ခမရ ၄၀၅ တပ္ရင္းမႉး ေရွ႕တန္းမွာ ဖမ္းဆီးခံရၿပီးေနာက္ သရက္ေခ်ာင္း ေနာက္တန္းတပ္ရင္း ၃ ခုမွာ ေအာင္ျခင္းရွစ္ပါးနဲ႔ ပရိတ္တရားေခြကို ေန႔ေရာညပါ ေလာ္စပီကာနဲ႔ ဖြင့္ေန

ကိုကိုေလး/ဧရာဝတီတိုင္းမ္

(သရက္ေခ်ာင္း)၊ ဇန္နဝါရီလ ၈ ရက္

တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ သရက္ေခ်ာင္းၿမိဳ႕နယ္အေျခစိုက္ စစ္ေကာင္စီတပ္မ်ားျဖစ္သည့္ ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ္ရင္းမ်ားအတြင္း ၾကာနီကန္ဆရာေတာ္၏ ေအာင္ျခင္းရွစ္ပါး၊ပဌာန္းႏွင့္ဓာရဏပရိတ္တရားမ်ားပါ ဝင္သည့္ တရားေခြကို ေလာ္စပီကာျဖင့္ ေန႔ေရာညပါ ဖြင့္လွစ္ေနေၾကာင္း ေဒသခံမ်ားထံကသိရသည္

အဆိုပါ သရက္ေခ်ာင္းအေျခစိုက္တပ္ရင္းမ်ားသည္ ကရင္ျပည္နယ္အတြင္းတိုက္ခိုက္ေရးဝင္ေရာက္ေနသည့္တပ္ရင္းမ်ားျဖစ္ၿပီး ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၅ ရက္ေန႔က ဖာပြန္ခ႐ိုင္အတြင္းရွိ မဲဝိုင္စခန္းကိုစစ္ကူ သြားေရာက္ရန္ ခမရ ၄၀၅ ကို အမိန္႔ေပးေစခိုင္းမႈအား ျငင္းဆန္ခဲ့မႈေၾကာင့္ ခမရ ၄၀၅ မွ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး လႈိင္မင္းထြဋ္အပါအဝင္ အႀကီးတန္းအရာရွိ ၃ ဦးဖမ္းဆီးခံခဲ့ရၿပီးေနာက္ပိုင္းကာလမ်ားတြင္ ယင္းတပ္ရင္း ၃ ရင္းမွ တရားေခြမ်ားကိုေန႔စဥ္ဖြင့္လွစ္ေနျခင္းျဖစ္သည္ဟု ဆိုသည္

“၄၀၅ ရင္းမႉး အဖမ္းခံရၿပီး ဒီဇင္ဘာလဝက္ေလာက္ေနာက္ပိုင္းကေန ေန႔တိုင္းဖြင့္တာ ၾကာနီကန္ဆရာေတာ္ရဲ႕ ေအာင္ျခင္းရွစ္ပါး ဂါထာ၊ ပဌာန္း၊ ပရိတ္ႀကီး၊ဓာရဏပရိတ္ အဲ့တာေတြေန႔ေရာညေရာဖြင့္တာ။ သူတို႔ေတြျဖစ္ပ်က္ေနတာၿမိဳ႕ေပၚေနတဲ့သူေတြကေတာ့သိတာေပါ့ မနက္အေစာပိုင္းနဲ႔ ညပိုင္းေတြ ပိုၿပီးဖြင့္လာတယ္။ အရင္ဒါမ်ိဳးဖြင့္တာမၾကားဘူး အခုမွ ေၾကာက္ၿပီး ဘုရားတေနလို႔ မရေတာ့ဘူး” လို႔ သရက္ေခ်ာင္းၿမိဳ႕ခံတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္

ထို႔အျပင္ ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ္ရင္းမ်ား၏ ပတ္ ပတ္လည္တြင္ ဝါးခြၽန္မ်ားျဖင့္ၿခံစည္း႐ိုးမ်ားကာရံထားၿပီး ေျမျမႇဳပ္မိုင္းေထာင္ထားေၾကာင္းသရက္ေခ်ာင္း ၿမိဳ႕မေစ်းအတြင္း သတင္းလႊင့္ထားေၾကာင္း ေဒသခံမ်ားက ေျပာျပခ်က္အရသိရွိရသည္

စစ္ေကာင္စီတပ္ ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ္ရင္းမ်ား သည္ ထားဝယ္ၿမိဳ႕အေျခစိုက္ အမွတ္ ၈ စစ္ဆင္ေရးကြပ္ ကဲမႈဌာနခ်ဳပ္ (စကခ ၈) လက္ေအာက္ခံတပ္ရင္းမ်ားျဖစ္ၾကၿပီး စကခ ၈ ႏွင့္လက္ေအာက္ခံတပ္ရင္းမ်ားသည္ ကရင္ျပည္နယ္ KNU တပ္မဟာ ၅ ႏွင့္ ၆ နယ္ေျမမ်ားအတြင္း တိုက္ခိုက္ေရးဝင္ေရာက္ေနသည္ မွာ ၂ ႏွစ္ေက်ာ္အၾကာရွိၿပီျဖစ္ေၾကာင္း ကရင္ျပည္နယ္စစ္ေရးသတင္းရင္းျမစ္မ်ားထံကသိရသည္

