‘နန္းထိုက္ေအာင္စစ္ဆင္ေရး’အျဖစ္ ရန္ကုန္တိုင္း သုံးခြၿမိဳ႕နယ္ ကတုံးေပၚရဲစခန္းအား တိုက္ခိုက္သိမ္းပိုက္

▪️ရဲသုံးေယာက္ေသၿပီး ေသနတ္ႏွစ္လက္ရဟု ေျပာ

ေက်ာ္ေဇာ/Peoppe’s Spring

‘နန္းထိုက္ေအာင္စစ္ဆင္ေရး’အျဖစ္ ရန္ကုန္တိုင္း သုံးခြၿမိဳ႕နယ္မွ ကတုံးေပၚနယ္ေျမရဲစခန္းအား တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း ရန္ကုန္တိုင္းစစ္ေဒသခြဲမွ တာဝန္ရွိသူတစ္ဦးက People’s Spring သို႔ အတည္ျပဳေျပာၾကားသည္

ယေန႔(ဇန္နဝါရီ ၈)နံနက္ ၅ နာရီခန႔္က ရန္ကုန္ (ပကဖ) ေတာင္ပိုင္းခ႐ိုင္ဇုံ(၂) Fire Dragon တပ္ခြဲမွ ‘နန္းထိုက္ေအာင္စစ္ဆင္ေရး’အျဖစ္ သုံးခြၿမိဳ႕နယ္ရွိ ကတုံးေပၚေက်း႐ြာရဲစခန္းအား တိုက္ခိုက္သိမ္းပိုက္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္

“ရဲ ၃ ေယာက္က်ဆုံးၿပီး G3 လက္နက္ ၂ လက္ရယူႏိုင္ခဲ့ၿပီး စခန္းအားမီးရႈိ႕ႏိုင္ခဲ့ပါတယ္”ဟု ရန္ကုန္စစ္ေဒသခြဲမွ တာဝန္ရွိသူက ေျပာသည္

အထက္ပါ ကတုံးေပၚနယ္ေျမရဲစခန္းသည္ ၿပီးခဲ့သည့္ႏွစ္(ၿပီးခဲ့သည့္ႏွစ္၂၀၂၂)စက္တင္ဘာ ၂၂ ရက္ကလည္း ခရမ္း PDF၏ ပစ္ခတ္တိုက္ခိုက္ျခင္းကိုခံခဲ့ရၿပီး ရဲစခန္းအေဆာက္အအုံႏွင့္ စစ္ေကာင္စီရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္မႈရွိခဲ့သည္

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

▪️ရဲသုံးယောက်သေပြီး သေနတ်နှစ်လက်ရဟု ပြော

ကျော်ဇော/Peoppe’s Spring

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ ကတုံးပေါ်နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ အတည်ပြုပြောကြားသည်

ယနေ့(ဇန်နဝါရီ ၈)နံနက် ၅ နာရီခန့်က ရန်ကုန် (ပကဖ) တောင်ပိုင်းခရိုင်ဇုံ(၂) Fire Dragon တပ်ခွဲမှ ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် သုံးခွမြို့နယ်ရှိ ကတုံးပေါ်ကျေးရွာရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်

“ရဲ ၃ ယောက်ကျဆုံးပြီး G3 လက်နက် ၂ လက်ရယူနိုင်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ပါတယ်”ဟု ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်

အထက်ပါ ကတုံးပေါ်နယ်မြေရဲစခန်းသည် ပြီးခဲ့သည့်နှစ်(ပြီးခဲ့သည့်နှစ်၂၀၂၂)စက်တင်ဘာ ၂၂ ရက်ကလည်း ခရမ်း PDF၏ ပစ်ခတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ရဲစခန်းအဆောက်အအုံနှင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့သည်

 

Leave a Reply

Your email address will not be published. Required fields are marked *