မင္းေအာင္လႈိင္ကို ဗိုလ္ရႈခံ ခ်ီတက္ အေလးျပဳစဥ္ ေလထီးခုန္ စစ္သည္ အမ်ိဳးသမီး

ရန္ကုန္၊ ဇန္နဝါရီ ၈

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကို ဗိုလ္ရႈခံ ခ်ီတက္ အေလးျပဳ စဥ္ ေလထီးခုန္ စစ္သည္ အမ်ိဳးသမီး ႀကိဳးျပတ္ေသဆုံးျခင္း၊ နံနက္အေစာ ခ်ီတက္ေလ့က်င့္လမ္းေလွ်ာက္စဥ္ ဝန္ထမ္းတစ္ဦး လဲက်ေသဆုံးမႈမ်ား ရွိခဲ့ၿပီး စစ္ေကာင္စီက သတင္းမျပန႔္ရန္ ပိတ္ပင္ခဲ့ေၾကာင္း ေနျပည္ေတာ္ဝန္ ထမ္းအသိုင္းအဝိုင္းက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

ဒီဇင္ဘာလ ၂၉ ရက္ေန႔ နံနက္ ၂ နာရီ မင္းေအာင္လႈိင္ကို ခ်ီတက္အေလး ျပဳမည့္ ဝန္ထမ္းစစ္ေၾကာင္းက ေလ့က်င့္ေရး အတြက္ စစ္ေၾကာင္းပုံစံ လမ္းေလွ်ာက္စဥ္ ဝန္ထမ္းတစ္ဦး လဲက်ေသဆုံးခဲ့ေၾကာင္း၊ ယင္းေနာက္ ယင္းေန႔တြင္ ေလ့က်င့္ခန္းမ်ား ရပ္နားခဲ့ၿပီး ဝန္ထမ္းတစ္ဦးလွ်င္ ပင္ပန္း စရိတ္ဟုဆိုကာ ေငြက်ပ္ ၁ ေသာင္း ေပးခဲ့ေၾကာင္း သိရွိရသည္

“လြပ္လပ္ေရးေန႔အတြက္ဝန္ႀကီးဌာနေပါင္းစုံကဝန္ထမ္းေတြကို စစ္ေရးျပေန စဥ္ေလ့က်င့္ခိုင္းေနခဲ့တာ။ ဒီဇင္ဘာလ ၂၉ ရက္ေန႔ နံနက္ ၂ နာရီ ေလာက္ ထသြားရင္းနဲ႔ ဝန္ႀကီးဌာနရဲ႕ အမ်ိဳးသမီးဝန္ထမ္း တစ္ဦး ဦးေႏွာက္ေသြးေၾကာ ျပတ္ လဲက်ေသဆုံးသြားခဲ့ပါတယ္

အဲဒါ ဝန္ထမ္းေတြကို ပင္ပန္းစရိတ္အျဖစ္ တစ္ဦးကို တစ္ေသာင္းေပးတယ္

ႏႈတ္ပိတ္တာေပါ့။ ဒီဇင္ဘာ ၃၀ ရက္ေန႔မွာ စစ္ေရးျပေလ့က်င့္ေရးကို အနားေပးလိုက္ၿပီး တစ္ေယာက္ တစ္ေသာင္း မုန႔္ဖိုးထပ္ေပးတယ္။ အပန္းေျဖဆိုၿပီး MICC မွာ သူ႔ကြၽန္မခံၿပီ ဇာတ္ကား ကိုမၾကည့္မေနရျပေပးတယ္။ ဒီဇင္ဘာ ၃၀ ရက္ေန႔ကစၿပီး စစ္ေရးျပ ေလ့က်င့္ ေရး ရပ္သြားတာ”ဟု ေနျပည္ေတာ္ဝန္ထမ္းတစ္ဦးက ေျပာသည္

အလားတူ ေနျပည္ေတာ္တြင္ ဇန္နဝါရီလ ၄ ရက္ေန႔ လြတ္လပ္ေရးေန႔ ဗိုလ္ရႈ ခံ အခမ္းအနားတြင္ မင္းေအာင္လႈိင္ကို ေလထီးခုန္ အေလးျပဳသည့္ အစီ အစဥ္ ျပဳလုပ္ေနစဥ္ ေလထီးခုန္ စစ္သည္အမ်ိဳးသမီး ၁ ဦး ေလထီးႀကိဳးျပတ္ၿပီး ေျမျပင္ ႏွင့္ အရွိန္ျပင္းျပင္း ႐ိုက္မိကာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရွိရသည္

“ေနျပည္ေတာ္မွာ ဇန္နဝါရီလ ၄ ရက္ေန႔မွာ ေလထီးစစ္သမီးတစ္ဦး ေလထီး ခုန္ေနရင္း ႀကိဳးျပတ္ၿပီး ဆုံးတယ္။ သူ႔အေဖကလည္း ေလတပ္ တပ္ၾကပ္ႀကီးပဲ။ ေလထီးေတြက စုတ္ေနေတာ့ ႀကိဳးျပတ္ၿပီး ေျမႀကီးနဲ႔႐ိုက္မိတာ။ အဲဒီေန႔ ေလထီးခုန္ေတြမွာ သစ္ပင္မွာခ်ိတ္ ၿပီး ဒဏ္ရာ ရ တာလည္း မ်ားတယ္” ဟု ေလတပ္သတင္းရင္းျမစ္က ေျပာသည္

မင္းေအာင္လႈိင္ကို ခ်ီတက္အေလးျပဳစဥ္ႏွင့္ ေလ့က်င့္စဥ္ ေသဆုံးသည့္ သတင္း မ်ား ႏွင့္ပတ္သက္၍ စစ္ေကာင္စီက ျပင္ပသို႔ သတင္းေပါက္ၾကားျခင္းမရွိေစရန္ ဝန္ထမ္းမ်ားႏွင့္ စစ္သည္မ်ားကို သတိေပးခဲ့ၿပီး ေသဆုံးသူမ်ားအတြက္ နာေရး ေထာက္ပံ့ေၾကး ႏွင့္ မိသားစုေထာက္ပံ့ေၾကးမ်ားလည္း ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္

မင်းအောင်လှိုင်ကို ဗိုလ်ရှုခံ ချီတက် အလေးပြုစဉ် လေထီးခုန် စစ်သည် အမျိုးသမီး

ရန်ကုန်၊ ဇန်နဝါရီ ၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဗိုလ်ရှုခံ ချီတက် အလေးပြု စဉ် လေထီးခုန် စစ်သည် အမျိုးသမီး ကြိုးပြတ်သေဆုံးခြင်း၊ နံနက်အစော ချီတက်လေ့ကျင့်လမ်းလျှောက်စဉ် ဝန်ထမ်းတစ်ဦး လဲကျသေဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီက သတင်းမပြန့်ရန် ပိတ်ပင်ခဲ့ကြောင်း နေပြည်တော်ဝန် ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ မင်းအောင်လှိုင်ကို ချီတက်အလေး ပြုမည့် ဝန်ထမ်းစစ်ကြောင်းက လေ့ကျင့်ရေး အတွက် စစ်ကြောင်းပုံစံ လမ်းလျှောက်စဉ် ဝန်ထမ်းတစ်ဦး လဲကျသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ယင်းနေ့တွင် လေ့ကျင့်ခန်းများ ရပ်နားခဲ့ပြီး ဝန်ထမ်းတစ်ဦးလျှင် ပင်ပန်း စရိတ်ဟုဆိုကာ ငွေကျပ် ၁ သောင်း ပေးခဲ့ကြောင်း သိရှိရသည်

“လွပ်လပ်ရေးနေ့အတွက်ဝန်ကြီးဌာနပေါင်းစုံကဝန်ထမ်းတွေကို စစ်ရေးပြနေ စဉ်လေ့ကျင့်ခိုင်းနေခဲ့တာ။ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ လောက် ထသွားရင်းနဲ့ ဝန်ကြီးဌာနရဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦး ဦးနှောက်သွေးကြော ပြတ် လဲကျသေဆုံးသွားခဲ့ပါတယ်။ အဲဒါ ဝန်ထမ်းတွေကို ပင်ပန်းစရိတ်အဖြစ် တစ်ဦးကို တစ်သောင်းပေးတယ်

နှုတ်ပိတ်တာပေါ့။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်ရေးပြလေ့ကျင့်ရေးကို အနားပေးလိုက်ပြီး တစ်ယောက် တစ်သောင်း မုန့်ဖိုးထပ်ပေးတယ်။ အပန်းဖြေဆိုပြီး MICC မှာ သူ့ကျွန်မခံပြီ ဇာတ်ကား ကိုမကြည့်မနေရပြပေးတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး စစ်ရေးပြ လေ့ကျင့် ရေး ရပ်သွားတာ”ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်

အလားတူ နေပြည်တော်တွင် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှု ခံ အခမ်းအနားတွင် မင်းအောင်လှိုင်ကို လေထီးခုန် အလေးပြုသည့် အစီ အစဉ် ပြုလုပ်နေစဉ် လေထီးခုန် စစ်သည်အမျိုးသမီး ၁ ဦး လေထီးကြိုးပြတ်ပြီး မြေပြင် နှင့် အရှိန်ပြင်းပြင်း ရိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်

“နေပြည်တော်မှာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လေထီးစစ်သမီးတစ်ဦး လေထီး ခုန်နေရင်း ကြိုးပြတ်ပြီး ဆုံးတယ်။ သူ့အဖေကလည်း လေတပ် တပ်ကြပ်ကြီးပဲ။ လေထီးတွေက စုတ်နေတော့ ကြိုးပြတ်ပြီး မြေကြီးနဲ့ရိုက်မိတာ။ အဲဒီနေ့ လေထီးခုန်တွေမှာ သစ်ပင်မှာချိတ် ပြီး ဒဏ်ရာ ရ တာလည်း များတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်

မင်းအောင်လှိုင်ကို ချီတက်အလေးပြုစဉ်နှင့် လေ့ကျင့်စဉ် သေဆုံးသည့် သတင်း များ နှင့်ပတ်သက်၍ စစ်ကောင်စီက ပြင်ပသို့ သတင်းပေါက်ကြားခြင်းမရှိစေရန် ဝန်ထမ်းများနှင့် စစ်သည်များကို သတိပေးခဲ့ပြီး သေဆုံးသူများအတွက် နာရေး ထောက်ပံ့ကြေး နှင့် မိသားစုထောက်ပံ့ကြေးများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်

Leave a Reply

Your email address will not be published. Required fields are marked *