မႏၲေလး (၆၂)လမ္းေပၚက Space Bar ေပါက္ကြဲမႈျဖစ္ၿပီး ကားတစ္စီး မီးေလာင္၊

MFP ၊ ဇႏၷဝါရီ – ၈

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ (၆၂)လမ္း၊ (၃၅)လမ္းႏွင့္ (၃၆)လမ္းၾကားက Space Bar မွာ ဒီညေနပိုင္း ေပါက္ကြဲမႈျဖစ္ၿပီး ကားတစ္စီး မီးေလာင္ခဲ့တယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက ေျပာပါတယ္

ဒီေန႔ ဇန္နဝါရီ(၈)ရက္၊ ညေန(၆)နာရီက Space Bar မွာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး ဘားေရွ႕မွာ ရပ္ထားတဲ့ ကားတစ္စီး မီးေလာင္ခဲ့ကာ စစ္ေကာင္စီ မီးသတ္ေတြက လာျငႇိမ္းေပးသြားတယ္လို႔ ဆိုပါတယ္။ေပါက္ကြဲမႈေၾကာင့္ လူထိခိုက္တာ မရွိဘူးလို႔ စစ္ေလာ္ဘီေတြက ဆိုပါတယ္

“စီးပြါးၿပိဳင္ဖက္ေတြ လက္ခ်က္ပါ။ ၿပီးရင္ ပီဒက္ေတြကို လက္ညႇိဳးထိုးဦးမယ္” လို႔ ၿမိဳကခံတစ္ဦးက လူမႈကြန္ယက္မွာ မွတ္ခ်က္ေပးပါတယ္

အဲ့ဒီ ေဖာက္ခြဲမႈကို City Hunter (MDY UG) အဖြဲ႕က လုပ္ေဆာင္တာျဖစ္ေၾကာင္းႏွင့္ “Space Bar အတြင္း အေခ်ာင္ေန အေခ်ာင္စား Beer ေသာက္ရင္း ဇိမ္ခံေနေသာ ၿမိဳ႕ျပမွ မိတ္ေဆြမ်ားအတြက္ City Hunter (MDY UG) မွ သတိေပး လက္ေဆာင္ ပို႔လိုက္ပါသည္

လက္ေဆာင္ထုပ္မ်ား က်န္ရွိေနေသးသည့္ အတြက္ စိတ္ေအးခ်မ္းသာစြာ ဇိမ္ခံေနၾကပါရန္ အသိေပးအပ္ပါသည္” ဟု သတင္းေပးပို႔လာပါသည္

ထို႔အျပင္ City Hunter နာမည္ျဖင့္ Page ေထာင္ထားျခင္း၊ Social Media ေပၚတြင္ အလႉခံျခင္းမ်ား လုံးဝမရွိဟု၍လည္း ထပ္မံ အသိေပးလိုက္ပါသည္” လို႔ သေျပညိဳ သတင္းလႊာက ေဖာ္ျပပါတယ္

မန္တလေး (၆၂)လမ်းပေါ်က Space Bar ပေါက်ကွဲမှုဖြစ်ပြီး ကားတစ်စီး မီးလောင်၊

MFP ၊ ဇန္နဝါရီ – ၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၆၂)လမ်း၊ (၃၅)လမ်းနှင့် (၃၆)လမ်းကြားက Space Bar မှာ ဒီညနေပိုင်း ပေါက်ကွဲမှုဖြစ်ပြီး ကားတစ်စီး မီးလောင်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်

ဒီနေ့ ဇန်နဝါရီ(၈)ရက်၊ ညနေ(၆)နာရီက Space Bar မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဘားရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီး မီးလောင်ခဲ့ကာ စစ်ကောင်စီ မီးသတ်တွေက လာငြှိမ်းပေးသွားတယ်လို့ ဆိုပါတယ်။ပေါက်ကွဲမှုကြောင့် လူထိခိုက်တာ မရှိဘူးလို့ စစ်လော်ဘီတွေက ဆိုပါတယ်

“စီးပွါးပြိုင်ဖက်တွေ လက်ချက်ပါ။ ပြီးရင် ပီဒက်တွေကို လက်ညှိုးထိုးဦးမယ်” လို့ မြိုကခံတစ်ဦးက လူမှုကွန်ယက်မှာ မှတ်ချက်ပေးပါတယ်

အဲ့ဒီ ဖောက်ခွဲမှုကို City Hunter (MDY UG) အဖွဲ့က လုပ်ဆောင်တာဖြစ်ကြောင်းနှင့် “Space Bar အတွင်း အချောင်နေ အချောင်စား Beer သောက်ရင်း ဇိမ်ခံနေသော မြို့ပြမှ မိတ်ဆွေများအတွက် City Hunter (MDY UG) မှ သတိပေး လက်ဆောင် ပို့လိုက်ပါသည်

လက်ဆောင်ထုပ်များ ကျန်ရှိနေသေးသည့် အတွက် စိတ်အေးချမ်းသာစွာ ဇိမ်ခံနေကြပါရန် အသိပေးအပ်ပါသည်” ဟု သတင်းပေးပို့လာပါသည်

ထို့အပြင် City Hunter နာမည်ဖြင့် Page ထောင်ထားခြင်း၊ Social Media ပေါ်တွင် အလှူခံခြင်းများ လုံးဝမရှိဟု၍လည်း ထပ်မံ အသိပေးလိုက်ပါသည်” လို့ သပြေညို သတင်းလွှာက ဖော်ပြပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *