ပုသိမ္အက်ဥ္းေထာင္အဓိက႐ုဏ္းအတြင္း ရဲတပ္ဖြဲ႕၏ပစ္ခတ္မႈေၾကာင့္ က်ဆုံးခဲ့သူမွာ ေခ်ာင္းသာေဒသခံ PDF ေဟာင္း ကိုေဝယံၿဖိဳးျဖစ္ေၾကာင္းသိရ

ဧရာဝတီတိုင္းမ္

ဇန္ဝါရီလ ၆ ရက္

ဧရာဝတီတိုင္း၊ ပုသိမ္အက်ဥ္းေထာင္တြင္ ဇန္နဝါရီလ ၆ ရက္မနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ အဓိက႐ုဏ္းအတြင္း ရဲတပ္ဖြဲ႕၏ ပစ္ခတ္မႈေၾကာင့္ က်ဆုံးခဲ့သူမွာ အသက္ ၃၅ ႏွစ္အ႐ြယ္ ေခ်ာင္းသာေဒသခံ PDF ေဟာင္း ကိုေဝယံၿဖိဳးျဖစ္ေၾကာင္း သတင္းရရွိသည္

May be an image of 1 person and text

က်ဆုံးသြားခဲ့သူ ႏိုင္ငံေရးအက်ဥ္းသား ကိုေဝယံၿဖိဳးမွာ ေခ်ာင္းသားေဒသခံတစ္ဦးျဖစ္ကာ Pathein Western Defense Force – PWDF တပ္ဖြဲ႕ဝင္ေဟာင္း တစ္ဦးျဖစသည္။ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ဇြန္လအတြင္းက ပန္းတေနာ္ၿမိဳ႕နယ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္အတြင္းရွိ စစ္ေၾကာေရးစခန္းတြင္ ၃ လၾကာ ႏွိပ္စက္ညႇဥ္းပန္းစစ္ေဆးခံခဲ့ရသူျဖစ္ေၾကာင္း သိရသည္

ပုသိမ္အက်ဥ္းေထာင္၌ ႏိုင္ငံေရးအက်ဥ္းသား ၈ ဦးကို ပုသိမ္ေထာင္ၫႊန္မႉးဦးေဆာင္သည့္ ေထာင္တာဝန္ရွိသူမ်ားက ဇန္နဝါရီလ ၅ ရက္ေန႔က အခ်ဳပ္ေဆာင္အတြင္းမွ ေခၚထုတ္ကာ နာရီေပါင္းမ်ားစြာ ႐ိုက္ႏွက္ညႇဥ္ပန္းႏွိပ္စက္သည့္ကိစၥႏွင့္ပတ္သတ္၍ ဇန္နဝါရီလ ၆ ရက္မနက္ပိုင္းတြင္ ပုသိမ္ေထာင္၌ ေထာင္ဆူမႈ ျဖစ္ပြားခဲ့သည္

အဆိုပါ ေထာင္ဆူပူမႈကို ပုသိမ္ၿမိဳ႕ရွိ ရဲတပ္ဖြဲ႕က ဇန္နဝါရီ ၆ ရက္ မနက္ ၉ နာရီေက်ာ္အခ်ိန္တြင္ ေထာင္တြင္းသို႔ ဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းရာမွ ကိုေဝယံၿဖိဳးထိမွန္၍ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ပုသိမ္ေထာင္ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္

“သူက ပန္းတေနာ္မွာ အဖမ္းခံလိုက္ရတာ သူ႔ကို စစ္ေၾကာေရးမွာ ၃ လေတာင္ ညႇဥ္းပန္းႏွိပ္စက္ၿပီး စစ္ခဲ့တာ ပုသိမ္ေထာင္ကို ေရာက္တာ မၾကာေသးဘူး။ ဒီမနက္မွာ ရဲေတြပစ္လို႔ ေသနတ္သုံးခ်က္ေတာင္မွန္တယ္လို႔ သိရတယ္ သူ႔မိဘေတြလည္း ကိုေဝယံၿဖိဳးေသတာ သိသြားၿပီ။ အေလာင္းကို ၾကည့္ခြင့္ေတာင္းေနတယ္ ခုထိေတာ့မရေသးဘူး”ဟု ပုသိမ္အက်ဥ္းေထာင္ႏွင့္ နီးစပ္သူတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္

