ႏွစ္သစ္ကူးအႀကိဳအျဖစ္ မဟာမိတ္တပ္ေတြက လဝက ႐ုံးကို မီးရႈိ႕ (႐ုပ္/သံ)

ၿမိဳင္၊ ဇန္နဝါရီလ ၅၊ ၂၀၂၂ ။

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္ လဝက ႐ုံးကို PDF ေတြက မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ ပခုကၠဴခ႐ိုင္တပ္ရင္း ၆ အဖြဲ႕ဆီကသိရပါတယ္

ႏွစ္သစ္ကူးအႀကိဳ စစ္ေကာင္စီကိုသတိေပးလိုက္တဲ့အေနနဲ႔ ဇန္နဝါရီလ ၃ ရက္ေန႔ ည ၁၀ နာရီခြဲဝန္းက်င္က ၿမိဳင္ၿမိဳ႕ေပၚက လဝက ႐ုံးကို PDF အဖြဲ႕ေတြစုေပါင္းၿပီး မီးရႈိ႕ခဲ့တာ ျဖစ္ပါတယ္

“ျပည္သူ‌ေတြက အဆုံးအျဖတ္ေပးၿပီးသားျဖစ္တဲ့ ေ႐ြးေကာက္ပြဲကို သူတို႔ မဲမႏိုင္သေ႐ြ႕ လုပ္ေနမယ့္ ေ႐ြးေကာက္ပြဲေတြကိုက်ေနာ္တို႔ ျပည္သူေတြကအယုံအၾကည္မရွိဘူး၊

က်ေနာ္တို႔ၿမိဳင္ၿမိဳ႕နယ္သူ၊ ၿမိဳ႕နယ္သားေတြရဲ႕ သန္းေခါင္စာရင္းေတြကိုအသုံးခ်ၿပီးေတာ့ ေ႐ြးေကာက္ပြဲကို လုပ္လာႏိုင္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ PDF တပ္ေပါင္းစုေတြက မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ပါတယ္၊” လို႔ ပခုကၠဴခ႐ိုင္ တပ္ရင္း ၆ MVRF ဥကၠဌ ဦးေအာင္ေဇယ်က ေျပာပါတယ္

ရဲေဘာ္မ်ားလုံၿခဳံေရးအရ အျမန္ျပန္လည္ဆုတ္ခြါရလို႔ လဝက႐ုံး ပ်က္စီးမႈအေျခအေနကို မသိႏိုင္ဘူးလို႔ ဆိုပါတယ္

အဲဒီလႈပ္ရွားမႈကိုေတာ့ ပခုကၠဴခ႐ိုင္ တပ္ရင္း ၆ MVRF၊ THREE IN ONE၊ ပခုကၠဴခ႐ိုင္ တပ္ရင္း ၇ တပ္ခြဲ ၂ Guerrilla Force 101 တို႔ကပူးေပါင္းလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၁ ရက္ေန႔ကလည္း ၿမိဳင္ၿမိဳ႕နယ္ ကန္နီ(ပ်ဴ) ပ်ဴေစာထီးေတြက လက္နက္ႀကီးေတြနဲ႔ ပတ္ဝန္းက်င္႐ြာေတြကို လွမ္းပစ္ေနတာေၾကာင့္ ပခုကၠဴခ႐ိုင္တပ္ရင္း ၆ MVRF Rocket မ်ားျဖင့္ ပစ္ၿပီးတိုက္ခိုက္ခဲ့ေသးတယ္လို႔ သိရပါတယ္

သတင္း -ဒိန္းဂ်ား၊ တည္းျဖတ္ – ၿငိမ္းေဇာ္

ေျမလတ္အသံ

နှစ်သစ်ကူးအကြိုအဖြစ် မဟာမိတ်တပ်တွေက လဝက ရုံးကို မီးရှို့ (ရုပ်/သံ)

မြိုင်၊ ဇန်နဝါရီလ ၅၊ ၂၀၂၂ ။

မကွေးတိုင်း၊ မြိုင်မြို့နယ် လဝက ရုံးကို PDF တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၆ အဖွဲ့ဆီကသိရပါတယ်

နှစ်သစ်ကူးအကြို စစ်ကောင်စီကိုသတိပေးလိုက်တဲ့အနေနဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်က မြိုင်မြို့ပေါ်က လဝက ရုံးကို PDF အဖွဲ့တွေစုပေါင်းပြီး မီးရှို့ခဲ့တာ ဖြစ်ပါတယ်

“ပြည်သူ‌တွေက အဆုံးအဖြတ်ပေးပြီးသားဖြစ်တဲ့ ရွေးကောက်ပွဲကို သူတို့ မဲမနိုင်သရွေ့ လုပ်နေမယ့် ရွေးကောက်ပွဲတွေကိုကျနော်တို့ ပြည်သူတွေကအယုံအကြည်မရှိဘူး၊

ကျနော်တို့မြိုင်မြို့နယ်သူ၊ မြို့နယ်သားတွေရဲ့ သန်းခေါင်စာရင်းတွေကိုအသုံးချပြီးတော့ ရွေးကောက်ပွဲကို လုပ်လာနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ PDF တပ်ပေါင်းစုတွေက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်၊” လို့ ပခုက္ကူခရိုင် တပ်ရင်း ၆ MVRF ဥက္ကဌ ဦးအောင်ဇေယျက ပြောပါတယ်

ရဲဘော်များလုံခြုံရေးအရ အမြန်ပြန်လည်ဆုတ်ခွါရလို့ လဝကရုံး ပျက်စီးမှုအခြေအနေကို မသိနိုင်ဘူးလို့ ဆိုပါတယ်

အဲဒီလှုပ်ရှားမှုကိုတော့ ပခုက္ကူခရိုင် တပ်ရင်း ၆ MVRF၊ THREE IN ONE၊ ပခုက္ကူခရိုင် တပ်ရင်း ၇ တပ်ခွဲ ၂ Guerrilla Force 101 တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မြိုင်မြို့နယ် ကန်နီ(ပျူ) ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ရွာတွေကို လှမ်းပစ်နေတာကြောင့် ပခုက္ကူခရိုင်တပ်ရင်း ၆ MVRF Rocket များဖြင့် ပစ်ပြီးတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်

သတင်း -ဒိန်းဂျား၊ တည်းဖြတ် – ငြိမ်းဇော်

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *