မုံ႐ြာၿမိဳ႕တြင္ စစ္ေဆးေရး လုပ္ေဆာင္ေနေသာ စစ္သားမ်ားကို ပစ္ခတ္ တိုက္ခိုက္မႈ ၄ ဦးေသဆုံး

ရန္ကုန္၊ ဇန္နဝါရီ ၆

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕တြင္ စစ္ေဆးေရး လုပ္ေဆာင္ေနေသာ စစ္သားမ်ားကို PDF တပ္ဖြဲ႕မ်ားက ပစ္ခတ္ တိုက္ခိုက္ရာ စစ္သား ၄ ဦးေသဆုံးခဲ့ေၾကာင္း မုံ႐ြာခ႐ိုင္တပ္ရင္း ၁၉ မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာန ထံသို႔ ေျပာဆိုသည္

ဇန္နဝါရီလ ၅ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၄၅ မိနစ္မွ ၂ နာရီ ၄၇ မိနစ္ထိ မုံ႐ြာၿမိဳ႕ ဇလုပ္အဝိုင္းပတ္တြင္ စစ္ေဆးေရး လုပ္ေဆာင္ေနေသာ စစ္သား ၁၅ ဦးခန႔္ကို ေဒသကာကြယ္ေရး တပ္ဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး စစ္သား ၄ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္

အဆိုပါ တိုက္ခိုက္မႈကို မုံ႐ြာခ႐ိုင္ တပ္ရင္း ၁၉ မွ ကိုဘုန္းႏိုင္ (ယာယီ တပ္ရင္း မႉး) ဦးစီးၿပီး မုံ႐ြာခ႐ိုင္တပ္ရင္း ၂၄ ၊ အရာေတာ္ၿမိဳ႕နယ္ ပ.က.ဖ၊ Ayandaw Bone Naing pdf ၊ M.R.T.F pdf ၊ ေရာင္ျပန္တပ္ဖြဲ႕တို႔မွ ေတာ္လွန္ေရး ရဲေဘာ္ ၇ ဦး တည္းျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း တပ္ရင္း ၁၉ မွ ကိုဘုန္း ႏိုင္ က ေျပာဆိုသည္

မုံ႐ြာမွာ ခိုးရာပါ ပစၥည္းသယ္ စစ္ကားတန္းကို မိုင္းႏွစ္လုံးနဲ႔ ေဖာက္ခြဲ၊ ကားတစ္စီး ေခါင္းပိုင္းထိ၊

MFP ၊ ဇႏၷဝါရီ – ၆

မုံ႐ြာၿမိဳ႕၊ မအူဂိတ္ကေန ၿမိဳ႕ထဲ ျပန္ဝင္လာတဲ့ ခိုးရာပါ ပစၥည္းသယ္ စစ္ကားတန္းကို မိုင္းႏွစ္လုံးနဲ႔ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ သံျပားကာ ကားတစ္စီး ေခါင္းပိုင္း ထိခိုက္ပ်က္စီးသြားတယ္လို႔ ဒီမိုကရက္တစ္ ေျပာက္က်ားတပ္ဖြဲ႕ (DGF) ေအာက္ခ်င္းတြင္း တပ္ဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္

ဇန္နဝါရီ(၂)ရက္ ညေန(၃)နာရီေက်ာ္အခ်ိန္က မုံ႐ြာၿမိဳ႕၊ မအူဂိတ္ကေန မႏၲေလး – မုံ႐ြာ ကားလမ္းအတိုင္း မုံ႐ြာၿမိဳ႕ထဲ ျပန္ဝင္လာတဲ့ ခိုးရာပါ ပစၥည္းေတြ သယ္လာတဲ့ စစ္ကားတန္းကို မိုင္းဆြဲခဲ့တာလို႔ ဆိုပါတယ္

“မအူဂိတ္မွ မုံ႐ြာၿမိဳ႕တြင္းသို႔ ျပန္ဝင္လာသည့္ ေခြးသံျပားကာ ကားငါးစီးကို မိုင္းႏွစ္လုံးျဖင့္ တိုက္ခိုက္ခဲ့ရာ သံျပားကာ ကားတစ္စီး ေခါင္းေၾကမြ ပ်က္စီး သြားခဲ့ေၾကာင္း ႏွစ္သစ္ကူးလက္ေဆာင္အျဖစ္ ထုတ္ျပန္အပ္ပါသည္” လို႔ DGF က ေဖာ္ျပပါတယ္

စစ္အုပ္စုဟာ စစ္ကိုင္းတိုင္းအႏွံ႔ လက္နက္အားကိုးနဲ႔ ႐ြာစဥ္ပတ္ေမႊ အၾကမ္းဖက္ ေသာင္းက်န္းကာ လူသတ္၊ လုယက္၊ ေဖာက္ထြင္းခိုးယူ၊

ေနအိမ္မီးရႈိ႕ၿပီးေနာက္ ခိုးရာပါ ပစၥည္းေတြကို မုံ႐ြာ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ထဲ သယ္ယူေနၿပီး အဲ့ဒီ ခိုးရာပါ ပစၥည္းေတြကို ျပည္သူေတြ သက္သာေခ်ာင္ခ်ိေရး ေခါင္းစဥ္နဲ႔ ေထြအုပ္ေတြကတဆင့္ မုံ႐ြာၿမိဳ႕ေပၚ လိုက္လံေရာင္းခ်ေလ့ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္

မုံရွာမြို့တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၉ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်

ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှ ၂ နာရီ ၄၇ မိနစ်ထိ မုံရွာမြို့ ဇလုပ်အဝိုင်းပတ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သား ၁၅ ဦးခန့်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၉ မှ ကိုဘုန်းနိုင် (ယာယီ တပ်ရင်း မှူး) ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း ၂၄ ၊ အရာတော်မြို့နယ် ပ.က.ဖ၊ Ayandaw Bone Naing pdf ၊ M.R.T.F pdf ၊ ရောင်ပြန်တပ်ဖွဲ့တို့မှ တော်လှန်ရေး ရဲဘော် ၇ ဦး တည်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၁၉ မှ ကိုဘုန်း နိုင် က ပြောဆိုသည်

မုံရွာမှာ ခိုးရာပါ ပစ္စည်းသယ် စစ်ကားတန်းကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲ၊ ကားတစ်စီး ခေါင်းပိုင်းထိ၊

MFP ၊ ဇန္နဝါရီ – ၆

မုံရွာမြို့၊ မအူဂိတ်ကနေ မြို့ထဲ ပြန်ဝင်လာတဲ့ ခိုးရာပါ ပစ္စည်းသယ် စစ်ကားတန်းကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ သံပြားကာ ကားတစ်စီး ခေါင်းပိုင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့ (DGF) အောက်ချင်းတွင်း တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်

ဇန်နဝါရီ(၂)ရက် ညနေ(၃)နာရီကျော်အချိန်က မုံရွာမြို့၊ မအူဂိတ်ကနေ မန္တလေး – မုံရွာ ကားလမ်းအတိုင်း မုံရွာမြို့ထဲ ပြန်ဝင်လာတဲ့ ခိုးရာပါ ပစ္စည်းတွေ သယ်လာတဲ့ စစ်ကားတန်းကို မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်

“မအူဂိတ်မှ မုံရွာမြို့တွင်းသို့ ပြန်ဝင်လာသည့် ခွေးသံပြားကာ ကားငါးစီးကို မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ သံပြားကာ ကားတစ်စီး ခေါင်းကြေမွ ပျက်စီး သွားခဲ့ကြောင်း နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန်အပ်ပါသည်” လို့ DGF က ဖော်ပြပါတယ်

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအနှံ့ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊

နေအိမ်မီးရှို့ပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲ သယ်ယူနေပြီး အဲ့ဒီ ခိုးရာပါ ပစ္စည်းတွေကို ပြည်သူတွေ သက်သာချောင်ချိရေး ခေါင်းစဉ်နဲ့ ထွေအုပ်တွေကတဆင့် မုံရွာမြို့ပေါ် လိုက်လံရောင်းချလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်

ရုပ်သံကြည့်ရန်👇👇

 

ရုပ်သံကြည့်ရန်👇👇

Leave a Reply

Your email address will not be published. Required fields are marked *