ကရင္ျပည္နယ္ KNU တပ္မဟာနယ္ေျမ တေက်ာ့ျပန္တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီတပ္မွ စကခ ၈ ၊ စကခ ၁၃ ၊ တပ္မ ၄၄ စသည့္တပ္မ ၃ခု၊ တပ္မ ၁၁ လက္ ေအာက္ခံတပ္ရင္းတခ်ိဳ႕ နဲ႔ ကရင္ျပည္နယ္ နယ္ေျမခံ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္(ရတခ) လက္ေအာက္ခံတပ္ရင္းအမ်ားအျပားျဖင့္ တိုက္ခိုက္ေရးဝင္ေရာက္ေနကာ ထိခိုက္ေသဆုံးမႈမ်ားျပားလ်က္ရွိေၾကာင္း သိရသည္

ဓာတ္ပုံ – လူမႈကြန္ရက္

ခမရ ၄၀၅ တပ်ရင်းမှူး ရှေ့တန်းမှာ ဖမ်းဆီးခံရပြီးနောက် သရက်ချောင်း နောက်တန်းတပ်ရင်း ၃ ခုမှာ အောင်ခြင်းရှစ်ပါးနဲ့ ပရိတ်တရားခွေကို နေ့ရောညပါ လော်စပီကာနဲ့ ဖွင့်နေ

ကိုကိုလေး/ဧရာဝတီတိုင်းမ်

(သရက်ချောင်း)၊ ဇန်နဝါရီလ ၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများအတွင်း ကြာနီကန်ဆရာတော်၏ အောင်ခြင်းရှစ်ပါး၊ပဌာန်းနှင့်ဓာရဏပရိတ်တရားများပါ ဝင်သည့် တရားခွေကို လော်စပီကာဖြင့် နေ့ရောညပါ ဖွင့်လှစ်နေကြောင်း ဒေသခံများထံကသိရသည်

အဆိုပါ သရက်ချောင်းအခြေစိုက်တပ်ရင်းများသည် ကရင်ပြည်နယ်အတွင်းတိုက်ခိုက်ရေးဝင်ရောက်နေသည့်တပ်ရင်းများဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်စခန်းကိုစစ်ကူ သွားရောက်ရန် ခမရ ၄၀၅ ကို အမိန့်ပေးစေခိုင်းမှုအား ငြင်းဆန်ခဲ့မှုကြောင့် ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင် အကြီးတန်းအရာရှိ ၃ ဦးဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းကာလများတွင် ယင်းတပ်ရင်း ၃ ရင်းမှ တရားခွေများကိုနေ့စဥ်ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု ဆိုသည်

“၄၀၅ ရင်းမှူး အဖမ်းခံရပြီး ဒီဇင်ဘာလဝက်လောက်နောက်ပိုင်းကနေ နေ့တိုင်းဖွင့်တာ ကြာနီကန်ဆရာတော်ရဲ့ အောင်ခြင်းရှစ်ပါး ဂါထာ၊ ပဌာန်း၊ ပရိတ်ကြီး၊ဓာရဏပရိတ် အဲ့တာတွေနေ့ရောညရောဖွင့်တာ။ သူတို့တွေဖြစ်ပျက်နေတာမြို့ပေါ်နေတဲ့သူတွေကတော့သိတာပေါ့ မနက်အစောပိုင်းနဲ့ ညပိုင်းတွေ ပိုပြီးဖွင့်လာတယ်။ အရင်ဒါမျိုးဖွင့်တာမကြားဘူး အခုမှ ကြောက်ပြီး ဘုရားတနေလို့ မရတော့ဘူး” လို့ သရက်ချောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်

ထို့အပြင် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများ၏ ပတ် ပတ်လည်တွင် ဝါးချွန်များဖြင့်ခြံစည်းရိုးများကာရံထားပြီး မြေမြှုပ်မိုင်းထောင်ထားကြောင်းသရက်ချောင်း မြို့မစျေးအတွင်း သတင်းလွှင့်ထားကြောင်း ဒေသခံများက ပြောပြချက်အရသိရှိရသည်

စစ်ကောင်စီတပ် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများ သည် ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ ၈) လက်အောက်ခံတပ်ရင်းများဖြစ်ကြပြီး စကခ ၈ နှင့်လက်အောက်ခံတပ်ရင်းများသည် ကရင်ပြည်နယ် KNU တပ်မဟာ ၅ နှင့် ၆ နယ်မြေများအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေသည် မှာ ၂ နှစ်ကျော်အကြာရှိပြီဖြစ်ကြောင်း ကရင်ပြည်နယ်စစ်ရေးသတင်းရင်းမြစ်များထံကသိရသည်

ကရင်ပြည်နယ် KNU တပ်မဟာနယ်မြေ တကျော့ပြန်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ စကခ ၈ ၊ စကခ ၁၃ ၊ တပ်မ ၄၄ စသည့်တပ်မ ၃ခု၊ တပ်မ ၁၁ လက် အောက်ခံတပ်ရင်းတချို့ နဲ့ ကရင်ပြည်နယ် နယ်မြေခံ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) လက်အောက်ခံတပ်ရင်းအများအပြားဖြင့် တိုက်ခိုက်ရေးဝင်ရောက်နေကာ ထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်း သိရသည်

ဓာတ်ပုံ – လူမှုကွန်ရက်

 

Leave a Reply

Your email address will not be published. Required fields are marked *