်သန်းမယ်ဆိုရင် အဲဒီကနေ အခွန်ဆောင်ပြီးကြောင်း ချလန်ဖြတ်ပိုင်းကို ရရှိမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ဂိတ်တွေကို ဖြတ်သန်းမယ်ဆိုရင်တော့ အခွန်ထပ်ဆောင်စရာ မလိုဘဲ အဆိုပြါ ဖတ်ပိုင်းစာရွက်ကို ပြသလိုက်ရုံသာ ဖြစ်တယ်လို့ ဦးဇော်ထက်က ရှင်းပြပါတယ်



ပုလဲနယ်မှာ NUG က အခွန်ငွေ ကောက်ခံမှု ငါးလအတွင်း ကျပ်သိန်း(၄၆၀)ကျော် ရရှိ၊


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ လမ်းညွှန်မှုနဲ့ ဂိတ်ကိုးဂိတ် ဖွင့်လှစ်ပြီး အခွန်ကောက်ခံရာမှာ ၂၀၂၂ ဩဂုတ်ကနေ ဒီဇင်ဘာအထိ ငါးလတာအတွင်း ကျပ်သိန်းပေါင်း (၄၆၀)ကျော် ကောက်ခံ ရရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)က MFP ကို ပြောပါတယ်

ကောကခြံရရှိတဲ့ အခှနရြနပြုံငှကေို NUG က သတမြှတထြားတဲ့ မူဝါဒအတိုငြး NUG ဘဏျဍာခှနဝြနကြှီးဌာနကို (၃၀)ရာခိုငြးနှုနြး ပေးသှငြးရပှီး ပှညသြူ့အုပခြွုပရြေး (ပ.အ.ဖ)ရဲ့ လုပငြနြးစဉအြတှကြ (၃၀)ရာခိုငနြှုနြးနဲ့ ပှညသြူ့ကာကှယရြေး (ပ.က.ဖ) လုပငြနြးစဉအြတှကြ (၄၀)ရာခိုငနြှုနြး ခှဲ‌ဝပေေးခဲ့တယလြို့ ပုလဲနယြ ပ.အ.ဖ ဥကျကဌ ဦးဇောထြကကြ ပှောပါတယြ

အခွန်ကောက်ခံပုံကတော့ မော်တော်ယာဉ်တွေကို အဓိက ကောက်ခံခြင်းဖြစ်ကာ ပုလဲမြိုနယ်ထဲ ပကဖ၊ ပအဖတွေ ဦးဆောင်တဲ့ အခွန်ငွေ ကောက်ခံရေးဂိတ် ကိုးဂိတ် ဖွင့်လှစ်ထားပြီး ပထမဆုံး ဂိတ်တစ်ဂိတ်ကို ဖြတ်သန်းမယ်ဆိုရင် အဲဒီကနေ အခွန်ဆောင်ပြီးကြောင်း ချလန်ဖြတ်ပိုင်းကို ရရှိမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ဂိတ်တွေကို ဖြတ်သန်းမယ်ဆိုရင်တော့ အခွန်ထပ်ဆောင်စရာ မလိုဘဲ အဆိုပါြ ဖတ်ပိုင်းစာရွက်ကို ပြသလိုက်ရုံသာ ဖြစ်တယ်လို့ ဦးဇော်ထက်က ရှင်းပြပါတယ်

အခုလို ပုလဲမြို့နယ်အတွင်းမှာ ဂိတ်ကိုးဂိတ် ဖွင့်လှစ်ပြီး စနစ်တကျ အခွန်ကောက်ခံနိုင်ခြင်း မရှိစဉ်က ဖြတ်သန်းသွားလာတဲ့ ဂိတ်တိုင်းလိုလိုမှာ အခွန်ပေးဆောင်နေရတာကြောင့် ပြည်သူတွေဟာ (ပ.အ.ဖ) အဖွဲ့ကို တိုင်ကြားမှုတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီအခက်အခဲတွေ မရှိတော့ဘူးလို့ ဆိုပါတယ်

လက်ရှိ ပုလဲမြို့နယ်အတွင်း အခွန်ကောက်ခံပုံနဲ့ ရရှိလာတဲ့ အခွန်ရန်ပုံငွေတွေကို ခွဲ‌ဝေအသုံးချပုံ စတဲ့ အကြောင်းအရာ အပြည့်အစုံကို ပုလဲနယ် (ပ.အ.ဖ) ဉကဌ ဦးဇော်ထက်ကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *