ရန်ကုန်၊ ဇန်နဝါရီ ၇
ရန်ကုန်ရှိ မြို့နယ်တချို့တွင် မြို့နယ် ကြီးကြပ်မှု ကော်မတီက အိမ်ထောင်စု စာရင်းများ လိုက်လံ ကောက်ခံမည်ဟု လော်ဖြင့် လိုက်အော် (ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၇
ရန်ကုန်ရှိ မြို့နယ်တချို့တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ မြို့နယ် ကြီးကြပ်မှု ကော်မတီက အိမ်ထောင်စု စာရင်းများ လိုက်လံ ကောက်ခံမည်ဟု လော်လိုက်အော်ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်
ဇန်နဝါရီလ ၇ ရက်နေ့ ည ပိုင်းတွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ စမ်းချောင်းမြို့နယ် ကြီးကြပ်မှု ကော်မတီက အိမ်ထောင်စုစာရင်းများကို
ဇန်နဝါရီလ ၉ ရက်နေ့တွင် လိုက်လံကောက်ခံမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိတ္တူနှင့် မူရင်းများ ကြိုတင်ပြင်ဆင်ထားကြရန် လော်ဖြင့် လိုက်အော်ခဲ့ကြောင်း သိရသည်
” မဲစာရင်းအတွက်လာတော့ မသိဘူး ဇန်နဝါရီလ ၉ ရက်နေ့မှာ အိမ်ထောင်စု စာရင်းတွေ လိုက်ကောက်မယ်ဆိုပြီး လော်နဲ့ လာအော်သွားတယ်
တခြားမြို့နယ်တွေမှာ လည်း လိုက်အော်တာတွေရှိတယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်
ရုပ်သံကြည့်ရန်👇👇