မှောင်မျှစ် ဆိုတဲ့ဘဲ ခုနစ်သံချီ ဟစ်လှချေလား အောက်မေ့နေတာ။ လက်စသတ်တော့ ကြင်စိုးဒပဲ့တွေ လှည့်ပတ်မီးရှို့တဲ့ထဲ သူ့အမျိုးရွာတွေ ပါကုန်တာကိုး။ ဘယ်ရွာ ရှို့ခံထိထိ ဝမ်းသာစရာတော့ မရှိပါဘူး။ ဒါပေသိ ကိုယ့်ထိမှ နာတတ်တဲ့ စိတ်ဓါတ်ကိုတော့ ဒဲ့၊တွတ်ပတ်လည် ရွံတယ်
ကြင်စိုးများ ဘာမှတ်။ သူ့အာဏာမြဲဖို့ဆို မူကျိမြက်ဖုတ်တောင် အောက်တိန်းလောင်း ရှို့မယ့်ကောင်
မှောင်မျှစ်ကလဲ ခေသူမဟုတ်။ ကြင်စိုးကို လစ်ဗျား ကဒါဖီနဲ့ နှိုင်းပစ်သာ။ ကြင်စိုး မင်း “လစ်.. လိုက်တော့.. ဗျား” လို့ ယူသော် ရ၏ပေါ့
မောင်ကျူး မင့်ဟာကလဲ ဇွတ်လို့ မပြောနဲ့။ သားကတော့ ဒီလိုပဲ အတိတ်ကောက်တယ်
မှောင်မျှစ်ဆိုတဲ့ဘဲက ကျပ်သာမပြည့်တာ တပ်မမှူး၊ ဝန်ချီး၊ ဝန်ဂလေးလုပ်လာတဲ့ကောင်။ သဒေါင်းဇားထဲမှာတော့ မြတ်ကျော်ရယ်
အမ်ပီမှောင်မျှစ်ဘွမှာ မူလတန်းကလေးတွေ လိမ်တာလဲ ခံခဲ့ရဖူးတော့ အောက်သက်ကကျေဒယ်
ဖြစ်ပုံက ဒီလို။ သူ့မဲဆန္ဒနယ်က မူလတန်းကျောင်းကို ခပ်တည်တည်နဲ့ ကွင်းဆင်းတယ် အက်မှာ ကလေးတွေကို ချိုချဉ်ဝေပြီး “သားသားကြီးရင် ဘာဖြစ်ချင်လဲ” မေးသတဲ့
“ ဘဘ အူးမှောင်ညစ်လို ဖြစ်ချင်ဒါ” လို့ ချိုချဉ်မျက်နှာနဲ့ ဖြေတာကို အဟုတ်ထင်ပြီး ခလေးတွေရဲ့ အိုက်ဒေါ့ကြီးကွလို့ မသူတော်လုပ်သေးတာ
စကားပြောရင်လဲ မဘသစွေစောင်းရဲ့ သောက်လုံးတွေလို ဘိုလိုက ညှပ်ညှပ်ပြောသေးတာ။ တောင်တလုံး မြောက်တလုံးနဲ့
အခုလဲ ကြင်စိုးကို ဘိုလိုမှုတ် ခြောက်တယ် No Fly Zone Resolution ဘာညာ။ “အင်န်သျမ်းဆိုးဝှပ်” တောင် မှန်မှန်ကန်ကန် မသိတဲ့ကောင်ကို ဘိုလိုသွားမှုတ်တယ်
နိုးဖလိုင်းဇုံကို မောင်ကြင်စိုးက “ခြင်ရိုက်ဘက်တံကြော်ငြာ” လို့ ထင်နေတာရယ်။ ဒဂဲ့ အကောင်ပလောင်တွေ။ ဒီလို အရူးတွေနဲ့ ငါတို့က ရှုံးစရာလား
ကဲကဲ ဒို့ရွာသားတွေ အာရုံမများနဲ့။ အာရုံများရင် နေ့ဆွမ်းလွတ်တတ်တယ်။ ဆက်ဆွဲလိုက်ကြစို့
ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (မှောင်မျှစ်ဖက်ကိုက်-ကြင်စိုးခိုက် ကဏ္ဍ)
Leave a Reply
Your email address will not be published. Required fields are marked *