Breaking News မဂၤလာဒုံ‌ေလတပ္လိုင္းခန္းဝင္းအား ၿမိဳ႕ျပေျပာက္က်ားမ်ားက M -79 ဗုံးပစ္ေလာင္ခ်ာျဖင့္ ပစ္ခတ္တိုက္ခိုက္

ဂႏၵမာ(မဇၩိမ)။။ ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ႏွင့္ အင္းစိန္ၿမိဳ႕နယ္ၾကား၊ ဂ်ပန္လမ္း(သိရိမဂၤလာလမ္း)ရွိ မဂၤလာဒုံေလတပ္ လိုင္းခန္းဝင္းအား ၿမိဳ႕ျပေျပာက္က်ားမ်ားက M – 79 (ဗုံးပစ္ေလာင္ခ်ာ)ျဖင့္ ယေန႔ နံနက္အေစာပိုင္းက ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္

ယေန႔ ဇန္နဝါရီလ ၇ ရက္ နံနက္ ၅ နာရီ ၅ မိနစ္ အခ်ိန္ခန႔္တြင္ ဗုံးပစ္ေလာင္ခ်ာျဖင့္ ဗုံးသီးသုံးလုံး ေအာင္ျမင္စြာပစ္ခတ္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္

“အဲ့ေနရာမွာ ဂိတ္ရွိတယ္။အဲ့မွာ စစ္ေကာင္စီတပ္သား ပုံမွန္ ငါး‌ေယာက္ရွိတယ္။ ေရွ႕တည့္တည့္ လမ္းေပၚက ေနရာမွာ လင့္စင္ရွိတယ္ အဲ့အေပၚမွာ စစ္သား တစ္ေယာက္ အၿမဲရွိတယ္။ ပစ္ၿပီး ခ်က္ခ်င္းျပန္ေျပးထြက္ရတာ ၊ေနရာက အႏၲရာယ္မ်ားတယ္ အင္းစိန္ဘက္ကလူအခ်ိဳ႕ကေတာ့ ေပါက္ကြဲသံအက်ယ္ႀကီးၾကားရတယ္ေျပာတယ္” ဟု တိုက္ခိုက္မႈျပဳလုပ္ခဲ့ပုံႏွင့္ပတ္သက္ၿပီး အဆပလ – ACPLF မွ တာဝန္ရွိသူက မဇၩိမကို ေျပာသည္

ယခုကဲ့သို႔ တိုက္ခိုက္ရျခင္းမွာ ေတာ္လွန္‌ေရးအင္အားစုမ်ားကို လက္နက္အသာစီးျဖင့္ ဒုကၡေပးေနသည့္ စစ္ေကာင္စီေလတပ္ဝန္ထမ္းမ်ားကို တတ္ႏိုင္သမွ် ျပန္လည္တိုက္ခိုက္ျခင္းျဖင့္ ေတာ္လွန္ေရးကို အေထာက္အပံ့ျဖစ္ေစရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္း သိရသည္

တိုက္ခိုက္မႈအၿပီး ၎တို႔ဘက္မွ ျပန္လည္တုန႔္ျပန္မႈကို ေစာင့္ၾကည့္ခ်ိန္မရခဲ့သည့္အတြက္ ထိခိုက္မႈအေျခအေနကိုလည္း စုံစမ္းေနဆဲျဖစ္ၿပီး အတိအက်မသိရေသးေၾကာင္း ဆိုသည္

အဆိုပါ တိုက္ခိုက္မႈကို အာဏာသိမ္းဆန႔္က်င္ေရးႏွင့္ျပည္သူ႔လြတ္ေျမာက္ေရးအဖြဲ႕ အဆပလ – (ACPLF) ႏွင့္ Fear No Evil အဖြဲ႕တို႔က ပူးေပါင္းလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္

Breaking News မင်္ဂလာဒုံ‌လေတပ်လိုင်းခန်းဝင်းအား မြို့ပြပြောက်ကျားများက M -79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ဂန္ဒမာ(မဇ္ဈိမ)။။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်ကြား၊ ဂျပန်လမ်း(သိရိမင်္ဂလာလမ်း)ရှိ မင်္ဂလာဒုံလေတပ် လိုင်းခန်းဝင်းအား မြို့ပြပြောက်ကျားများက M – 79 (ဗုံးပစ်လောင်ချာ)ဖြင့် ယနေ့ နံနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်

ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၅ နာရီ ၅ မိနစ် အချိန်ခန့်တွင် ဗုံးပစ်လောင်ချာဖြင့် ဗုံးသီးသုံးလုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်

“အဲ့နေရာမှာ ဂိတ်ရှိတယ်။အဲ့မှာ စစ်ကောင်စီတပ်သား ပုံမှန် ငါး‌ယောက်ရှိတယ်။ ရှေ့တည့်တည့် လမ်းပေါ်က နေရာမှာ လင့်စင်ရှိတယ် အဲ့အပေါ်မှာ စစ်သား တစ်ယောက် အမြဲရှိတယ်။ ပစ်ပြီး ချက်ချင်းပြန်ပြေးထွက်ရတာ ၊နေရာက အန္တရာယ်များတယ် အင်းစိန်ဘက်ကလူအချို့ကတော့ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်ပြောတယ်” ဟု တိုက်ခိုက်မှုပြုလုပ်ခဲ့ပုံနှင့်ပတ်သက်ပြီး အဆပလ – ACPLF မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်

ယခုကဲ့သို့ တိုက်ခိုက်ရခြင်းမှာ တော်လှန်‌ရေးအင်အားစုများကို လက်နက်အသာစီးဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီလေတပ်ဝန်ထမ်းများကို တတ်နိုင်သမျှ ပြန်လည်တိုက်ခိုက်ခြင်းဖြင့် တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်

တိုက်ခိုက်မှုအပြီး ၎င်းတို့ဘက်မှ ပြန်လည်တုန့်ပြန်မှုကို စောင့်ကြည့်ချိန်မရခဲ့သည့်အတွက် ထိခိုက်မှုအခြေအနေကိုလည်း စုံစမ်းနေဆဲဖြစ်ပြီး အတိအကျမသိရသေးကြောင်း ဆိုသည်

အဆိုပါ တိုက်ခိုက်မှုကို အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ အဆပလ – (ACPLF) နှင့် Fear No Evil အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *