PDFစစ္​ေဆး​ေရးဂိတ္ကိုလာတိုက္ေသာစစ္တပ္ႏွင့္ရွမ္းနီတပ္ပူး​ေပါင္းစစ္​ေၾကာင္းတန္ျပန္တိုက္ခိုက္ခံရၿပီး စစ္​ေၾကာင္းမႉးအပါအဝင္ ၁၀ ဦး​ေသ
▪︎စစ္​ေရးတင္းမာ​ေနၿပီး PDF ႏွင့္ စစ္တပ္/ရွမ္းနီတပ္ တပ္ဆိုင္ထား

ေမၾကည္/People’s Spring

စစ္ကိုင္းတိုင္းဟုမၼလင္း-ေဖာင္ျပင္လမ္းမွPDF စစ္ေဆးေရးဂိတ္ကို စစ္ေကာင္စီတပ္ႏွင့္ ရွမ္းနီတပ္ဖြဲ႕က စစ္ေၾကာင္းထိုးလာ၍ ျပည္သူ႔ကာကြယ္ေရးမဟာမိတ္မ်ား​ကတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္စစ္ေၾကာင္းမႉးအပါအဝင္ ဆယ္ဦးေသဆုံးသြား​ေၾကာင္း​ေဒသတြင္းသတင္းရင္းျမစ္မ်ားက​ေျပာသည္

ဟုမၼလင္း-ေဖာင္ျပင္လမ္းပိုင္းရွိ နတ္နန္းေက်း႐ြာမွPDF စစ္ေဆးေရးဂိတ္ကိုစစ္ေကာင္စီတပ္ႏွင့္ ရွမ္းနီတပ္ဖြဲ႕(SNA)က ဇန္နဝါရီ ၅ရက္မွစတင္၍ စစ္ေၾကာင္းထိုးလာ​ေသာေၾကာင့္ခႏၲီးခ႐ိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္ မဟာမိတ္မ်ားက တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီအထိနာၿပီး ဖ႐ိုဖရဲထြက္ေျပးသြားေၾကာင္း ျပည္သူ႔ကာကြယ္ေရးရဲတပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္

“နတ္နန္းဂိတ္ကိုလာသိမ္းတာ။ကြၽန္ေတာ္တို႔က၁၅မိနစ္ေလာက္သတင္းႀကိဳရေတာ့ ေရွာင္ေပးလိုက္တယ္။ ၿပီးမွ ျပန္ခ်တာ။ စစ္ေကာင္စီဘက္က စစ္ေၾကာင္းမႉးက်ၿပီး အုပ္ခ်ဳပ္မႈဖ႐ိုဖရဲျဖစ္သြားၿပီး ျပန္ေျပးတယ္။လက္ရွိ နတ္နန္းဂိတ္ကို ကြၽန္ေတာ္တို႔ ရထားတယ္” ဟုခႏၲီးခ႐ိုင္ ျပည္သူ႔ကာကြယ္
ေရးတပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္

ဇန္နဝါရီလ ၅ရက္တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ႏွင့္ ရွမ္းနီအဖြဲ႕မွ စစ္ေၾကာင္းမႈးအပါအဝင္ ရွစ္ဦး၊ ဇန္နဝါရီ ၆ရက္ တိုက္ပြဲတြင္ စစ္ေကာင္စီဘက္ကႏွစ္ဦး၊ စုစုေပါင္း ဆယ္ဦးေသဆုံးသြားေၾကာင္း ျပည္သူ႔ကာကြယ္ေရးရဲေဘာ္တစ္ဦးကေျပာသည္

ယခုတစ္ႀကိမ္တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀၀ ခန္႔ႏွင့္ ရွမ္းနီတပ္ဖြဲ႕မွ ၁၀၀ခန္႔ျဖင့္ စစ္ေၾကာင္းထိုးလာျခင္းျဖစ္​ေၾကာင္းသိရသည္။ယခုအခါစစ္ေကာင္စီတပ္၊ရွမ္းနီပူးေပါင္းတပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးမဟာမိတ္တပ္ဖြဲ႕မ်ားသည္ မီတာ သုံးရာခန္႔အကြာတြင္ တပ္ဆိုင္ထားသည့္အေနအထားဟု ခႏၲီးခ႐ိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ ရဲေဘာ္တစ္ဦးကေျပာသည္

နတ္နန္းဂိတ္ကို ၿပီးခဲ့သည့္ ၂၀၂၂ ႏိုဝင္ဘာလ တိုက္ပြဲတြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက သိမ္းပိုက္ၿပီး တပ္ထိုင္ထားျခင္းျဖစ္သည္။ထိုဂိတ္ကို ျပန္သိမ္းရန္ စစ္ေကာင္စီတပ္က ထပ္မံ ႀကိဳးစားစဥ္ အထနာခဲ့ျခင္းျဖစ္သည္

(စစ္​ေကာင္စီတပ္ႏွင့္ ရွမ္းနီတပ္ဖြဲ႕ ပူး​ေပါင္းစစ္​ေၾကာင္းမွ​ေသဆုံးသူအခ်ိဳ႕ ၏ယူနီ​ေဖာင္း။ ဓါတ္ပုံ-The 74 media )

PDFစစ်​ဆေး​ရေးဂိတ်ကိုလာတိုက်သောစစ်တပ်နှင့်ရှမ်းနီတပ်ပူး​ပေါင်းစစ်​ကြောင်းတန်ပြန်တိုက်ခိုက်ခံရပြီး စစ်​ကြောင်းမှူးအပါအဝင် ၁၀ ဦး​သေ
▪︎စစ်​ရေးတင်းမာ​နေပြီး PDF နှင့် စစ်တပ်/ရှမ်းနီတပ် တပ်ဆိုင်ထား

မေကြည်/People’s Spring

စစ်ကိုင်းတိုင်းဟုမ္မလင်း-ဖောင်ပြင်လမ်းမှPDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့က စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ​ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးအပါအဝင် ဆယ်ဦးသေဆုံးသွား​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်

ဟုမ္မလင်း-ဖောင်ပြင်လမ်းပိုင်းရှိ နတ်နန်းကျေးရွာမှPDF စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)က ဇန်နဝါရီ ၅ရက်မှစတင်၍ စစ်ကြောင်းထိုးလာ​သောကြောင့်ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာပြီး ဖရိုဖရဲထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်

“နတ်နန်းဂိတ်ကိုလာသိမ်းတာ။ကျွန်တော်တို့က၁၅မိနစ်လောက်သတင်းကြိုရတော့ ရှောင်ပေးလိုက်တယ်။ ပြီးမှ ပြန်ချတာ။ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးကျပြီး အုပ်ချုပ်မှုဖရိုဖရဲဖြစ်သွားပြီး ပြန်ပြေးတယ်။လက်ရှိ နတ်နန်းဂိတ်ကို ကျွန်တော်တို့ ရထားတယ်” ဟုခန္တီးခရိုင် ပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်

ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကနှစ်ဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်

ယခုတစ်ကြိမ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်နှင့် ရှမ်းနီတပ်ဖွဲ့မှ ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်​ကြောင်းသိရသည်။ယခုအခါစစ်ကောင်စီတပ်၊ရှမ်းနီပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသည် မီတာ သုံးရာခန့်အကွာတွင် တပ်ဆိုင်ထားသည့်အနေအထားဟု ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်

နတ်နန်းဂိတ်ကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး တပ်ထိုင်ထားခြင်းဖြစ်သည်။ထိုဂိတ်ကို ပြန်သိမ်းရန် စစ်ကောင်စီတပ်က ထပ်မံ ကြိုးစားစဥ် အထနာခဲ့ခြင်းဖြစ်သည်

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့ ပူး​ပေါင်းစစ်​ကြောင်းမှ​သေဆုံးသူအချို့ ၏ယူနီ​ဖောင်း။ ဓါတ်ပုံ-The 74 media )

 

Leave a Reply

Your email address will not be published. Required fields are marked *