စစ္ကိုင္းမွ မုံ႐ြာဘက္သို႔ လာေသာ စစ္ကားယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္မႈ စစ္ကားတစ္စီးကို တည့္တည့္ထိမွန္၍ စစ္သားမ်ား ေသဆုံးထိခိုက္မႈရွိ

ရန္ကုန္၊ ဇန္နဝါရီ ၈

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္မွ မုံ႐ြာဘက္သို႔ ယေန႔ နံနက္ပိုင္း လာေသာ စစ္ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရၿပီး စစ္သားမ်ား ေသဆုံးထိခိုက္မႈရွိေၾကာင္း People’s Army To Fight Dictatorship(PAFD)က ေျပာသည္

ယေန႔ ဇန္နဝါရီလ ၈ ရက္နံနက္ ၆နာရီ၄၇မိနစ္အခ်ိန္ စစ္ကိုင္းတပ္မ ၃၃ မွ မုံ႐ြာ ဘက္သို႔ထြက္ခြာလာေသာ ကားတစ္စီးလွ်င္ အင္ အားစစ္သား ၃၀ ဦးခန႔္ ပါေသာ စစ္ကား ၂ စီးအနက္မွ စစ္ကားတစ္စီးကို မိုင္းဆြဲတိုက္ခိုက္ရာ စစ္သား မ်ား ထိခိုက္ေသဆုံးမႈရွိေၾကာင္း၊

မိုင္းဆြဲတိုက္ခိုက္မႈ ျမင္းမူၿမိဳ႕ ႏွင္ဝမ္းျပည့္ ေက်း ႐ြာ အၾကားတြင္ ျပဳလုပ္ျခင္းျဖစ္ၿပီး စစ္ကားမွာ ေရွ႕သို႔ဆက္ မေမာင္းႏိုင္ ေတာ့ဘဲ ထိုးရပ္သြားခဲ့ေၾကာင္း သိရွိရသည္

မိုင္းဆြဲမႈေၾကာင့္ ပ်က္စီးသြားေသာကားႏွင့္ ေသဆုံးဒဏ္ရာရသည့္ စစ္သားမ်ား ကို ျမင္းမူၿမိဳ႕မွ ကားတစ္စီးျဖင့္ လာေရာက္သယ္ေဆာင္ၿပီး မိုးကာအုပ္၍ တင္ ေဆာင္ ေမာင္းႏွင္သြားေၾကာင္း၊ မိုင္းထိသြားေသာကားေပၚမွ အင္အား ၃၀ ခန႔္ရွိသည့္အနက္ ၁၀ ဦးခန႔္သာ ဆင္းလာႏိုင္ေတာ့ေၾကာင္း သိရွိရသည္

မိုင္းဆြဲ စစ္ဆင္ေရးကို People’s Army To Fight Dictatorship(PAFD) တပ္ခြဲ DK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ TAUNGTHA People Defense Force(TTAPDF)၊ D.B.B.F.MMU မဟာမိတ္အဖြဲ႕မ်ားပူးေပါင္း တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိ ရသည္

စစ်ကိုင်းမှ မုံရွာဘက်သို့ လာသော စစ်ကားယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကားတစ်စီးကို တည့်တည့်ထိမှန်၍ စစ်သားများ သေဆုံးထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မုံရွာဘက်သို့ ယနေ့ နံနက်ပိုင်း လာသော စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားများ သေဆုံးထိခိုက်မှုရှိကြောင်း People’s Army To Fight Dictatorship(PAFD)က ပြောသည်

ယနေ့ ဇန်နဝါရီလ ၈ ရက်နံနက် ၆နာရီ၄၇မိနစ်အချိန် စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာ ဘက်သို့ထွက်ခွာလာသော ကားတစ်စီးလျှင် အင် အားစစ်သား ၃၀ ဦးခန့် ပါသော စစ်ကား ၂ စီးအနက်မှ စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား များ ထိခိုက်သေဆုံးမှုရှိကြောင်း၊

မိုင်းဆွဲတိုက်ခိုက်မှု မြင်းမူမြို့ နှင်ဝမ်းပြည့် ကျေး ရွာ အကြားတွင် ပြုလုပ်ခြင်းဖြစ်ပြီး စစ်ကားမှာ ရှေ့သို့ဆက် မမောင်းနိုင် တော့ဘဲ ထိုးရပ်သွားခဲ့ကြောင်း သိရှိရသည်

မိုင်းဆွဲမှုကြောင့် ပျက်စီးသွားသောကားနှင့် သေဆုံးဒဏ်ရာရသည့် စစ်သားများ ကို မြင်းမူမြို့မှ ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်ပြီး မိုးကာအုပ်၍ တင် ဆောင် မောင်းနှင်သွားကြောင်း၊ မိုင်းထိသွားသောကားပေါ်မှ အင်အား ၃၀ ခန့်ရှိသည့်အနက် ၁၀ ဦးခန့်သာ ဆင်းလာနိုင်တော့ကြောင်း သိရှိရသည်

မိုင်းဆွဲ စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ TAUNGTHA People Defense Force(TTAPDF)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်

Leave a Reply

Your email address will not be published. Required fields are marked *