ပုသိမ္အက်ဥ္းေထာင္၌ ဇန္နဝါရီလ ၆ ရက္ေန႔ မနက္ပိုင္းကျဖစ္ပြားခဲ့သည့္အဓိက႐ုဏ္းျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႕၏ပစ္ခတ္မႈေၾကာင့္ ႏိုင္င့ေရးအက်ဥ္းသား ကိုေဝယံၿဖိဳး က်ဆုံးခဲ့သလို အျခားအက်ဥ္းသားေပါင္း ၆၄ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ဒဏ္ရာရမ်ားထဲမွ ဒဏ္ရာျပင္းထန္သူအက်ဥ္းသား ၁၃ ဦးကို ပုသိမ္ေဆး႐ုံႀကီးတြင္ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနရေၾကာင္းႏွင့္ အက်ဥ္းသား ၄ ဦးမွာ ေသနတ္မွန္ဒဏ္ရာေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရသည့္အေနအထားတြင္ရွိေၾကာင္း ပုသိမ္ၿမိဳ႕ခံမ်ားထံမွ သိရသည္

ပုသိမ်အကျဉ်းထောင်အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူမှာ ချောင်းသာဒေသခံ PDF ဟောင်း ကိုဝေယံဖြိုးဖြစ်ကြောင်းသိရ

ဧရာဝတီတိုင်းမ်

ဇန်ဝါရီလ ၆ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူမှာ အသက် ၃၅ နှစ်အရွယ် ချောင်းသာဒေသခံ PDF ဟောင်း ကိုဝေယံဖြိုးဖြစ်ကြောင်း သတင်းရရှိသည်

May be an image of 1 person and text

ကျဆုံးသွားခဲ့သူ နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးမှာ ချောင်းသားဒေသခံတစ်ဦးဖြစ်ကာ Pathein Western Defense Force – PWDF တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက ပန်းတနော်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်ကြောရေးစခန်းတွင် ၃ လကြာ နှိပ်စက်ညှဉ်းပန်းစစ်ဆေးခံခဲ့ရသူဖြစ်ကြောင်း သိရသည်

ပုသိမ်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင်ညွှန်မှူးဦးဆောင်သည့် ထောင်တာဝန်ရှိသူများက ဇန်နဝါရီလ ၅ ရက်နေ့က အချုပ်ဆောင်အတွင်းမှ ခေါ်ထုတ်ကာ နာရီပေါင်းများစွာ ရိုက်နှက်ညှဉ်ပန်းနှိပ်စက်သည့်ကိစ္စနှင့်ပတ်သတ်၍ ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ပုသိမ်ထောင်၌ ထောင်ဆူမှု ဖြစ်ပွားခဲ့သည်

အဆိုပါ ထောင်ဆူပူမှုကို ပုသိမ်မြို့ရှိ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီကျော်အချိန်တွင် ထောင်တွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာမှ ကိုဝေယံဖြိုးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ထောင်နှင့် နီးစပ်သူများထံမှ သိရသည်

“သူက ပန်းတနော်မှာ အဖမ်းခံလိုက်ရတာ သူ့ကို စစ်ကြောရေးမှာ ၃ လတောင် ညှဉ်းပန်းနှိပ်စက်ပြီး စစ်ခဲ့တာ ပုသိမ်ထောင်ကို ရောက်တာ မကြာသေးဘူး။ ဒီမနက်မှာ ရဲတွေပစ်လို့ သေနတ်သုံးချက်တောင်မှန်တယ်လို့ သိရတယ် သူ့မိဘတွေလည်း ကိုဝေယံဖြိုးသေတာ သိသွားပြီ။ အလောင်းကို ကြည့်ခွင့်တောင်းနေတယ် ခုထိတော့မရသေးဘူး”ဟု ပုသိမ်အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်

ပုသိမ်အကျဥ်းထောင်၌ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့သည့်အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် နိုင်င့ရေးအကျဉ်းသား ကိုဝေယံဖြိုး ကျဆုံးခဲ့သလို အခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရများထဲမှ ဒဏ်ရာပြင်းထန်သူအကျဉ်းသား ၁၃ ဦးကို ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်းနှင့် အကျဉ်းသား ၄ ဦးမှာ သေနတ်မှန်ဒဏ်ရာကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း ပုသိမ်မြို့ခံများထံမှ သိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *