ျမင္းမူမွာကင္းပုန္းဝပ္ေနတဲ့စစ္သားကိုစစ္ကားကတိုက္သတ္၊အခ်င္းခ်င္းပစ္ခတ္မႈလည္းျဖစ္

DeltaNewsAgency

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕မွာကင္းပုန္းဝပ္ေနတဲ့စစ္ေကာင္စီတပ္သားကိုျမင္းမူၿမိဳ႕ကေနထြက္လာတဲ့စစ္ကားတန္းကတိုက္သတ္ခဲ့သလိုစစ္ေကာင္စီတပ္သားအခ်င္းခ်င္းအျပန္အလွန္ပစ္ခတ္မႈလညိးျဖစ္ခဲ့တယ္လို႔ေဒသခံကာကြယ္ေရးအင္အားစုေတြကေျပာပါတယ္

ျမင္းမူၿမိဳ႕ကေနမုံ႐ြာဘက္သြားတဲ့စစ္ကားႏွစ္စီးကို ဒီကေန႔ ဇန္နဝါရီ(၉)ရက္ မနက္သုံးနာရီခြဲအခ်ိန္မွာ ပူးေပါင္းတပ္ဖြဲ႕ဝင္ေတြကမိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီးေနာက္ အဲ့ဒီလို ခ်င္းခ်င္းသတ္ျဖတ္မႈ ေတြျဖစ္ခဲ့တာလို႔ ဆိုပါတယ္

ေဒသကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ မိုင္းဆြဲတိုက္ခိုက္မႈႏွစ္ႀကိမ္မွာ စစ္ကားႏွစ္စီးထိခိုက္ၿပီး ထိခိုက္ ေသ ဆုံးမႈေတြရွိေနတဲ့အခ်ိန္ အဲ့ဒီေနရာနဲ႔ မလွမ္းမကမ္း မွာ ကင္းပုန္းဝပ္ေနတဲ့ စစ္သားေတြက ယာဥ္တန္းကို တားတာေၾကာင့္ တိုက္သတ္ခံရတာျဖစ္တယ္လို႔ People’s Army to Fight Dictatorshipကေခါင္း ေဆာင္ဗိုလ္ေတဇကေျပာပါတယ္

“စိတ္ဆိုးဆိုးနဲ႔ဒီကျဖစ္ပ်က္လာတာကိုတားရပါ့မ လားဆိုဝင္တိုက္ပစ္တာ၊အဲ့မွာတေယာက္ေသသြားၿပီးသူတို႔အခ်င္းခ်င္းအျပန္အလွန္ပစ္ၾကတယ္၊ေနာက္တေယာက္ထပ္ေသတယ္၊သူတို႔အခ်င္းခ်င္းျဖစ္တာကေတာ့ႏွစ္ေယာက္ေသတယ္”လို႔ သူကဆို ပါတယ္

စစ္ကိုင္း-မုံ႐ြာလမ္းပိုင္းတေလွ်ာက္ ၿမိဳ႕ေတြမွာ စစ္ေကာင္စီကို ေတာ္လွန္တိုက္ခိုက္ေနတဲ့ေဒသကာ ကြယ္ေရးတပ္ဖြဲ႕ေတြ ရွိေနၿပီး အဲ့ဒီလမ္းတေလွ်ာက္ ျဖတ္သန္းလာတဲ့ စစ္ေကာင္စီယာဥ္တန္းေတြကို မိုင္းဆြဲတိုက္ခိုက္တာေတြ မၾကာမၾကာရွိေနတာပါ

ဒီကေန႔ မနက္အေစာပိုင္း မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီယာဥ္တန္းက ထိခိုက္ေသဆုံးမႈ အေျခအေနကိုေတာ့မသိရေသးပါဘူး

“ကြၽန္ေတာ္တို႔မိုင္းဆြဲလို႔ဘယ္ႏွေယာက္ေသတယ္ဆိုတာေတာ့အတိအက်မသိရေသးဘူး၊ကြၽန္ေတာ္တို႔ကဝမ္းျပည့္႐ြာနဲ႔အလကၠပ႐ြာၾကားမွာဆြဲတာ၊သူတို႔အခ်င္းခ်င္းကအဲ့ဒီ႐ြာရဲ႕အေနာက္ဘက္နားေလာက္မွာအဲ့ဒီနားမွာသူတို႔အထိုင္ကင္းပုန္းရွိတာ “လို႔ဗိုလ္ေတဇကေျပာပါတယ္

မြင်းမူမှာကင်းပုန်းဝပ်နေတဲ့စစ်သားကိုစစ်ကားကတိုက်သတ်၊အချင်းချင်းပစ်ခတ်မှုလည်းဖြစ်

DeltaNewsAgency

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားကိုမြင်းမူမြို့ကနေထွက်လာတဲ့စစ်ကားတန်းကတိုက်သတ်ခဲ့သလိုစစ်ကောင်စီတပ်သားအချင်းချင်းအပြန်အလှန်ပစ်ခတ်မှုလညိးဖြစ်ခဲ့တယ်လို့ဒေသခံကာကွယ်ရေးအင်အားစုတွေကပြောပါတယ်

မြင်းမူမြို့ကနေမုံရွာဘက်သွားတဲ့စစ်ကားနှစ်စီးကို ဒီကနေ့ ဇန်နဝါရီ(၉)ရက် မနက်သုံးနာရီခွဲအချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အဲ့ဒီလို ချင်းချင်းသတ်ဖြတ်မှု တွေဖြစ်ခဲ့တာလို့ ဆိုပါတယ်

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုနှစ်ကြိမ်မှာ စစ်ကားနှစ်စီးထိခိုက်ပြီး ထိခိုက် သေ ဆုံးမှုတွေရှိနေတဲ့အချိန် အဲ့ဒီနေရာနဲ့ မလှမ်းမကမ်း မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ယာဉ်တန်းကို တားတာကြောင့် တိုက်သတ်ခံရတာဖြစ်တယ်လို့ People’s Army to Fight Dictatorshipကခေါင်း ဆောင်ဗိုလ်တေဇကပြောပါတယ်

“စိတ်ဆိုးဆိုးနဲ့ဒီကဖြစ်ပျက်လာတာကိုတားရပါ့မ လားဆိုဝင်တိုက်ပစ်တာ၊အဲ့မှာတယောက်သေသွားပြီးသူတို့အချင်းချင်းအပြန်အလှန်ပစ်ကြတယ်၊နောက်တယောက်ထပ်သေတယ်၊သူတို့အချင်းချင်းဖြစ်တာကတော့နှစ်ယောက်သေတယ်”လို့ သူကဆို ပါတယ်

စစ်ကိုင်း-မုံရွာလမ်းပိုင်းတလျှောက် မြို့တွေမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေ ရှိနေပြီး အဲ့ဒီလမ်းတလျှောက် ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာတွေ မကြာမကြာရှိနေတာပါ

ဒီကနေ့ မနက်အစောပိုင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းက ထိခိုက်သေဆုံးမှု အခြေအနေကိုတော့မသိရသေးပါဘူး

“ကျွန်တော်တို့မိုင်းဆွဲလို့ဘယ်နှယောက်သေတယ်ဆိုတာတော့အတိအကျမသိရသေးဘူး၊ကျွန်တော်တို့ကဝမ်းပြည့်ရွာနဲ့အလက္ကပရွာကြားမှာဆွဲတာ၊သူတို့အချင်းချင်းကအဲ့ဒီရွာရဲ့အနောက်ဘက်နားလောက်မှာအဲ့ဒီနားမှာသူတို့အထိုင်ကင်းပုန်းရှိတာ “လို့ဗိုလ်တေဇကပြောပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *