ယာယီတပ္ရင္းမႉး ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္း အပါအဝင္ ၁၀ ဦးထက္မနည္းေသဆုံးခဲ့သည့္တိုက္ပြဲကို ၎တို႔ဘက္မွ ႀကံ့ႀကံ့ခံ ခုခံတိုက္ခိုက္သျဖင့္ ရန္သူမ်ား အက်အဆုံးမ်ားစြာျဖင့္ ဖ႐ိုဖရဲထြက္ေျပးသြားဟု စစ္ေကာင္စီက ျမဝတီသတင္းမွတဆင့္ ထုတ္ျပန္

ဧရာဝတီတိုင္းမ္

ဇန္နဝါရီလ ၅ ရက္

ကရင္ျပည္နယ္ရွိ ကရင့္အမ်ိဳးသားအစည္းအ႐ုံး – KNU တပ္မဟာ ၆ ထိန္းခ်ဳပ္နယ္ေျမ၊ ၾကာအင္းဆိပ္ႀကီး အေျခစိုက္ စစ္ေကာင္စီတပ္ရင္းေတြျဖစ္တဲ့ ခလရ ၃၂၊ ခလရ ၂၈၃ နဲ႔ ခလရ ၂၈၄ ခုကို ဇန္နဝါရီ ၄ ရက္ေန႔က KNLA ႏွင့္ PDF ပူးေပါင္းတပ္မ်ားမွ သြားေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္

အဆိုပါတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဘက္မွ ခလရ ၂၈၄ ယာယီတပ္ရင္းမႉး ဗိုလ္မႉး မင္းေမာင္မာင္ဟိန္း အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦး ထက္ မနည္း ေသဆုံးခဲ့တယ္လို႔ကရင္စစ္ေရးသတင္းရင္းျမစ္ေတြဆီက သိရပါတယ္။ေသဆုံးခဲ့တဲ့သူေတြဟာ ခလရ ၂၈၄ က ယာယီတပ္ ရင္းမႉး ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္း၊ ခလရ ၂၈၄ နဲ႔ ခလရ ၃၂ က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးထက္မနည္းေသဆုံးၿပီး ခလရ ၂၈၄ က ဗိုလ္ႀကီးအဆင့္ အရာရွိ ၁ ဦးအပါ ၅ ဦးခန႔္ ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္

စစ္ေကာင္စီတပ္ဘက္က ေသေၾကေပ်ာက္ဆုံးမႈမ်ားခဲ့တဲ့ အဆိုပါတိုက္ပြဲနဲ႔ပတ္သတ္ၿပီး စစ္တပ္ပိုင္ ျမဝတီ – MWD ႐ုပ္သံကေန သတင္းထုတ္ျပန္ရာမွာ ၎တို႔အေနနဲ႔ ေတာ္လွန္ေရးအင္အားစုေတြ လာေရာက္တိုက္ခိုက္မွာကို ႀကိဳတင္သတင္းရတဲ့အတြက္ တပ္နယ္အတြင္းရွိ အရာရွိစစ္သည္နဲ႔ ရဲေမ (စစ္သားမိန္းမ) မ်ားက ႀကိဳတင္ျပင္ကာ ႀကံ့ႀကံ့ခံခုခံတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ KNLA ႏွင့္ PDF ပူးေပါင္းတပ္မ်ား အက်အဆုံးမ်ားစြာျဖင့္ ဆုတ္ခြာသြားေၾကာင္း ေဖာ္ျပပါတယ္

”အၾကမ္းဖက္ပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ တပ္ရင္းဌာနခ်ဳပ္မ်ားသို႔ အလစ္အငိုက္တိုက္ခိုက္ခဲ့ေသာ္လည္း အရာရွိစစ္သည္ရဲေမ မွီခိုသူမ်ားရဲ႕ႀကံ့ႀကံ့ခံပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ အေရးႀကီးအဓိက အေဆာက္အဦးမ်ား၊ အုပ္ခ်ဳပ္မႈဆိုင္ရာအေဆာက္အဦးမ်ားနဲ႔ လူေနအေဆာက္အဦးမ်ားအနီးသို႔ ဝင္ေရာက္ႏိုင္ခဲ့ျခင္းမရွိဘဲ တပ္ၿခံစည္း႐ိုးကပ္လွ်က္ လူေနထိုင္ျခင္းမရွိတဲ့ စြန႔္လႊတ္အေဆာက္အဦးအခ်ိဳ႕ကိုသာ ဖ႐ိုဖရဲျပန္လည္ဆုတ္ခြာ၍ မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရပါတယ္”လို႔ စစ္ေကာင္စီက ျမဝတီ႐ုပ္သံကတဆင့္ ထုတ္ျပန္ပါတယ္

ျဖစ္စဥ္မွာ KNLA ႏွင့္ PDF တခ်ိဳ႕အေလာင္းေတြနဲ႔ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိတယ္လို႔ ျမဝတီသတင္းမွာ ေျပာဆိုေပမယ့္ သိမ္းဆည္းရမိတဲ့လက္နက္ေတြကို သတင္းမွာျပသသြားျခင္း မရွိပါဘူး။ ဒါ့အျပင္ စစ္ေကာင္စီတပ္ဘက္က ေသေၾက၊ ထိခိုက္ဒဏ္ရာရမႈစာရင္းကိုလည္း ျမဝတီသတင္းမွာ ေဖာ္ျပျခင္း မရွိခဲ့သလို ေျမျပင္တပ္ေတြ အတိုက္ခံရေနလို႔ ေလေၾကာင္းကေန အႀကိမ္ႀကိမ္ဗုံးႀကဲၿပီး ေလေၾကာင္းပစ္ကူ ေပးခဲ့ရတာကိုလည္း ထည့္သြင္းေၾကညာသြားျခင္း မရွိပါဘူး

ယာယီတပ္ရင္းမႉးအပါအဝင္ လူေပါင္း ၂၀ ခန႔္ ေသေၾကေပ်ာက္ဆုံးဒဏ္ရာရခဲ့တဲ့တိုက္ပြဲကို စစ္တပ္က အရွက္မရွိ လိမ္ညာဝါဒျဖန႔္ လိမ္ညာေနျခင္းျဖစ္ေၾကာင္းနဲ႔ ဦးေဏွာက္မရွိ စဥ္းစားဆင္ျခင္ဉာဏ္မရွိသူမ်ားသာ စစ္တပ္ပိုင္ ျမဝတီသတင္းကို ယုံၾကမွာျဖစ္ေၾကာင္း KNLA ႏွင့္ PDF ေတာ္လွန္ေရးအင္အားစုမ်ားနဲ႔ နီးစပ္သူက ေျပာပါတယ္

“မေန႔က ၾကာအင္းဆိပ္ႀကီးတိုက္ပြဲျဖစ္စဥ္မွာ ယာယီတပ္ရင္းမႉးအပါအဝင္ ၁၀ ေယာက္ထက္မနည္း ေသတယ္

ဗိုလ္ႀကီးအဆင့္အပါအဝင္ ၅ ေယာက္က ေပ်ာက္ေနတယ္။ ၂၈၄ တပ္ရင္း႐ုံးနဲ႔ ေမာ္ေတာ္ယာဥ္ဌာန႐ုံးပါ မီးနဲ႔ အရႈိ႕ခံရတယ္။ အဲဒါကို လူမေနတဲ့ စြန႔္လႊတ္အေဆာက္အဦးပဲ မီးရႈိ႕ခံရတယ္လို႔ ခပ္တည္တည္လိမ္တယ္။ ၿမိဳ႕ေပၚက ကိုယ့္တပ္အထိုင္ရွိတဲ့ေနရာအထိ လာတိုက္ခံရတဲ့အျပင္ ကိုယ့္ဘက္က တပ္ရင္းမႉး အဆင့္ပါ က်သြားတာကိုေတာင္ အရွက္မရွိ ႀကံ့ႀကံ့ခံ ခုခံႏိုင္ခဲ့တယ္လို႔ လိမ္တယ္

