ၾကာအင္းဆိပ္ႀကီးတိုက္ပြဲတြင္ ေသဆုံးသြားသည့္ တပ္မ ၂၈၄ ယာယီတပ္ရင္းမႉး နာေရးအား ေနအိမ္တြင္ ျပဳလုပ္ရန္ ေဆာင္႐ြက္ေနမႈ စစ္တပ္က ဖ်က္သိမ္းခိုင္း၍ နာေရးလုပ္ခြင့္မရ

CJ Platform

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္အတြင္း တိုက္ပြဲတြင္ ဇန္နဝါရီ ၄ ရက္က ေသဆုံးခဲ့သည့္ တပ္မ ၂၈၄ ယာယီတပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး မင္းေမာင္ေမာင္ဟိန္း နာေရးအား ေျမာင္းျမေနအိမ္တြင္ ျပဳလုပ္ရန္ ေဆာင္႐ြက္ေနမႈအား စစ္တပ္က ဖ်က္သိမ္းခိုင္းခဲ့ေၾကာင္း ေဒသခံမ်ားထံမွ စုံစမ္းသိရွိရသည္

“ အခုလ ၄ ရက္ေန႔မွာ သူေသတယ္ဆိုလို႔၊ မိဘေတြက ၅ ရက္ေန႔မွာ နာေရးအတြက္ ျပင္ဆင္မႈေတြလုပ္ၿပီးၿပီ၊ အဲ့ဒါကို စစ္တပ္ကေနလာၿပီး ဖ်က္သိမ္းခိုင္းတာ။ နာေရးနဲ႔ ပတ္သက္တာ ဘာမွ မလုပ္နဲ႔ဆိုၿပီးေတာ့ လာတားတာ” ဟု ဒုဗိုလ္မႉးႀကီး မင္းေမာင္ေမာင္ဟိန္း မိသားစုႏွင့္ နီးစပ္သူ တစ္ဦးက CJ Platform သို႔ေျပာၾကားသည

ၾကားအင္ဆိပ္ႀကီးတိုက္ပြဲတြင္ ေသဆုံးခဲ့သည့္ ဒုဗိုလ္မႉးႀကီး မင္းေမာင္ေမာင္ဟိန္းသည္ ေျမာင္းျမၿမိဳ႕၊ ၇ ရပ္ကြက္၊ ေထာင္ေရာင္ေနလမ္း၊ အလယ္ေတာရ အနီးတြင္ ေနထိုင္သူျဖစ္ၿပီး စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ ကရင္ျပည္နယ္တြင္ တာဝန္က်ေနသူ ျဖစ္သည္

“သူ႔မွာ မိန္းမလည္းရွိတယ္ အေဖက ကိုဗစ္နဲ႔ဆုံးထားတာ၊အေမေတာ့ရွိေသးတယ္။ သူ႔အိမ္က ဘုန္းႀကီးေက်ာင္း ႏွစ္ေက်ာင္းရဲ႕အလယ္မွာ ၊ နာေရးအိမ္ပုံစံမ်ိဳး၊ ဆြမ္းေကြၽးတာေတြ၊ တရားနာတာေတြ၊ ရက္လည္ ဆြမ္းေကြၽးတာေတြ ဘာဆိုဘာမွ မလုပ္ခိုင္းဘဲလာတားတာ

ဘုန္ႀကီးေက်ာင္း ႏွစ္ေက်ာင္းၾကားထဲမွာ ေနၿပီးေတာ့ ရက္လည္ေတာင္ လုပ္ခြင့္မရတဲ့ အျဖစ္ေလ”ဟု နီးစပ္သူ တစ္ဦးက ဆက္လက္ေျပာၾကားသည္

ယခုကဲ့သို႔ နာေရးျပင္ဆင္မႈ ဖ်က္သိမ္းခိုင္းသည္ကို မည္သူ႔ကိုမွ ေျပာၾကားျခင္းမျပဳရန္ကိုလည္း မိသားစုအား သတိေပးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္

ဇန္နဝါရီ ၄ ရက္က ၾကာအင္းဆိပ္ႀကီး ခလရ ၃၂၊ ခလရ ၂၈၄၊ ခလရ ၂၈၃ တပ္ရင္းမ်ားကို ေတာ္ လွန္ေရးအင္အားစုမ်ားက တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီဘက္မွ ခလရ ၂၈၄ ယာယီတပ္ရင္းမႉး၊

ဒုဗိုလ္မႉးႀကီး/ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္းအပါအဝင္ စစ္သားအမ်ားအျပားေသဆုံးခဲ့ကာ အေလာင္းမ်ားကို ကားမ်ားျဖင့္ အေခါက္ ေခါက္အခါအခါ သယ္ထုတ္ခဲ့ရေၾကာင္းလည္း သိရသည္

စစ္ေကာင္စီသည္ ၎တို႔၏ တပ္ပ်က္ က်ဆုံးေနမႈအား ျပည္သူမ်ား မသိေစရန္ ရာထူးျမင့္ အရာရွိမ်ား၏ နာေရးမ်ားအား ေနအိမ္မ်ားတြင္ ဘာသာေရး ဓေလ့ထုံးစံႏွင့္အညီ လုပ္ေဆာင္မႈမ်ားအား တားျမစ္ေနၿပီး၊

လက္ေအာက္ငယ္မ်ား ေသဆုံးက်ဆုံးရာတြင္မူ အေလာင္းမ်ားအား ေတြ႕သည့္ေနရာတြင္ စြန႔္ပစ္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သတင္းမွတ္တမ္းမ်ားအရ သိရသည္

🖋️လင္းခိုင္

ဓာတ္ပုံ-ေပးပို႔

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် သေဆုံးသွားသည့် တပ်မ ၂၈၄ ယာယီတပ်ရင်းမှူး နာရေးအား နေအိမ်တွင် ပြုလုပ်ရန် ဆောင်ရွက်နေမှု စစ်တပ်က ဖျက်သိမ်းခိုင်း၍ နာရေးလုပ်ခွင့်မရ

CJ Platform

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲတွင် ဇန်နဝါရီ ၄ ရက်က သေဆုံးခဲ့သည့် တပ်မ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်း နာရေးအား မြောင်းမြနေအိမ်တွင် ပြုလုပ်ရန် ဆောင်ရွက်နေမှုအား စစ်တပ်က ဖျက်သိမ်းခိုင်းခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်

“ အခုလ ၄ ရက်နေ့မှာ သူသေတယ်ဆိုလို့၊ မိဘတွေက ၅ ရက်နေ့မှာ နာရေးအတွက် ပြင်ဆင်မှုတွေလုပ်ပြီးပြီ၊ အဲ့ဒါကို စစ်တပ်ကနေလာပြီး ဖျက်သိမ်းခိုင်းတာ။ နာရေးနဲ့ ပတ်သက်တာ ဘာမှ မလုပ်နဲ့ဆိုပြီးတော့ လာတားတာ” ဟု ဒုဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက CJ Platform သို့ပြောကြားသည

ကြားအင်ဆိပ်ကြီးတိုက်ပွဲတွင် သေဆုံးခဲ့သည့် ဒုဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်းသည် မြောင်းမြမြို့၊ ၇ ရပ်ကွက်၊ ထောင်ရောင်နေလမ်း၊ အလယ်တောရ အနီးတွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်တွင် တာဝန်ကျနေသူ ဖြစ်သည်

“သူ့မှာ မိန်းမလည်းရှိတယ် အဖေက ကိုဗစ်နဲ့ဆုံးထားတာ၊အမေတော့ရှိသေးတယ်။ သူ့အိမ်က ဘုန်းကြီးကျောင်း နှစ်ကျောင်းရဲ့အလယ်မှာ ၊ နာရေးအိမ်ပုံစံမျိုး၊ ဆွမ်းကျွေးတာတွေ၊ တရားနာတာတွေ၊ ရက်လည် ဆွမ်းကျွေးတာတွေ ဘာဆိုဘာမှ မလုပ်ခိုင်းဘဲလာတားတာ

ဘုန်ကြီးကျောင်း နှစ်ကျောင်းကြားထဲမှာ နေပြီးတော့ ရက်လည်တောင် လုပ်ခွင့်မရတဲ့ အဖြစ်လေ”ဟု နီးစပ်သူ တစ်ဦးက ဆက်လက်ပြောကြားသည်

ယခုကဲ့သို့ နာရေးပြင်ဆင်မှု ဖျက်သိမ်းခိုင်းသည်ကို မည်သူ့ကိုမှ ပြောကြားခြင်းမပြုရန်ကိုလည်း မိသားစုအား သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်

ဇန်နဝါရီ ၄ ရက်က ကြာအင်းဆိပ်ကြီး ခလရ ၃၂၊ ခလရ ၂၈၄၊ ခလရ ၂၈၃ တပ်ရင်းများကို တော် လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး၊

ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်းအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့ကာ အလောင်းများကို ကားများဖြင့် အခေါက် ခေါက်အခါအခါ သယ်ထုတ်ခဲ့ရကြောင်းလည်း သိရသည်

စစ်ကောင်စီသည် ၎င်းတို့၏ တပ်ပျက် ကျဆုံးနေမှုအား ပြည်သူများ မသိစေရန် ရာထူးမြင့် အရာရှိများ၏ နာရေးများအား နေအိမ်များတွင် ဘာသာရေး ဓလေ့ထုံးစံနှင့်အညီ လုပ်ဆောင်မှုများအား တားမြစ်နေပြီး၊

လက်အောက်ငယ်များ သေဆုံးကျဆုံးရာတွင်မူ အလောင်းများအား တွေ့သည့်နေရာတွင် စွန့်ပစ်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်

🖋️လင်းခိုင်

ဓာတ်ပုံ-ပေးပို့

 

Leave a Reply

Your email address will not be published. Required fields are marked *