နယ္ျခားေစာင့္အခ်င္းခ်င္း ခိုက္ရန္ျဖစ္ၿပီး လက္ပစ္ဗုံးျဖင့္ပစ္ခတ္၊ ၂ ဦးေသဆုံး ၅ ဦး ဒဏ္ရာရ

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း ဒုံးညိဳနယ္ျခားေစာင္စခန္းမွ နယ္ျခားေစာင့္ေတြ ဇန္နဝါရီ ၆ ရက္ေန႔ညက ဖဲကစားရန္ျဖစ္ၾကရာမွ လက္ပစ္ဗုံးနဲ႔ ပစ္ခတ္ေပါက္ကြဲတာေၾကာင့္ ၂ ဦး ေသဆုံး၊ ၅ ဦး ဒဏ္ရာရခဲ့တယ္လို႔ နယ္ျခားေစာင့္အရာရွိတဦးက အတည္ျပဳေျပာပါတယ္

“ဝိုင္းဖြဲ႕ၿပီး ဖဲကစားၾကတာ။ ဖဲအျငင္းပြားၿပီး ဒုတပ္ၾကပ္ လင္းလင္းက လက္ပစ္ဗုံးကိုျဖဳတ္ၿပီး ဖဲဝိုင္းမွာခ်လိုက္တာ အဲဒီလက္ပစ္ဗုံးကို ဒုတပ္ၾကပ္သက္ပိုင္ထြန္းက ျပန္ေကာက္ၿပီး အေဝးကိုပစ္တယ္။ အေဝးကိုမေရာက္ဘဲ သူတို႔ ဖဲဝိုင္းမွာျပန္က်ၿပီး သက္ပိုင္ထြန္းက ပြဲခ်င္းၿပီး ေသဆုံးသြားတယ္။ လက္ပစ္ဗုံးျဖဳတ္ခ်တဲ့ လင္လင္းကို ေဆး႐ုံသယ္သြားတာ လမ္းမွာ ေသဆုံးသြားတာ

ဗုံးေပါက္ကြဲမႈေၾကာင့္ ဒုတပ္ၾကပ္ သက္ပိုင္ထြန္းမွာ ရင္ဘတ္၊ လည္ပင္းနဲ႔ မ်က္ႏွာ ဗုံးစထိမွန္ ဒဏ္ရာေတြနဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးသြားၿပီး လက္ပစ္ဗုံးနဲ႔ ပစ္တဲ့ ဒုတပ္ၾကပ္လင္းလင္းကေတာ့ ဝဲ/ယာေျခသလုံး ဗုံးစထိမွန္ဒဏ္ရာေတြနဲ႔ ေမာင္ေတာေဆး႐ုံပို႔ ေဆာင္စဥ္ လမ္းခုလတ္မွာ ေသဆုံးသြားတာလို႔ ဆိုပါတယ္

“ဒဏ္ရာရတဲ့ တပ္သား ၅ ဦးမွာ ၄ ဦးက ဒဏ္ရာျပင္းၿပီးစိုးရိမ္ရတယ္။ ၂ ဦးကေတာ့ ဘူးသီးေတာင္ေဆး႐ုံကို ယူသြားတယ္။ က်န္ ၃ ဦးက ေမာင္ေတာေဆး႐ုံမွာ ေဆးကုသေနတယ္” လို႔ အရာရွိက ေျပာပါတယ္

ဒုတပ္ၾကပ္ေအာင္ေက်ာ္စိုး၊ တပ္သား သက္ကိုေအာင္၊ တပ္သားရႈိင္းမင္းခန႔္၊ ရဲတပ္သား ေနလင္းထြန္းတို႔ ျပင္းထန္ဒဏ္ရာရခဲ့ၾကၿပီး ရဲတပ္သား ဝင္းကိုကိုကေတာ့ မစိုးရိမ္ရဘူးလို႔ သိရပါတယ္

ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း ဒုံးညိဳနယ္ျခားေစာင့္စခန္းမွာ အင္အား ၁၀၀ ေက်ာ္ရွိတယ္လို႔ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ေတြဆီက သိရပါတယ္

source-DVB

နယ်ခြားစောင့်အချင်းချင်း ခိုက်ရန်ဖြစ်ပြီး လက်ပစ်ဗုံးဖြင့်ပစ်ခတ်၊ ၂ ဦးသေဆုံး ၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင်စခန်းမှ နယ်ခြားစောင့်တွေ ဇန်နဝါရီ ၆ ရက်နေ့ညက ဖဲကစားရန်ဖြစ်ကြရာမှ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်ခြားစောင့်အရာရှိတဦးက အတည်ပြုပြောပါတယ်

“ဝိုင်းဖွဲ့ပြီး ဖဲကစားကြတာ။ ဖဲအငြင်းပွားပြီး ဒုတပ်ကြပ် လင်းလင်းက လက်ပစ်ဗုံးကိုဖြုတ်ပြီး ဖဲဝိုင်းမှာချလိုက်တာ အဲဒီလက်ပစ်ဗုံးကို ဒုတပ်ကြပ်သက်ပိုင်ထွန်းက ပြန်ကောက်ပြီး အဝေးကိုပစ်တယ်။ အဝေးကိုမရောက်ဘဲ သူတို့ ဖဲဝိုင်းမှာပြန်ကျပြီး သက်ပိုင်ထွန်းက ပွဲချင်းပြီး သေဆုံးသွားတယ်။ လက်ပစ်ဗုံးဖြုတ်ချတဲ့ လင်လင်းကို ဆေးရုံသယ်သွားတာ လမ်းမှာ သေဆုံးသွားတာ

ဗုံးပေါက်ကွဲမှုကြောင့် ဒုတပ်ကြပ် သက်ပိုင်ထွန်းမှာ ရင်ဘတ်၊ လည်ပင်းနဲ့ မျက်နှာ ဗုံးစထိမှန် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး လက်ပစ်ဗုံးနဲ့ ပစ်တဲ့ ဒုတပ်ကြပ်လင်းလင်းကတော့ ဝဲ/ယာခြေသလုံး ဗုံးစထိမှန်ဒဏ်ရာတွေနဲ့ မောင်တောဆေးရုံပို့ ဆောင်စဉ် လမ်းခုလတ်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်

“ဒဏ်ရာရတဲ့ တပ်သား ၅ ဦးမှာ ၄ ဦးက ဒဏ်ရာပြင်းပြီးစိုးရိမ်ရတယ်။ ၂ ဦးကတော့ ဘူးသီးတောင်ဆေးရုံကို ယူသွားတယ်။ ကျန် ၃ ဦးက မောင်တောဆေးရုံမှာ ဆေးကုသနေတယ်” လို့ အရာရှိက ပြောပါတယ်

ဒုတပ်ကြပ်အောင်ကျော်စိုး၊ တပ်သား သက်ကိုအောင်၊ တပ်သားရှိုင်းမင်းခန့်၊ ရဲတပ်သား နေလင်းထွန်းတို့ ပြင်းထန်ဒဏ်ရာရခဲ့ကြပြီး ရဲတပ်သား ဝင်းကိုကိုကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်

မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့်စခန်းမှာ အင်အား ၁၀၀ ကျော်ရှိတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်

source-DVB

 

Leave a Reply

Your email address will not be published. Required fields are marked *