ဆားလင္းႀကီးမွာ PDFတပ္ေတြရဲ႕ ဝိုင္းဝန္းပိတ္ဆို႔ျခင္းကိုခံထားရတဲ့ စစ္တပ္စစ္ေၾကာင္းကို ရဟတ္ယာဥ္နဲ႔လာကယ္ထုတ္
ဇန္နဝါရီ ၉၊ The Nation Voice
စစ္ကိုင္းတိုင္း၊ဆားလင္းႀကီးမွာ ေဒသခံ(PDF)တပ္ေတြရဲ႕ ဝိုင္းဝန္းပိတ္ဆို႔ျခင္းကိုခံထားရၿပီး ပိတ္မိေနတဲ့ စစ္တပ္စစ္ေၾကာင္းကို စကစဘက္က မေန႔ ဒီဇင္ဘာ(၈)ရက္မွာ ရဟတ္ယာဥ္(၂)စီးနဲ႔ လာကယ္ထုတ္သြားတယ္လို႔ သိရပါတယ္
မေန႔က ကိုင္း႐ြာနဲ႔မက်ီးတစ္ေထာင္႐ြာၾကားထဲကေတာျပင္မွာ ပိတ္မိေနတဲ့ အင္အား(၈၀)ခန႔္ရွိတဲ့ စစ္တပ္စစ္ေၾကာင္းကို စကစဘက္က Mi35 တိုက္ခိုက္ေရး ရဟတ္ယာဥ္(၁)စီး၊႐ိုး႐ိုးေထာက္ပို႔ ရဟတ္ယာဥ္(၁)စီးတို႔နဲ႔ လာေရာက္ကယ္ထုတ္သြားတယ္လို႔ Eagle Defense Force ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ကိုေအာင္ေလးက The Nation Voice ကိုေျပာပါတယ္
“ေခြးေတြက ပိတ္မိေနတာ အင္အား(၈၀)ေက်ာ္ကို ေလယာဥ္နဲ႔လာေခၚသြားတာ ႐ိုး႐ိုးေထာက္ပို႔(၁)စီး၊ Mi35 တိုက္ခိုက္ေရးယာဥ္(၁)စီး (၂)စီးပါဗ် ပစ္ခတ္မႈေတာ့မလုပ္ခဲ့ပါဘူး၊ ပိတ္မိေနတဲ့ ေခြး(၈၀)ေက်ာ္ကို ႐ိုး႐ိုး(၁)စီးကေျမျပင္ထိဆင္းၿပီးလာေခၚတယ္ ေခၚေဆာင္ေနခ်ိန္ Mi35 က ေဝဟင္ကေနပတ္ၿပီး လုံၿခဳံေရးယူေပးတယ္”လို႔ ကိုေအာင္ေလးက ေျပာပါတယ္
ေဒသခံ(PDF)တပ္ေတြဘက္က ေတာင္အျမင့္နဲ႔ေျမျပင္ေတြမွာ ေနရာယူထားႏိုင္ခဲ့ေပမဲ့ စစ္တပ္ဘက္က Mi35 တိုက္ခိုက္ေရးရဟတ္ယာဥ္ပါတာေၾကာင့္ တိုက္ပြဲမျဖစ္ပြားခဲ့ဘူးလို႔လည္း ဆိုပါတယ္
“က်ေနာ္တို႔က ေတာင္အျမင့္ေတြေပၚမွာေရာ ေျမျပင္မွာေရာ အားလုံးေနရာယူခဲ့တာပါ ေလယာဥ္သာမလာရင္ အဲ့စစ္ေၾကာင္းကို ၇၅%ေလာက္ထိ အသာစီးတိုက္ရမွာပါ က်ေနာ္တို႔ဘက္ကသာ စတင္ပစ္ခတ္ခဲ့ရင္ ေလယာဥ္နဲ႔သူတို႔ကပစ္မွာ ေလယာဥ္နဲ႔ပစ္ခတ္ရင္ က်ေနာ္တို႔ဘက္ကအထိပိုနာမွာမို႔ ဒီတိုင္းၿငိမ္ေနရတာပါ”လို႔ ကိုေအာင္ေလးက TNV ကိုေျပာျပပါတယ္
ဒါ့အျပင္ အဲ့ဒီစစ္တပ္ စစ္ေၾကာင္းဟာ ျပန္မထြက္ခင္မွာ ကိုင္း႐ြာကိုမီးရႈိ႕သြားေၾကာင္းနဲ႔ ခုလက္ရွိမွာေတာ့ မရွိေတာ့ေၾကာင္းကိုလည္း သိရပါတယ္
ဆားလင်းကြီးမှာ PDFတပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံထားရတဲ့ စစ်တပ်စစ်ကြောင်းကို ရဟတ်ယာဉ်နဲ့လာကယ်ထုတ်
ဇန်နဝါရီ ၉၊ The Nation Voice
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမှာ ဒေသခံ(PDF)တပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံထားရပြီး ပိတ်မိနေတဲ့ စစ်တပ်စစ်ကြောင်းကို စကစဘက်က မနေ့ ဒီဇင်ဘာ(၈)ရက်မှာ ရဟတ်ယာဉ်(၂)စီးနဲ့ လာကယ်ထုတ်သွားတယ်လို့ သိရပါတယ်
မနေ့က ကိုင်းရွာနဲ့မကျီးတစ်ထောင်ရွာကြားထဲကတောပြင်မှာ ပိတ်မိနေတဲ့ အင်အား(၈၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းကို စကစဘက်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်(၁)စီး၊ရိုးရိုးထောက်ပို့ ရဟတ်ယာဉ်(၁)စီးတို့နဲ့ လာရောက်ကယ်ထုတ်သွားတယ်လို့ Eagle Defense Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်လေးက The Nation Voice ကိုပြောပါတယ်
“ခွေးတွေက ပိတ်မိနေတာ အင်အား(၈၀)ကျော်ကို လေယာဥ်နဲ့လာခေါ်သွားတာ ရိုးရိုးထောက်ပို့(၁)စီး၊ Mi35 တိုက်ခိုက်ရေးယာဥ်(၁)စီး (၂)စီးပါဗျ ပစ်ခတ်မှုတော့မလုပ်ခဲ့ပါဘူး၊ ပိတ်မိနေတဲ့ ခွေး(၈၀)ကျော်ကို ရိုးရိုး(၁)စီးကမြေပြင်ထိဆင်းပြီးလာခေါ်တယ် ခေါ်ဆောင်နေချိန် Mi35 က ဝေဟင်ကနေပတ်ပြီး လုံခြုံရေးယူပေးတယ်”လို့ ကိုအောင်လေးက ပြောပါတယ်
ဒေသခံ(PDF)တပ်တွေဘက်က တောင်အမြင့်နဲ့မြေပြင်တွေမှာ နေရာယူထားနိုင်ခဲ့ပေမဲ့ စစ်တပ်ဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ပါတာကြောင့် တိုက်ပွဲမဖြစ်ပွားခဲ့ဘူးလို့လည်း ဆိုပါတယ်
“ကျနော်တို့က တောင်အမြင့်တွေပေါ်မှာရော မြေပြင်မှာရော အားလုံးနေရာယူခဲ့တာပါ လေယာဥ်သာမလာရင် အဲ့စစ်ကြောင်းကို ၇၅%လောက်ထိ အသာစီးတိုက်ရမှာပါ ကျနော်တို့ဘက်ကသာ စတင်ပစ်ခတ်ခဲ့ရင် လေယာဥ်နဲ့သူတို့ကပစ်မှာ လေယာဥ်နဲ့ပစ်ခတ်ရင် ကျနော်တို့ဘက်ကအထိပိုနာမှာမို့ ဒီတိုင်းငြိမ်နေရတာပါ”လို့ ကိုအောင်လေးက TNV ကိုပြောပြပါတယ်
ဒါ့အပြင် အဲ့ဒီစစ်တပ် စစ်ကြောင်းဟာ ပြန်မထွက်ခင်မှာ ကိုင်းရွာကိုမီးရှို့သွားကြောင်းနဲ့ ခုလက်ရှိမှာတော့ မရှိတော့ကြောင်းကိုလည်း သိရပါတယ်