ပုသိမ္ေထာင္တြင္း ပစ္ခတ္မႈ အက်ဥ္းသားေလးဦး ဒဏ္ရာရ

■ ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ အက်ဥ္းေထာင္အတြင္း ဇန္နဝါရီလ ၆ ရက္ ဒီေန႔ မနက္ ၉ နာရီ ဝန္းက်င္မွာ ေသနတ္ပစ္ ေဖာက္သံ ခုနစ္ခ်က္ၾကားရၿပီးေနာက္ အက်ဥ္းသားေလးဦး ေသနတ္ဒဏ္ရာ ရရွိခဲ့တယ္လို႔ အက်ဥ္းေထာင္နဲ႔ နီးစပ္သူ ေတြက ေျပာပါတယ္

ဒဏ္ရာရရွိတဲ့ အက်ဥ္းသားေလးဦးဟာ ႏိုင္ငံေရးအက်ဥ္းသားေတြလား၊ ႐ိုး႐ိုး ျပစ္ဒဏ္က် အက်ဥ္းသားေတြလားဆိုတာ အတည္ျပဳလို႔ မရေသးပါဘူး

အခုလို ေထာင္တြင္းဆူပူမႈျဖစ္ရပ္မွာ ေထာင္ဝင္စာ လာေတြ႕သူ သုံးဦးကိုလည္း စစ္ေကာင္စီဘက္က ဖမ္းဆီးထားတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ပုသိမ္ေထာင္နဲ႔ နီးစပ္သူ ၿမိဳ႕ခံတစ္ဦးက RFA ကို ေျပာပါတယ္

“ဒီမနက္ကိုးနာရီ ဝန္းက်င္ေလာက္ေပါ့။ ခုနစ္ခ်က္ပစ္တယ္ဆိုတာကေတာ့ ေသခ်ာတယ္။ အဲဒီမွာ ေထာင္ဝင္စာလာ ေတြ႕တဲ့ အမ်ိဳးသားႏွစ္ဦး၊ အမ်ိဳးသမီးတစ္ဦးကို ဖမ္းတယ္လို႔ ၾကားတယ္”

ဒီေန႔ ေန႔လယ္သုံးနာရီဝန္းက်င္မွာ လူနာတင္ယာဥ္တစ္စီး အက်ဥ္းေထာင္ထဲကို ဝင္ေရာက္သြားၿပီး ေထာင္ပတ္ဝန္းက်င္မွာလည္း စစ္တပ္က လုံၿခဳံေရးယူထားတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက ေျပာပါတယ္

ဒီေထာင္တြင္း ဆူပူမႈဟာ ဇန္နဝါရီလ ၅ ရက္ေန႔ မေန႔ညကတည္းက ဖုန္းေျပာဆိုခြင့္မရတဲ့အတြက္ အက်ဥ္းေထာင္ဝန္ထမ္းေတြနဲ႔ အက်ဥ္းသားေတြၾကား စကားမ်ားၾကရာက စတင္ခဲ့တာလို႔ ပုသိမ္ေထာင္နဲ႔ နီးစပ္မႈရွိသူတစ္ဦးက RFA ကို ေျပာပါတယ္

အခုလို အက်ဥ္းေထာင္ ဆူပူမႈ ျဖစ္ပြားၿပီးေနာက္ ေထာင္ဝင္စာကို ရက္အကန႔္အသတ္မရွိ ပိတ္လိုက္ၿပီလို႔လည္း ဆိုပါတယ္

ဒီကိစၥနဲ႔ပတ္သက္ၿပီး အေသးစိတ္သိရဖို႔ စစ္ေကာင္စီရဲ႕ ဧရာဝတီတိုင္း ေျပာခြင့္ရသူ လူမႈေရးရာဝန္ႀကီး ဦးေမာင္ေမာင္သန္းနဲ႔ အက်ဥ္းဦးစီးဌာန ေျပာခြင့္ရသူ ဦးႏိုင္ဝင္းတို႔ကို RFA က တယ္လီဖုန္းနဲ႔ ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖၾကားတာ မရွိပါဘူး

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၄ရက္ေန႔မွာ က်ေရာက္တဲ့ ၇၅ ႏွစ္ေျမာက္ စိန္ရတုလြတ္လပ္ေရးေန႔မွာ စစ္ေကာင္စီက အက်ဥ္းသား၊ အက်ဥ္းသူ ၇၀၁၂ ဦးကို ပုဒ္မ ၄၀၁ အရ ျပစ္ဒဏ္ေလွ်ာ့ၿပီး ျပန္လႊတ္ေပးခဲ့ပါတယ္

ဒါေပမဲ့ ႏိုင္ငံတစ္ဝန္းမွာရွိတဲ့ အက်ဥ္းေထာင္ေတြကေန လြတ္ေျမာက္လာတဲ့ အက်ဥ္းသားေတြထဲမွာ ႏိုင္ငံေရး အက်ဥ္း သား ၂၀၀ ေက်ာ္သာ ပါဝင္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ဇန္နဝါရီ ၄ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္

source-RFA

ပုသိမ်ထောင်တွင်း ပစ်ခတ်မှု အကျဉ်းသားလေးဦး ဒဏ်ရာရ

■ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၆ ရက် ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်မှာ သေနတ်ပစ် ဖောက်သံ ခုနစ်ချက်ကြားရပြီးနောက် အကျဉ်းသားလေးဦး သေနတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တွေက ပြောပါတယ်

ဒဏ်ရာရရှိတဲ့ အကျဉ်းသားလေးဦးဟာ နိုင်ငံရေးအကျဉ်းသားတွေလား၊ ရိုးရိုး ပြစ်ဒဏ်ကျ အကျဉ်းသားတွေလားဆိုတာ အတည်ပြုလို့ မရသေးပါဘူး

အခုလို ထောင်တွင်းဆူပူမှုဖြစ်ရပ်မှာ ထောင်ဝင်စာ လာတွေ့သူ သုံးဦးကိုလည်း စစ်ကောင်စီဘက်က ဖမ်းဆီးထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်ထောင်နဲ့ နီးစပ်သူ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်

“ဒီမနက်ကိုးနာရီ ဝန်းကျင်လောက်ပေါ့။ ခုနစ်ချက်ပစ်တယ်ဆိုတာကတော့ သေချာတယ်။ အဲဒီမှာ ထောင်ဝင်စာလာ တွေ့တဲ့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးကို ဖမ်းတယ်လို့ ကြားတယ်”

ဒီနေ့ နေ့လယ်သုံးနာရီဝန်းကျင်မှာ လူနာတင်ယာဉ်တစ်စီး အကျဉ်းထောင်ထဲကို ဝင်ရောက်သွားပြီး ထောင်ပတ်ဝန်းကျင်မှာလည်း စစ်တပ်က လုံခြုံရေးယူထားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်

ဒီထောင်တွင်း ဆူပူမှုဟာ ဇန်နဝါရီလ ၅ ရက်နေ့ မနေ့ညကတည်းက ဖုန်းပြောဆိုခွင့်မရတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား စကားများကြရာက စတင်ခဲ့တာလို့ ပုသိမ်ထောင်နဲ့ နီးစပ်မှုရှိသူတစ်ဦးက RFA ကို ပြောပါတယ်

အခုလို အကျဉ်းထောင် ဆူပူမှု ဖြစ်ပွားပြီးနောက် ထောင်ဝင်စာကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့လည်း ဆိုပါတယ်

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းနဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးနိုင်ဝင်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်လျှော့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်

ဒါပေမဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်း သား ၂၀၀ ကျော်သာ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်

source-RFA

Leave a Reply

Your email address will not be published. Required fields are marked *