ေရးၿမိဳ႕နဲ႔ ၂ မိုင္ခန႔္သာကြာေဝးတဲ့ က်ဳံေလာင္း႐ြာေဟာင္းကို ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း ေရးဘီလူးအဖြဲ႕ေျပာ

ဧရာဝတီတိုင္းမ္

(ေရး)၊ ဇန္နဝါရီလ ၇ ရက္

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ က်ဳံေလာင္း႐ြာေဟာင္းကို ယေန႔ ဇန္နဝါရီလ ၇ ရက္ေန႔မွစတင္ၿပီး ထိန္းခ်ဳပ္လိုက္ၿပီျဖစ္ေၾကာင္း YEဘီလူးအဖြဲ႕ေခါင္းေဆာင္ကေျပာသည္

ေရးၿမိဳ႕နဲ႔ ၂မိုင္ခန႔္အကြာတြင္ရွိသည့္ က်ဳံးေလာင္း႐ြာေဟာင္းတြင္ စစ္ေကာင္စီ၏အုပ္ခ်ဳပ္ေရးယႏၲရားမ်ား လည္ပတ္ျခင္းမရွိေတာ့ဘဲ YEဘီလူးအဖြဲ႕မွအေျခေနအရ ဆက္လက္ထိန္းခ်ဳပ္ထားမည္ဟုဆိုသည္

“က်ဳံေလာင္း႐ြာေဟာင္းကို ေရးဘီလူးအဖြဲ႕ကေနထိန္းလိုက္ၿပီ၊ ပထမဆုံးကေတာ့ စစ္ေကာင္စီရဲ႕အုပ္ခ်ဳပ္ေရးယႏၲရားမရွိေတာ့ဘူး၊ ရွိတဲ့ဝန္ထမ္းေတြအကုန္ထြက္ကုန္ၿပီ၊ သူတို႔ရဲ႕လုံၿခဳံေရးကိုစိုးရိမ္လို႔၊ ႐ြာကိုထိန္းခ်ဳပ္တာကေတာ့အေျခအေနၾကည့္ၿပီး ဆက္ လက္ေဆာင္႐ြက္မယ္၊ ျပည္သူေတြလဲအထိမနာေအာင္ေဆာင္႐ြက္ရတာမို႔ပါ

စစ္ေကာင္စီဘက္ကေတာ့ အခုခ်ိန္ထိဘာမွမလုပ္ေသးဘူး၊ ႐ြာကိုလုံၿခဳံေရးလာယူတာမ်ိဳး၊ ကင္းလွည့္တာမ်ိဳးေတာ့မရွိေသးဘူး” ဟု ေရးဘီလူးအဖြဲ႕ေခါင္းေဆာင္ မွ ဧရာဝတီတိုင္းမ္ကိုေျပာသည္

လက္ရွိတြင္ က်ဳံေလာင္း႐ြာေဟာင္းရွိ စစ္ေကာင္ေထာက္တိုင္လုပ္ငန္းမ်ား၊ စစ္ေကာင္စီ၏အုပ္ခ်ဳပ္ေရးယႏၲရားမ်ားအားလုံးအား ပိတ္သိမ္းလိုက္ၿပီး စာသင္ေက်ာင္းမ်ားလဲ ယာယီပိတ္ထားကာ ျပည္သူမ်ားအထိမနာေအာင္ အေျခ‌အေနေပၚမူတည္ၿပီးဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္

ေရးၿမိဳ႕တြင္ စစ္ေကာင္စီတပ္ အမွတ္ ၁၉ စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္(စကခ ၁၉)ႏွင့္ လက္ ေအာက္ခံ တပ္ ရင္းမ်ားျဖစ္သည့္ ခလရ ၆၁၊ ခလရ ၂၉၉၊ ခမရ ၃၄၃ ၊ ခမရ ၅၈၆ ၊ အမွတ္ ၃၁၆ အေျမာက္တပ္ရင္း (အမတ ၃၁၆)စသည့္ တပ္မ၊တပ္ရင္းမ်ားအျပင္ အျခားစစ္လက္႐ုံးတပ္တခ်ိဳ႕လည္းအေျခစိုက္ထားသည့္ၿမိဳ႕ျဖစ္သည္

YEဘီလူးအဖြဲ႕သည့္ ေရးၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ရဲတပ္ဖြဲ႕မ်ား၊စစ္ေကာင္စီယႏၲရားေထာက္ တိုင္ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ သတင္းေပးဒလန္မ်ားအားရွင္းလင္းျခင္းႏွင့္ စစ္ေကာင္စီလက္ေအာက္ခံ တပ္ ရင္းမ်ား၊ အုပ္ခ်ဳပ္ေရးဆိုင္ရာ႐ုံးအေဆာက္အဦမ်ားအား မၾကာခဏတိုက္ခိုက္မႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္းသိရသည္

ဓာတ္ပုံ – ယေန႔တြင္ က်ဳံေလာင္း႐ြာေဟာင္းရွိအလံတိုင္မွအလံအား ျဖဳတ္ခ်ေနပုံ။

ရေးမြို့နဲ့ ၂ မိုင်ခန့်သာကွာဝေးတဲ့ ကျုံလောင်းရွာဟောင်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ပြော

ဧရာဝတီတိုင်းမ်

(ရေး)၊ ဇန်နဝါရီလ ၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှစတင်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း YEဘီလူးအဖွဲ့ခေါင်းဆောင်ကပြောသည်

ရေးမြို့နဲ့ ၂မိုင်ခန့်အကွာတွင်ရှိသည့် ကျုံးလောင်းရွာဟောင်းတွင် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ခြင်းမရှိတော့ဘဲ YEဘီလူးအဖွဲ့မှအခြေနေအရ ဆက်လက်ထိန်းချုပ်ထားမည်ဟုဆိုသည်

“ကျုံလောင်းရွာဟောင်းကို ရေးဘီလူးအဖွဲ့ကနေထိန်းလိုက်ပြီ၊ ပထမဆုံးကတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားမရှိတော့ဘူး၊ ရှိတဲ့ဝန်ထမ်းတွေအကုန်ထွက်ကုန်ပြီ၊ သူတို့ရဲ့လုံခြုံရေးကိုစိုးရိမ်လို့၊ ရွာကိုထိန်းချုပ်တာကတော့အခြေအနေကြည့်ပြီး ဆက် လက်ဆောင်ရွက်မယ်၊ ပြည်သူတွေလဲအထိမနာအောင်ဆောင်ရွက်ရတာမို့ပါ

စစ်ကောင်စီဘက်ကတော့ အခုချိန်ထိဘာမှမလုပ်သေးဘူး၊ ရွာကိုလုံခြုံရေးလာယူတာမျိုး၊ ကင်းလှည့်တာမျိုးတော့မရှိသေးဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင် မှ ဧရာဝတီတိုင်းမ်ကိုပြောသည်

လက်ရှိတွင် ကျုံလောင်းရွာဟောင်းရှိ စစ်ကောင်ထောက်တိုင်လုပ်ငန်းများ၊ စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများအားလုံးအား ပိတ်သိမ်းလိုက်ပြီး စာသင်ကျောင်းများလဲ ယာယီပိတ်ထားကာ ပြည်သူများအထိမနာအောင် အခြေ‌အနေပေါ်မူတည်ပြီးဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်

ရေးမြို့တွင် စစ်ကောင်စီတပ် အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ် ရင်းများဖြစ်သည့် ခလရ ၆၁၊ ခလရ ၂၉၉၊ ခမရ ၃၄၃ ၊ ခမရ ၅၈၆ ၊ အမှတ် ၃၁၆ အမြောက်တပ်ရင်း (အမတ ၃၁၆)စသည့် တပ်မ၊တပ်ရင်းများအပြင် အခြားစစ်လက်ရုံးတပ်တချို့လည်းအခြေစိုက်ထားသည့်မြို့ဖြစ်သည်

YEဘီလူးအဖွဲ့သည့် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့များ၊စစ်ကောင်စီယန္တရားထောက် တိုင် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များအားရှင်းလင်းခြင်းနှင့် စစ်ကောင်စီလက်အောက်ခံ တပ် ရင်းများ၊ အုပ်ချုပ်ရေးဆိုင်ရာရုံးအဆောက်အဦများအား မကြာခဏတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်

ဓာတ်ပုံ – ယနေ့တွင် ကျုံလောင်းရွာဟောင်းရှိအလံတိုင်မှအလံအား ဖြုတ်ချနေပုံ။

Leave a Reply

Your email address will not be published. Required fields are marked *