လူငယ့်ခေတ်
ဇန္နဝါရီ ၆
ဇန်နဝါရီ၎ရက်နေ့မှာလဲ ပခုက္ကူမြို့နယ် ကန်တော်စာသင်ကျောင်းရှေ့ မှာ စစ်ဆေးရေးလုပ်နေတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းတွေနဲ့ ဗုံးကြဲမှုအတွင်း စစ်ကောင်စီတပ်သား၂ယောက်သေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်
lungekhit
မြိုင်ကစစ်တပ်ဂိတ်တွေကို တော်လှန်ရေးတပ်တွေ ဝင်တိုက် (ရုပ်သံ)
လူငယ့်ခေတ်
ဇန္နဝါရီ ၆
မကွေးတိုင်း မြိုင်မြို့က အာဏာသိမ်းစစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကို ဇန်နဝါရီလ ၅ရက် ညနေက ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်
မြိုင်မြို့ အနောက်ဖက် နဲ့ မြောက်ဖက်က စစ်ကောင်စီဂိတ်တွေကို လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ပြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား၂ယောက်သေပြီး ၅ယောက် ဒဏ်ရာရတယ်လို့လဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်
တိုက်ပွဲကြာချိန် (၁၅)မိနစ်ဝန်းကျင်ရှိပြီး တော်လှန်ရေးတပ်သားတွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်
ဇန်နဝါရီ၄ရက်နေ့မှာလဲ ပခုက္ကူမြို့နယ် ကန်တော်စာသင်ကျောင်းရှေ့ မှာ စစ်ဆေးရေးလုပ်နေတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းတွေနဲ့ ဗုံးကြဲမှုအတွင်း စစ်ကောင်စီတပ်သား၂ယောက်သေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်
lungekhit
Video- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်