မိုင္းဖုန္းဆရာေတာ္၏ ေမြးေန႔ပြဲကာလအတြင္း ယာဥ္/လမ္း ရွင္းလင္းေရး လုပ္ေဆာင္ရင္း ယာဥ္ထိန္းရဲတစ္ဦး ဆိုင္ကယ္ေမွာက္ၿပီး ေသဆုံး

မိုင္းဖုန္းဆရာေတာ္၏ ေမြးေန႔ပြဲ ႏွင့္ ဗုဒၶဂါယာမဟာေဗာဓိေစတီထီးတင္ပြဲကာလတြင္း ယာဥ္/လမ္းစည္းကမ္း ရွင္းလင္းေရးတာဝန္ေဆာင္႐ြက္ေနသူ ယာဥ္ထိန္းရဲတစ္ဦး ဆိုင္ကယ္တိမ္းေမွာက္ကာ စိုးရိမ္ရသည့္ ဒဏ္ရာျဖင့္ ေဆးကုသမႈခံယူစဥ္အတြင္း ေဆး႐ုံ၌ ေသဆုံးသြားေၾကာင္း အမွတ္(၁၉)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး႐ုံး(ရွမ္းအေရွ႕)ထံက သိရသည္

အမွတ္(၁၂၀)ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံခ႐ိုင္)မွ ယာဥ္ထိန္းရဲတပ္ၾကပ္စိုးဝင္းႏိုင္သည္ ၂၀၂၃ခုႏွစ္ ဇန္နဝါရီလ(၆)ရက္ေန႔ ည(၆)နာရီခြဲဝန္းက်င္အခ်ိန္က ယာဥ္/လမ္းရွင္းလင္းေရး လုပ္ေဆာင္ရန္အတြက္ ေဝွေလလန္ပူးေပါင္းစစ္ေဆးေရးဂိတ္ကေန ဆြတ္ဆိုင္လမ္းဆုံသို႔ ဆိုင္ကယ္ျဖင့္ ေမာင္းသြားစဥ္ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ရာမွ ဦးေခါင္းႏွင့္ရင္ဘတ္တို႔တြင္ ဒဏ္ရာမ်ားရရွိသည့္အျပင္ ညာဘက္လက္ေမာင္းပါ က်ိဳးၿပီး သတိလစ္သြားေၾကာင္း သိရသည္

၎အား တာခ်ီလိတ္ေဆး႐ုံသို႔ အေရးေပၚပို႔ေဆာင္ၿပီး ေဆးကုသမႈခံယူေနရင္း ဇန္နဝါရီလ(၆)ရက္ေန႔၏ ည(၁၁)နာရီခြဲေက်ာ္တြင္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရသည္

ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္ၿပီး ေသဆုံးသူ အသက္(၃၅)ႏွစ္အ႐ြယ္ အမွတ္(၁၂၀)ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံခ႐ိုင္)မွ ယာဥ္ထိန္းရဲတပ္ၾကပ္စိုးဝင္းႏိုင္အား ဝမ္ပုံနယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-ကျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္

တာခ်ီလိတ္ၿမိဳ႕ နယ္ မိုင္းဖုန္း(က)ေက်း႐ြာအုပ္စုအတြင္း ၂၀၂၃ခုႏွစ္ ဇန္ဝါရီလ(၁)ရက္ေန႔ကေန ဇန္နဝါရီလ(၆)ရက္ေန႔အထိ က်င္းပျပဳလုပ္သည့္ မိုင္းဖုန္းဆရာေတာ္၏ ေမြးေန႔ပြဲႏွင့္ ဗုဒၶဂါယာမဟာေဗာဓိေစတီ ထီးေတာ္တင္ပြဲသို႔ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးယာဥ္မ်ား အမ်ားအျပားလာေရာက္ၾကသည့္ အတြက္

တာခ်ီလိတ္ယာဥ္ထိန္းတပ္ဖြဲ႕ တစ္ဖြဲ႕တည္း၏ အင္အားျဖင့္ မလုံေလာက္၍ အမွတ္(၁၉)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး႐ုံး(ရွမ္းအေရွ႕)၏ ကြပ္ကဲမႈျဖင့္ အမွတ္(၁၂၀)ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံခ႐ိုင္) ႏွင့္ အမွတ္(၁၂၁) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခ႐ိုင္) အပါအဝင္ အမွတ္(၁၂၂)ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (မိုင္းဆတ္ခ႐ိုင္) တို႔ စုေပါင္းၿပီး ေဆာင္႐ြက္ခဲ့ရေၾကာင္း အမွတ္(၁၉)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမႉး႐ုံး(ရွမ္းအေရွ႕)ထံက သိရသည္

TachileikNewsAgency

မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲကာလအတွင်း ယာဉ်/လမ်း ရှင်းလင်းရေး လုပ်ဆောင်ရင်း ယာဉ်ထိန်းရဲတစ်ဦး ဆိုင်ကယ်မှောက်ပြီး သေဆုံး

မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲ နှင့် ဗုဒ္ဓဂါယာမဟာဗောဓိစေတီထီးတင်ပွဲကာလတွင်း ယာဉ်/လမ်းစည်းကမ်း ရှင်းလင်းရေးတာဝန်ဆောင်ရွက်နေသူ ယာဉ်ထိန်းရဲတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ စိုးရိမ်ရသည့် ဒဏ်ရာဖြင့် ဆေးကုသမှုခံယူစဉ်အတွင်း ဆေးရုံ၌ သေဆုံးသွားကြောင်း အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းအရှေ့)ထံက သိရသည်

အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ ယာဉ်ထိန်းရဲတပ်ကြပ်စိုးဝင်းနိုင်သည် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်အချိန်က ယာဉ်/လမ်းရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်ကနေ ဆွတ်ဆိုင်လမ်းဆုံသို့ ဆိုင်ကယ်ဖြင့် မောင်းသွားစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိသည့်အပြင် ညာဘက်လက်မောင်းပါ ကျိုးပြီး သတိလစ်သွားကြောင်း သိရသည်

၎င်းအား တာချီလိတ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရင်း ဇန်နဝါရီလ(၆)ရက်နေ့၏ ည(၁၁)နာရီခွဲကျော်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး သေဆုံးသူ အသက်(၃၅)နှစ်အရွယ် အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ ယာဉ်ထိန်းရဲတပ်ကြပ်စိုးဝင်းနိုင်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်

တာချီလိတ်မြို့ နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၁)ရက်နေ့ကနေ ဇန်နဝါရီလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲနှင့် ဗုဒ္ဓဂါယာမဟာဗောဓိစေတီ ထီးတော်တင်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များ အများအပြားလာရောက်ကြသည့် အတွက်

တာချီလိတ်ယာဉ်ထိန်းတပ်ဖွဲ့ တစ်ဖွဲ့တည်း၏ အင်အားဖြင့် မလုံလောက်၍ အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းအရှေ့)၏ ကွပ်ကဲမှုဖြင့် အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်) နှင့် အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်) အပါအဝင် အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိုင်းဆတ်ခရိုင်) တို့ စုပေါင်းပြီး ဆောင်ရွက်ခဲ့ရကြောင်း အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းအရှေ့)ထံက သိရသည်

TachileikNewsAgency

 

Leave a Reply

Your email address will not be published. Required fields are marked *