အေဖကိုမေက်နပ္လို႔သားက အိမ္မီးရႈိ႕

DeltaNewsAgency

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ ဘုန္းစိုးရပ္၊ယုဇနလမ္းမွာ ဇန္နဝါရီ (၆) ရက္ညပိုင္းကအိမ္မီးေလာင္မႈတခုျဖစ္ခဲ့ၿပီး အဲ့ဒီမီးေလာင္မႈဟာ အေဖကိုမေက်နပ္လို႔ သား ျဖစ္သူကရႈိ႕တဲ့မီးျဖစ္ေၾကာင္းစစ္ေဆးေတြ႕ရွိတယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ နီးစပ္သူေတြဆီကသိရပါတယ္

မေန႔က ည(၁၀)ဝန္းက်င္မွာ ျဖစ္ခဲ့တဲ့ အဲ့ဒီမီးေလာင္မႈေၾကာင့္ မီးေလာင္မႈေၾကာင့္ လူေနအိမ္ႏွစ္လုံးနဲ႔ ဆိုင္ကယ္ႏွစ္စီး၊စက္ဘီးတစီး ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔သိရပါတယ္

မီးေလာင္မႈနဲ႔ပတ္သက္ၿပီး မုံ႐ြာၿမိဳ႕နယ္ မီးသတ္ဦးစီးမႉးနဲ႔ နယ္ေျမရဲစခန္းက ရဲအရာရွိတို႔ စစ္ေဆးခ်က္ေတြအရ မိသားစုတြင္း ျပႆနာကိုအေျခခံ ၿပီး သားျဖစ္သူက အေဖကိုမေက်နပ္လို႔ မီးရႈိ႕တယ္ဆိုတာ ေပၚေပါက္တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ နီးစပ္သူေတြကေျပာပါတယ္

အခုလို အိမ္မီးရႈိ႕ေစတဲ့အထိ သားအဖႏွစ္ဦး မေက်မနပ္ျဖစ္ရတဲ့အေၾကာင္းရင္းကိုေတာ့မသိရပါဘူး။မီးရႈိ႕မႈက်ဴးလြန္းခဲ့တဲ့ မုံ႐ြာၿမိဳ႕ခံ ေက်ာ္မ်ိဳးမင္းဆိုသူကိုေတာ့ ရာဇသတ္ႀကီးပုဒ္မ (၄၃၆)နဲ႔ အမႈဖြင့္ထားတယ္လို႔သိရပါတယ္

မေန႔က ညပိုင္းမွာ ျဖစ္ခဲ့တဲ့ မီးေလာင္မႈကို ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕က မီးသတ္ကား သုံးစီး၊ေရသယ္ယာဥ္ေလးစီးနဲ႔ ျငႇိမ္းသတ္ခဲ့ၿပီး မိနစ္ႏွစ္ဆယ္ဝန္း က်င္အၾကာမွာ ျငႇိမ္းသတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္

Photo – CJ

အဖေကိုမကျေနပ်လို့သားက အိမ်မီးရှို့

DeltaNewsAgency

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုန်းစိုးရပ်၊ယုဇနလမ်းမှာ ဇန်နဝါရီ (၆) ရက်ညပိုင်းကအိမ်မီးလောင်မှုတခုဖြစ်ခဲ့ပြီး အဲ့ဒီမီးလောင်မှုဟာ အဖေကိုမကျေနပ်လို့ သား ဖြစ်သူကရှို့တဲ့မီးဖြစ်ကြောင်းစစ်ဆေးတွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကသိရပါတယ်

မနေ့က ည(၁၀)ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ အဲ့ဒီမီးလောင်မှုကြောင့် မီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံးနဲ့ ဆိုင်ကယ်နှစ်စီး၊စက်ဘီးတစီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်

မီးလောင်မှုနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် မီးသတ်ဦးစီးမှူးနဲ့ နယ်မြေရဲစခန်းက ရဲအရာရှိတို့ စစ်ဆေးချက်တွေအရ မိသားစုတွင်း ပြဿနာကိုအခြေခံ ပြီး သားဖြစ်သူက အဖေကိုမကျေနပ်လို့ မီးရှို့တယ်ဆိုတာ ပေါ်ပေါက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေကပြောပါတယ်

အခုလို အိမ်မီးရှို့စေတဲ့အထိ သားအဖနှစ်ဦး မကျေမနပ်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့မသိရပါဘူး။မီးရှို့မှုကျူးလွန်းခဲ့တဲ့ မုံရွာမြို့ခံ ကျော်မျိုးမင်းဆိုသူကိုတော့ ရာဇသတ်ကြီးပုဒ်မ (၄၃၆)နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်

မနေ့က ညပိုင်းမှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုကို မြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား သုံးစီး၊ရေသယ်ယာဉ်လေးစီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မိနစ်နှစ်ဆယ်ဝန်း ကျင်အကြာမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်

Photo – CJ

 

Leave a Reply

Your email address will not be published. Required fields are marked *