ဒီလိုအလိမ္အညာသတင္းေတြက ျမဝတီေလာက္ပဲၾကည့္တဲ့ အသိဉာဏ္မရွိတဲ့ငပိန္းေတြပဲ သူတို႔လိမ္လို႔ရမွာေပါ့ အြန္လိုင္းကေန သတင္းေတြ ပုံမွန္ဖတ္ေနတဲ့ျပည္သူေတြကိုေတာ့ သူတို႔လိမ္လို႔ရမွာမဟုတ္ပါဘူး”လို႔ ေတာ္လွန္ေရးအင္အားစုမ်ားနဲ႔ နီးစပ္သူက ေျပာပါတယ္

စစ္တပ္ေထာက္ခံတဲ့ တယ္လီဂရမ္ခ်န္နယ္ေတြမွာလည္း ဇန္နဝါရီ ၄ ရက္ေန႔က ျဖစ္ပြားတဲ့ ၾကာအင္းဆိပ္ႀကီး တိုက္ပြဲမွာ ခလရ ၂၈၄ တပ္ ရင္းမႉးဟာ ဖမ္းဆီးခံရတဲ့တပ္မိသားစုဝင္ေတြကို လိုက္လံကယ္တင္ရင္း ဒဏ္ရာ ရရွိၿပီးေဆး႐ုံမွာ က်ဆုံးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္

ေသဆုံးခဲ့တဲ့ စစ္ေကာင္စီတပ္ရင္းမႉး ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္းဟာ စစ္တကၠသိုလ္(DSA) ၄၆ ဆင္း အရာရွိ တစ္ဦးျဖစ္ၿပီး စစ္ေကာင္စီတိုက္ခိုက္ေရးေျခလ်င္၊ေျခ ျမန္တပ္ရင္းေတြမွာ DSA ၄၆ ဆင္း အရာရွိေတြဟာ တပ္ ရင္းမႉးအဆင့္ေတြျဖစ္တယ္လို႔သိရပါတယ္

ဒါ့အျပင္ ခလရ ၂၈၄ က စစ္တကၠသိုလ္(DSA) ၅၃ ဆင္း ဗိုလ္ႀကီး ၿဖိဳးမင္းသူအပါအဝင္ ၅ ဦးခန႔္ဟာ ယမန္ေန႔ တိုက္ပြဲေတြအတြင္း ပ်ာက္ဆုံးေနေၾကာင္းသိရၿပီး အဲ့ဒီေပ်ာက္ဆုံးတဲ့သူေတြဟာ အရွင္ဖမ္းဆီးခံလိုက္ရတာလို႔ ဧရာဝတီတိုင္းမ္ရဲ႕နယ္ေျမတပ္သတင္းရင္းျမစ္ေတြကေျပာဆိုေပမယ့္ သူတို႔ေပ်ာက္ဆုံးေနမႈနဲ႔ပတ္သက္လို႔ သီးျခားအတည္ျပဳႏိုင္တာမ်ိဳး မရွိေသးပါဘူး

တိုက္ပြဲအေျခအေနေတြနဲ႔ပတ္သက္လို႔ ေတာ္လွန္ေရးအင္အားစုေတြဘက္ကလည္း ရဲေဘာ္တခ်ိဳ႕ေတြ က်ဆုံးခဲ့တယ္လို႔ သိရၿပီး တိုက္ပြဲအေျခအေနနဲ႔ ႏွစ္ဘက္ထိခိုက္က်ဆုံးမႈအေျခအေနေတြကို ေတာ္လွန္ေရး အင္အားစုမ်ားဘက္က ထုတ္ျပန္တာမရွိေသးပါဘူး

ဓာတ္ပုံ – စစ္ေကာင္စီဘက္မွ ျမဝတီ႐ုပ္ျမင္သံၾကားမွတဆင့္ ဝါဒျဖန႔္ သတင္းထုတ္ျပန္ထားပုံ

Ayeyarwaddy_Times

ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည့်တိုက်ပွဲကို ၎င်းတို့ဘက်မှ ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်သဖြင့် ရန်သူများ အကျအဆုံးများစွာဖြင့် ဖရိုဖရဲထွက်ပြေးသွားဟု စစ်ကောင်စီက မြဝတီသတင်းမှတဆင့် ထုတ်ပြန်

ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၅ ရက်

ကရင်ပြည်နယ်ရှိ ကရင့်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီး အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခလရ ၃၂၊ ခလရ ၂၈၃ နဲ့ ခလရ ၂၈၄ ခုကို ဇန်နဝါရီ ၄ ရက်နေ့က KNLA နှင့် PDF ပူးပေါင်းတပ်များမှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မာင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက် မနည်း သေဆုံးခဲ့တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။သေဆုံးခဲ့တဲ့သူတွေဟာ ခလရ ၂၈၄ က ယာယီတပ် ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း၊ ခလရ ၂၈၄ နဲ့ ခလရ ၃၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ခလရ ၂၈၄ က ဗိုလ်ကြီးအဆင့် အရာရှိ ၁ ဦးအပါ ၅ ဦးခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်

စစ်ကောင်စီတပ်ဘက်က သေကြေပျောက်ဆုံးမှုများခဲ့တဲ့ အဆိုပါတိုက်ပွဲနဲ့ပတ်သတ်ပြီး စစ်တပ်ပိုင် မြဝတီ – MWD ရုပ်သံကနေ သတင်းထုတ်ပြန်ရာမှာ ၎င်းတို့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ လာရောက်တိုက်ခိုက်မှာကို ကြိုတင်သတင်းရတဲ့အတွက် တပ်နယ်အတွင်းရှိ အရာရှိစစ်သည်နဲ့ ရဲမေ (စစ်သားမိန်းမ) များက ကြိုတင်ပြင်ကာ ကြံ့ကြံ့ခံခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် KNLA နှင့် PDF ပူးပေါင်းတပ်များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားကြောင်း ဖော်ပြပါတယ်

”အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် တပ်ရင်းဌာနချုပ်များသို့ အလစ်အငိုက်တိုက်ခိုက်ခဲ့သော်လည်း အရာရှိစစ်သည်ရဲမေ မှီခိုသူများရဲ့ကြံ့ကြံ့ခံပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရေးကြီးအဓိက အဆောက်အဦးများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦးများနဲ့ လူနေအဆောက်အဦးများအနီးသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရိုးကပ်လျှက် လူနေထိုင်ခြင်းမရှိတဲ့ စွန့်လွှတ်အဆောက်အဦးအချို့ကိုသာ ဖရိုဖရဲပြန်လည်ဆုတ်ခွာ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်”လို့ စစ်ကောင်စီက မြဝတီရုပ်သံကတဆင့် ထုတ်ပြန်ပါတယ်

ဖြစ်စဉ်မှာ KNLA နှင့် PDF တချို့အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ မြဝတီသတင်းမှာ ပြောဆိုပေမယ့် သိမ်းဆည်းရမိတဲ့လက်နက်တွေကို သတင်းမှာပြသသွားခြင်း မရှိပါဘူး။ ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က သေကြေ၊ ထိခိုက်ဒဏ်ရာရမှုစာရင်းကိုလည်း မြဝတီသတင်းမှာ ဖော်ပြခြင်း မရှိခဲ့သလို မြေပြင်တပ်တွေ အတိုက်ခံရနေလို့ လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲပြီး လေကြောင်းပစ်ကူ ပေးခဲ့ရတာကိုလည်း ထည့်သွင်းကြေညာသွားခြင်း မရှိပါဘူး

ယာယီတပ်ရင်းမှူးအပါအဝင် လူပေါင်း ၂၀ ခန့် သေကြေပျောက်ဆုံးဒဏ်ရာရခဲ့တဲ့တိုက်ပွဲကို စစ်တပ်က အရှက်မရှိ လိမ်ညာဝါဒဖြန့် လိမ်ညာနေခြင်းဖြစ်ကြောင်းနဲ့ ဦးဏှောက်မရှိ စဉ်းစားဆင်ခြင်ဉာဏ်မရှိသူများသာ စစ်တပ်ပိုင် မြဝတီသတင်းကို ယုံကြမှာဖြစ်ကြောင်း KNLA နှင့် PDF တော်လှန်ရေးအင်အားစုများနဲ့ နီးစပ်သူက ပြောပါတယ်

“မနေ့က ကြာအင်းဆိပ်ကြီးတိုက်ပွဲဖြစ်စဉ်မှာ ယာယီတပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ထက်မနည်း သေတယ်

ဗိုလ်ကြီးအဆင့်အပါအဝင် ၅ ယောက်က ပျောက်နေတယ်။ ၂၈၄ တပ်ရင်းရုံးနဲ့ မော်တော်ယာဉ်ဌာနရုံးပါ မီးနဲ့ အရှို့ခံရတယ်။ အဲဒါကို လူမနေတဲ့ စွန့်လွှတ်အဆောက်အဦးပဲ မီးရှို့ခံရတယ်လို့ ခပ်တည်တည်လိမ်တယ်။ မြို့ပေါ်က ကိုယ့်တပ်အထိုင်ရှိတဲ့နေရာအထိ လာတိုက်ခံရတဲ့အပြင် ကိုယ့်ဘက်က တပ်ရင်းမှူး အဆင့်ပါ ကျသွားတာကိုတောင် အရှက်မရှိ ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့တယ်လို့ လိမ်တယ်

ဒီလိုအလိမ်အညာသတင်းတွေက မြဝတီလောက်ပဲကြည့်တဲ့ အသိဉာဏ်မရှိတဲ့ငပိန်းတွေပဲ သူတို့လိမ်လို့ရမှာပေါ့ အွန်လိုင်းကနေ သတင်းတွေ ပုံမှန်ဖတ်နေတဲ့ပြည်သူတွေကိုတော့ သူတို့လိမ်လို့ရမှာမဟုတ်ပါဘူး”လို့ တော်လှန်ရေးအင်အားစုများနဲ့ နီးစပ်သူက ပြောပါတယ်

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဇန်နဝါရီ ၄ ရက်နေ့က ဖြစ်ပွားတဲ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲမှာ ခလရ ၂၈၄ တပ် ရင်းမှူးဟာ ဖမ်းဆီးခံရတဲ့တပ်မိသားစုဝင်တွေကို လိုက်လံကယ်တင်ရင်း ဒဏ်ရာ ရရှိပြီးဆေးရုံမှာ ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်းဟာ စစ်တက္ကသိုလ်(DSA) ၄၆ ဆင်း အရာရှိ တစ်ဦးဖြစ်ပြီး စစ်ကောင်စီတိုက်ခိုက်ရေးခြေလျင်၊ခြေ မြန်တပ်ရင်းတွေမှာ DSA ၄၆ ဆင်း အရာရှိတွေဟာ တပ် ရင်းမှူးအဆင့်တွေဖြစ်တယ်လို့သိရပါတယ်

ဒါ့အပြင် ခလရ ၂၈၄ က စစ်တက္ကသိုလ်(DSA) ၅၃ ဆင်း ဗိုလ်ကြီး ဖြိုးမင်းသူအပါအဝင် ၅ ဦးခန့်ဟာ ယမန်နေ့ တိုက်ပွဲတွေအတွင်း ပျာက်ဆုံးနေကြောင်းသိရပြီး အဲ့ဒီပျောက်ဆုံးတဲ့သူတွေဟာ အရှင်ဖမ်းဆီးခံလိုက်ရတာလို့ ဧရာဝတီတိုင်းမ်ရဲ့နယ်မြေတပ်သတင်းရင်းမြစ်တွေကပြောဆိုပေမယ့် သူတို့ပျောက်ဆုံးနေမှုနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရဲဘော်တချို့တွေ ကျဆုံးခဲ့တယ်လို့ သိရပြီး တိုက်ပွဲအခြေအနေနဲ့ နှစ်ဘက်ထိခိုက်ကျဆုံးမှုအခြေအနေတွေကို တော်လှန်ရေး အင်အားစုများဘက်က ထုတ်ပြန်တာမရှိသေးပါဘူး

ဓာတ်ပုံ – စစ်ကောင်စီဘက်မှ မြဝတီရုပ်မြင်သံကြားမှတဆင့် ဝါဒဖြန့် သတင်းထုတ်ပြန်ထားပုံ

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *