ဗိုလ္အယ္ေဆးဝါးနဲ႔ ေရးဘီလူးတို႔ ေတြဆုံ
– ထိေရာက္တဲ့စစ္ေရးလႈပ္ရွားမႈေတြ အဆုံးထိ ေစာင့္ၾကည့္ဖို႔ေျပာ
Connect Burma| ဇန္နဝါရီ ၇
ေကာ္သူးေလတပ္မေတာ္ Lion Battalion Commando ဗ်ဴဟာစစ္ေၾကာင္း ဦးေဆာင္သူ ဗိုလ္အယ္ေဆးဝါးနဲ႔ မြန္ျပည္က ေရဘီလူးတို႔ ေတြ႕ဆုံခဲ့ၾကတယ္လို႔ ႏွစ္ဖက္လုံးက လူထုကို အသိေပးပါတယ္
ဗိုလ္အယ္ေဆးဝါးက ေကာ့ကရိတ္၊ ၾကာအင္းဆိပ္ႀကီးခြင္မွာ အင္တိုက္အားတိုက္ တိုက္ခိုက္ေနသူျဖစ္ၿပီး ေရးဘီလူးက ေရးၿမိဳ႕နယ္မွာ အင္တိုက္အားတိုက္ တိုက္ခိုက္ေနသူျဖစ္ပါတယ္
သူတို႔ႏွစ္ဦး ေတြ႕ဆုံမႈမွာ စစ္အာဏာရွင္စနစ္ ဆန႔္က်င္ေတာ္လွန္ေရး စစ္ေရးစစ္ရာကိစၥရပ္အပိုင္း ေဆြးေႏြးညႇိႏႈိင္းမႈအေျခအေနကိုေတာ့ ႏွစ္ဖက္လုံးက အသိေပးျခင္းမရွိပါဘူး
ဒါေပမဲ့ Lion Battalion Commando ဗ်ဴဟာစစ္ေၾကာင္းက “ၿမိဳ႕ျပ…..ေဗ်ာက္ရဲ႕ ထိေရာက္တဲ့စစ္ဆင္ေရးလႈပ္ရွားမႉေတြကိုအဆုံးထိေစာင့္ၾကည့္ေပးၾကပါ” လို႔ အရိပ္အႁမြက္ ေျပာဆိုပါတယ္
ေရးဘီလူး ဦးေဆာင္တဲ့အဖြဲ႕ဟာလည္း ေရးၿမိဳ႕နယ္မွာ နယ္ေျမစိုးမိုးမႈ အားေကာင္းလာေနၿပီး ေရးၿမိဳ႕နဲ႔ ႏွစ္မိုင္ေလာက္သာ ေဝးေတာ့တဲ့ ေက်း႐ြာေတြအထိ စိုးမိုးထားႏိုင္တယ္လို႔ အသိေပးထားပါတယ္
လက္နက္ပိုင္ဆိုင္မႈအေျခအေနမွာေတာ့ ေရဘီလူးအဖြဲ႕က အာပီဂ်ီအသုံးျပဳတိုက္ခိုက္တဲ့ မွတ္တမ္းေတြ႕ရၿပီး ၿပီးခဲ့တဲ့ရက္ကေတာ့ က်ပ္သိန္း ၄၅၀တန္ တစ္လက္ အေႂကြးဝယ္ထားတယ္လို႔ အသိေပးထားပါတယ္
ဓာတ္ပုံ- (၁- LBC)၊ (၂-၃-၄ ေရးဘီလူး)
Connect Burma
ဗိုလ်အယ်ဆေးဝါးနဲ့ ရေးဘီလူးတို့ တွေဆုံ
– ထိရောက်တဲ့စစ်ရေးလှုပ်ရှားမှုတွေ အဆုံးထိ စောင့်ကြည့်ဖို့ပြော
Connect Burma| ဇန်နဝါရီ ၇
ကော်သူးလေတပ်မတော် Lion Battalion Commando ဗျူဟာစစ်ကြောင်း ဦးဆောင်သူ ဗိုလ်အယ်ဆေးဝါးနဲ့ မွန်ပြည်က ရေဘီလူးတို့ တွေ့ဆုံခဲ့ကြတယ်လို့ နှစ်ဖက်လုံးက လူထုကို အသိပေးပါတယ်
ဗိုလ်အယ်ဆေးဝါးက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးခွင်မှာ အင်တိုက်အားတိုက် တိုက်ခိုက်နေသူဖြစ်ပြီး ရေးဘီလူးက ရေးမြို့နယ်မှာ အင်တိုက်အားတိုက် တိုက်ခိုက်နေသူဖြစ်ပါတယ်
သူတို့နှစ်ဦး တွေ့ဆုံမှုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး စစ်ရေးစစ်ရာကိစ္စရပ်အပိုင်း ဆွေးနွေးညှိနှိုင်းမှုအခြေအနေကိုတော့ နှစ်ဖက်လုံးက အသိပေးခြင်းမရှိပါဘူး
ဒါပေမဲ့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက “မြို့ပြ…..ဗျောက်ရဲ့ ထိရောက်တဲ့စစ်ဆင်ရေးလှုပ်ရှားမှူတွေကိုအဆုံးထိစောင့်ကြည့်ပေးကြပါ” လို့ အရိပ်အမြွက် ပြောဆိုပါတယ်
ရေးဘီလူး ဦးဆောင်တဲ့အဖွဲ့ဟာလည်း ရေးမြို့နယ်မှာ နယ်မြေစိုးမိုးမှု အားကောင်းလာနေပြီး ရေးမြို့နဲ့ နှစ်မိုင်လောက်သာ ဝေးတော့တဲ့ ကျေးရွာတွေအထိ စိုးမိုးထားနိုင်တယ်လို့ အသိပေးထားပါတယ်
လက်နက်ပိုင်ဆိုင်မှုအခြေအနေမှာတော့ ရေဘီလူးအဖွဲ့က အာပီဂျီအသုံးပြုတိုက်ခိုက်တဲ့ မှတ်တမ်းတွေ့ရပြီး ပြီးခဲ့တဲ့ရက်ကတော့ ကျပ်သိန်း ၄၅၀တန် တစ်လက် အကြွေးဝယ်ထားတယ်လို့ အသိပေးထားပါတယ်
ဓာတ်ပုံ- (၁- LBC)၊ (၂-၃-၄ ရေးဘီလူး)
Connect Burma