
မဲခေါင်၊ ဇန်နဝါရီ ၇






MeKongNews

ရေးမြို့လယ်ခေါင်က ထွေအုပ်ရုံးနဲ့ ဝန်ထမ်းလိုင်းခန်းကို ရေးဘီလူးအဖွဲ့က ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

မဲခေါင်၊ ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ရေးမြို့လယ်ခေါင်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ ဝန်ထမ်း လိုင်းခန်းကို မနေ့ မနက်ပိုင်းက ၄၀ မမ‌ တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ထံမှ သိရပါတယ်

မနေ့ မနက် ၆ နာရီ ဝန်းကျင်က ရေးမြို့လယ်ခေါင်မှာရှိ တဲ့ စုပေါင်း ထွေအုပ်ရုံးနဲ့ ရုံးအရှေ့ရှိ ဝန်ထမ်း လိုင်းခန်းကို ၄၀ မမ ၄ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ထိခိုက်မှုကို အတိအကျ မသိရှိပေမယ့် ရုံးခန်း အဆောက်အဦ တစ်ချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်

“ရုံးဝန်းထဲအထိ ၄၀ မမ ၄ လုံးနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တယ်။ အထိအခိုက် ကိုတော့ အတိအကျ မသိရပါဘူး။ ရုံးထဲထိ ၄၀ မမ ကျပါတယ် အဆောက်အဦ ထိခိုက်မှုတော့ ရှိတာ တွေ့ရတယ်” လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်

အခုလို တိုက်ခိုက်ရတာက ရေးမြို့ကို အဖွဲ့ပေါင်းစုံ၊ ဌာနပေါင်းစုံ၊ တပ်ရင်းပေါင်းစုံ ပိတ်ဆို့ထားတဲ့ ကြားက ရေးမြို့တွင်း တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တာကို ပြသတဲ့ သဘော ဖြစ်တယ်လို့ သူကပြောပါတယ်

ဇန်နဝါရီလ ၂ ရက်နေ့ ကလည်း ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းရှိ စစ်တပ်ပိုင် မိုင်တဲ တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး တာဝါတိုင်ကို လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်

MeKongNews

 

Leave a Reply

Your email address will not be published. Required fields are marked *