By ဟိဏ်းဝေယံ
မြောက်ဒဂုံမှာနေထိုင်တဲ့ ညောင်ကန်(ခ) ကိုကိုမောင် အမျိုးသား ရေးအစွန်း ရောက် မဖြစ်လာခင်မှာ လုပ်ကိုင်တဲ့ အလုပ်က ပြည့်တန်ဆာတွေ စုပေါင်း ငှားနေတဲ့ အိမ် သို့မဟုတ် ပြည့်တန်ဆာ တွေနဲ့ ဆက်ဆံလို့ရတဲ့ အိမ်တွေကို ရဲဝင်ဖမ်းရင် ပြည့်တန်ဆာ အလုပ်လုပ်နေတာမဟုတ်ဘဲ ယောက်ျား နဲ့ နေတာဖြစ်ကြောင်း သက်သေပြနိုင်ရန် အတွက် ပြည့်တန်ဆာတွေရဲ့ အငှားခင်ပွန်းအဖြစ် နေထိုင်ပေးရတဲ့ အလုပ်ကို အဓိက လုပ်ကိုင်တာပဲ ဖြစ်ပါတယ်
ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ၊ ပြည့်တန်ဆာများ၏ အငှားခင်ပွန်းအဖြစ် ဟန် ဆောင် ပေးသူဘဝမှ ဝီရသူ ၏ အနီးကပ်လုံခြုံရေး ၊ အမျိုးသားရေး အစွန်း ရောက်ဖြစ်လာသူ ညောင်ကန်(ခ) ကိုကိုမောင်
By ဟိဏ်းဝေယံ
အကြမ်းဖက်စစ်တပ်က လက်သက်မွေးပြီး အာဏာသိမ်းဖို့အရေး အသုံးချခဲ့တဲ့ မဘသ အစွန်း ရောက်တွေ၊ အမျိုးသားရေး အမည်ခံကာ ငွေကြေးလုပ် စားသူ တွေ အကြောင်း ပြည်သူများသိရှိနိုင်စေဖို့ ဖော် ထုတ် ရေးသားနေရာမှာ ဒီတစ်ပတ် တော့ ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ ၊ ပြည့်တန်ဆာတွေရဲ့ အငှား ခင်ပွန်းဟန်ဆောင်ပေးသူ အဖြစ်ကနေ ဝီရသူရဲ့ အနီးကပ်လုံခြုံရေး ၊ အမျိုး သားရေး အစွန်း ရောက် ညောင်ကန်(ခ) ကိုကိုမောင် အကြောင်း တင်ပြပါ့မယ်
မဘသ နဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ ငွေကြေးအတွက် စစ်တပ် ထောက်ခံပြီး ငွေကြေး လုပ်စားနေသူတွေပါ။ ဘယ်အလုပ်မှ လက်ကြော မတင်းဘဲ မကောင်းတာမှန်သမျှ အကုန်လုပ် စားခဲ့သူတွေဘဝကနေ စစ်တပ်က အလွယ် တကူ ထုတ်ပေးတဲ့ ငွေကြေးကို ရယူကာ တိုင်းပြည်ကို နင်းချေ ဖျက်ဆီးခဲ့ကြတာကို သက်သေတွေနဲ့တကွ ထုတ်ဖော် ရေးသားနေတာပါ
ညောင်ကန်(ခ) ကိုကိုမောင်ဆိုတာဟာ ဝီရသူ ရဲ့ ရန်ကုန် တရားပွဲတွေနဲ့ နိုင်ငံ ရေး ဟောပြောပွဲတွေမှာ လုံခြုံရေး ယူပေးတဲ့ လုံခြုံရေးခေါင်းဆောင်ဖြစ်ပါတယ်
ဝင်းကိုကိုလတ် ခေါ် ဖိုးလောင်တီး က ညစ်ညမ်းစာတွေ ရေးသားနေရာက ဝီရသူနဲ့ တွေ့ပြီး အမျိုးသား ရေးသမားဖြစ် လာသလို အခု ညောင်ကန်(ခ) ကိုကိုမောင်ကလည်း အမျိုးသား ရေး အစွန်း ရောက် ဘ၀ မရောက်ခင်က ပြည့်တန်ဆာတွေရဲ့ အငှားခင်ပွန်း၊ ညစ်ညမ်း ဗီဒီယိုရိုက်ကူး ရောင်းစား သူဖြစ်ပါတယ်
မြောက်ဒဂုံမှာနေထိုင်တဲ့ ညောင်ကန်(ခ) ကိုကိုမောင် အမျိုးသား ရေးအစွန်း ရောက် မဖြစ်လာခင်မှာ လုပ်ကိုင်တဲ့ အလုပ်က ပြည့်တန်ဆာတွေ စုပေါင်း ငှားနေတဲ့ အိမ် သို့မဟုတ် ပြည့်တန်ဆာ တွေနဲ့ ဆက်ဆံလို့ရတဲ့ အိမ်တွေကို ရဲဝင်ဖမ်းရင် ပြည့်တန်ဆာ အလုပ်လုပ်နေတာမဟုတ်ဘဲ ယောကျ်ား နဲ့ နေတာဖြစ်ကြောင်း သက်သေပြနိုင်ရန် အတွက် ပြည့်တန်ဆာတွေရဲ့ အငှားခင်ပွန်းအဖြစ် နေထိုင်ပေးရတဲ့ အလုပ်ကို အဓိက လုပ်ကိုင်တာပဲ ဖြစ်ပါတယ်
ဒါ့အပြင် သူကိုယ်တိုင်လည်း ပြည့်တန်ဆာတွေနဲ့ အတူနေပြီး ဗီဒီယိုရိုက်ကူးပြီး မြန်မာ ညစ်ညမ်း ဗီဒီယိုဆိုပြီး ရောင်းစားတာမျိုးတွေလည်းလုပ်ပါတယ်။ သူ့ဗီဒီယိုတွေကို နာမည်ကြီး အပြာWebsite တချို့မှာရှိနေပါသေးတယ်
ညောင်ကန်(ခ) ကိုကိုမောင်က အမျိုးသားရေးအစွန်းရောက် အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသားရေးအစည်းအရုံး(MNO) အဖွဲ့မှာလည်း ပါဝင်သူ ဖြစ်ပါတယ်။ သူ့ကို အမျိုးသား ရေး ခေတ်ဦးသမားလို့ ပြောလို့ ရပါတယ်
ရန်ကုန် အမျိုးသားရေးအစွန်းရောက် လောကမှာ လူဦးရေ လက်ချိုးရေလို့ရ တဲ့အချိန်ကတည်းက စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေး အဖြစ် ပါဝင် နေခဲ့တာပါ။ ယုံကြည်ချက်ကြောင့်မဟုတ်ပါဘူး။ ငွေရလို့ဖြစ်ပါတယ်
အမျိုးသားရေးအစွန်းရောက် လောကရဲ့ ထိပ်သီး တွေဖြစ်တဲ့ သာကေတ လူ မိုက် တင်လင်းထိုက် ခေါ် လင်းလင်း ၊ ဝင်းကိုကိုလတ်(စွေစောင်း ၊ ညစ်ညမ်း အပြာစာရေးသူ ဖိုးလောင်တီး) နဲ့လည်း အမြဲအတူ သွားလာသောက်စား နေသူ လည်းဖြစ်ပါတယ်
ဝင်းကိုကိုလတ်နဲ့ ညောင်ကန်(ခ) ကိုကိုမောင်က အရင်ညစ်ညမ်းစာပေ၊ ဗီဒီယို တွေ ရိုက်ကူးချိန် ကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော်တွေ လည်းဖြစ်ပါတယ်
ဝင်းကိုကိုလတ် က အွန်လိုင်းမှာ ပြည့်တန်ဆာတွေနဲ့ ချိတ်ဆက်ရှာဖွေပေးတဲ့ အလုပ်လုပ်နေချိန်မှာ ညောင်ကန်(ခ) ကိုကိုမောင်ကလည်း ဝင်းကိုကိုလတ်ကို ကူညီ ချိတ်ဆက်ရှာပေးရင်း အကျိုးတူ အလုပ် လုပ်ကြပါတယ်။ ဖာခေါင်း အလုပ်ကို အတူတွဲလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်
ညောင်ကန် ခေါ် ကိုကိုမောင် ရဲ့ ညစ်ညမ်း လိင်ကိစ္စ စိတ်ဝင်စားမှုက အမျိုးသား ရေး အစွန်းရောက် ဖြစ်လာချိန်မှာလည်း ငြိမ်သက်မသွားခဲ့ပါဘူး
ဓမ္မစကူးလ် ဆရာမ တစ်ယောက်ကို ကြိုက်နှစ်သက်ဟန်ဆောင်ပြီး တည်းခို ခန်း မှာ အတူနေပါတယ်။ အဲဒီလို အတူနေခဲ့တာကို ဗီဒီယို ခိုးရိုက်ပြီး အွန်လိုင်းပေါ်က အပြာဝက်ဆိုဒ်တွေမှာ ပြန်လည် ရောင်းချခဲ့ပါတယ်။ အဲဒီလိုပဲ အခြားသောအမျိုးသမီးငယ်တွေကို လည်း ကြိုက်နှစ်သက်ချင်ယောင် ဆောင် ကာ အတူနေထိုင်ပြီး ဗီဒီယိုရိုက်ကူး ရောင်းစားတာတွေ အခုထက်ထိကို လုပ်နေတုန်းပါပဲ
လက်ရှိအချိန်မှာတော့ ညောင်ကန်(ခ) ကိုကိုမောင်က စစ်အာဏာရှင် ဆန့်ကျင် ရေး လှုပ်ရှားသူ လူငယ် တွေကို အဓိက ပစ်မှတ်ထား ရှာဖွေ ဖမ်းဆီးတဲ့ အလုပ် ကို လုပ်ကိုင်နေပါတယ်
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသ၊ အမျိုးသားရေး ကြွေးကြော် နေကြသူတွေဟာ မကောင်းမှုမှန်သမျှ အကုန်လုပ်ရင်း စစ်တပ်အသုံးချခံဘဝကို ငွေရယူ ကျေကျေနပ်နပ်ခံယူခဲ့ကြတဲ့ ဒုစရိုက်သမားတွေဆိုတာ ပေါ်လွင်နေပြီ ဖြစ်ပါတယ်
Leave a Reply
Your email address will not be published. Required fields are marked *