










မင်းအောင်လှိုင် သွေးပျက်မည့် မြင်ကွင်း ပုံရိပ် သတင်း ‼️ပြောသာပြောတာ သူရှုံးနေတာတောင် အောက်က နိုင်တယ်ဂျင်းထားတော့ ဖေ့ဘုတ်ကြည့်သိမှာ မဟုတ်ပဲ

သူပဲ အောင်နိုင်သူကြီးအလား ဘွရှင်မင်းတျားကြီးဟန်နဲ့ ဆက်ရူးပြီး အလံတိုင်နဲ့ မိကြူဟာပဲ ကျန်မှ ငါ့တပ်ကြီး ဘယ်ရောက်သွားလဲ ထမေးမည့် ဇော-က်ရူးပါဗျာ 😆😁

ကာကွယ်ရေးဝန်ကြီးဌာနနှင့် မန္တလေး PDF တပ်ရင်း (၅)ရင်း တွေ့ဆုံဆွေးနွေး▪️နှစ်သစ်တွင် ပြုလုပ်မည့်စီမံချက်၊ စစ်ရေးဆိုင်ရာများကိုအတည်ပြုခဲ့ပြီး တပ်ရင်းများ ထပ်မံတိုးချဲ့မည်ဟု အသိပေး

ထိုက်ထိုက်/People’s Springအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများတွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် မန္တလေး PDF တို့က သတင်းထုတ်ပြန်သည်

ယနေ့ (ဇန်နဝါရီ၅)တွင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဝန်ကြီးဌာန၏ တပ်ရင်းအမှတ်များဖြစ်သည့် (၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅)စသည့် တပ်ရင်းများမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ရာ ၂၀၂၃အတွင်းပြုလုပ်မည့် စီမံချက် များနှင့် စစ်ရေးဆိုင်ရာကိစ္စရပ်များကို ဆုံးဖြတ် အတည်ပြုခဲ့ကြသည်ဟု နှစ်ဖက်က သတင်းထုတ်ပြန်သည်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည် တင်ပြဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး

လက်ရှိတွင် တပ်ရင်း ၅ရင်းဖြင့် စုဖွဲ့ထားရှိကြောင်း၊ တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

MDY_PDF ကို စတင်စုဖွဲ့ချိန်မှ ၂နှစ်ဝန်းကျင်အတွင်း အတိုင်းအတာ တစ်ခုအထိ လုပ်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း ရန်သူကို ထိုးနှက်လာနိုင်သည့် အခြေအနေမျိုး ရောက်ရှိလာပြီဖြစ်ကြောင်းDY-PDF ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမုန်တိုင်းက ၎င်း၏နှစ်သစ်ကူးနေ့ ပြောစကားတွင် ပြောကြားထားသည်

“၂၀၂၃ ဟာ ကျွန်တော်တို့ နိုင်မယ်ဆိုတဲ့ အဆုံးဖြတ်ပေါ်လွှင်မယ့်နှစ်ပါ။လက်ရှိအခြေနေဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အသာစီးရနေတဲ့ အခြေနေပါ။ NUG/MOD ရဲ့ စစ်ရေး နိုင်ငံရေး လက်ရှိအခြေနေဟာ အင်မတန်မှ နှစ်ထောင်းအားရဖွယ် အခြေနေပါ”ဟု ၎င်းက ပြောသည်

၎င်းင ဆက်လက်၍ “MDY-PDF အနေနဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ခြေမှုန်းပြီး ဒင်းတို့ မတရားပြုကျင့် စိုးမိုးအုပ်ချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားကြရမယ် ပြည်သူများ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်းနေထိုင်နိုင်တဲ့ပြည်သူ့

ကိုယ်ပိုင်နယ်မြေများတည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ဆက်လက်ရုန်းကြရမှာဖြစ်တယ်” ဟုလည်း ပြောကြားခဲ့သည်(MDY_PDF မှ ရဲဘော်များအား တွေ့ရစဉ်

 

Leave a Reply

Your email address will not be published. Required fields are marked *