ဘကြီးအောင် LA
” လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ လွှတ်ပေးဖို့ထပ်မံ တောင်းဆိုလိုက်ပြီ. ”
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်က ထပ်မံ တောင်းဆိုလိုက်ပါတယ် ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရတ်စ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို မြန်မာစစ်တပ်အနေနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေ လွှတ်ပေးရမယ်လို့ ထပ်မံ တောင်းဆိုလိုက်တာပါ
ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် အမိန့်ချတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ စိုးရိမ်စရာကောင်းနေပြီလို့ ပြောကြားထားပါတယ် ကုလအတွင်းရေးမှုးချုပ်ရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Farhan Haq က” ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် အမိန့်ချရတဲ့အကြောင်းကို ကုလအတွင်းရေးမှုးက လေးလေးနက်နက် စိုးရိမ်တဲ့အကြောင်း ပြောကြားထားပါတယ်
လွှတ်ပေးဖို့ကိုလည်း ထပ်လောင်း တောင်းဆိုထားပါတယ် ။ သမ္မတဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ် ။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ မြန်မာစစ်တပ်က မဖြစ်မနေ လွှတ်ပေးမှာပါ ”
” လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှရေး အခြေခံမူတွေကို ပြဋ္ဌာန်းထားပါတယ် အပြစ်ကင်းတယ်လို့ ယူဆထားခံရသူအတွက် ဘက်မလိုက်တဲ့ ခုံရုံးတစ်ခုကနေ လူတစ်ဦးအတွက် ခုခံကာကွယ်မှု့တွေကို အသုံးချသွားမှာပါ “လို့ CNN သတင်းဌာနကို ပြောကြားလိုက်ပါတယ်
မြန်မာ့အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကတော့ …၊” လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချအပြီး တစ်ပတ်အကြာမှာ မြန်မာစစ်တပ်ကနေ နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခဲ့ပေမဲ့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သေးပါဘူး ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာစစ်တပ်အပေါ်မှာ ရှုတ်ချတဲ့ စကားလုံးထက် ပိုမို ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု့တွေ လိုအပ်ပါတယ် ”
ဆိုရရင် …..၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့က အဓိကအချက်မှာ ပါဝင်ပါတယ် မြန်မာစစ်တပ်ဘက်ကတော့ လုခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ မဖြစ်မနေ လွှတ်ပေးရတော့မယ်ဆိုတာ သိနေလောက်ပါပြီ
ဒီနေ ရာမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ ဘယ်လောက်အရေးပါသလဲဆိုတာ ပြောပြချင်ပါတယ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ၊ ရာဇဝတ်မှု့ ( သို့မဟုတ် ) စစ်ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း ၊ နိုင်ငံတစ်နိုင်ငံကို ဥပဒေအရ ( သို့မဟုတ် ) စစ်ရေးအရ အရေးယူတော့မယ့် အချိန်မျိုးမှာ လုခြုံရေးကောင်စီ အဖွဲ့ဝင်တွေထံကနေ သဘောထား တောင်းခံပါတယ် ။ ( မဲခွဲဆုံးဖြတ်တာပါ ။ )
ထောက်ခံမှု့ရတဲ့အခါ ဆုံးဖြတ်ချက်ချရပါတယ် ဆုံးဖြတ်ချက်ချပြီးတဲ့အခါ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်ကို သက်ဆိုင်ရာ လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း ၊ နိုင်ငံတစ်နိုင်ငံက လိုက်နာသလားဆိုတာ စောင့်ကြည့်ပါတယ် မလိုက်နာရင် ထပ်မံ သတိပေးပါတယ်
သာဓက ပြရမယ်ဆိုရင် ဆက်ဒမ်ဟူစိန်က ကူဝိတ်ကို ကျူးကျော်တဲ့အခါ လုံခြုံရေးကောင်စီ ဆုံဖြတ်ချက်နဲ့ အရင်ဆုံး သတိပေး တောင်းဆိုပါတယ် မလိုက်နာတဲ့အတွက် အမေရိကန်က ဝင်တိုက်ပါတယ် ။ အမေရိကန်နဲ့ အပေါင်းပါတွေဆိုပေမဲ့ အမေရိကန်က ဦးဆောင်သူပါ
” လုံခြုံရေးကောင်စီဆုံဖြတ်ချက်ကို အမေရိကန်က ဘာ့ကြောင့် ဝင်တိုက်သလဲ …? “လို့ စောဒကတက်ချင်ရင်တော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ရှိထားပြီးလို့ပါ အမေရိကန်ဘက်မှာလည်း အီရတ်ကို စစ်ဆင်ဖို့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်တွေက NDAA နဲ့ လက်မှတ်ထိုး တောင်းဆိုထားတဲ့အတွက် သမ္မတက ခွင့်ပြုလိုက်တာပါ
ဆိုတော့ ၊ အခြေအနေက ဘယ်အခြေအနေမှာ ရောက်နေသလဲဆိုတာကို တော်လှန်ရေးပြည်သူတွေ သဘောပေါက်လောက်ပါပြီ
( ၁ ) မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီက ဗီတိုမသုံးရတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချလိုက်ပါပြီ
( ၂ ) သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို မဖြစ်မနေ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်
( ၃ ) မြန်မာစစ်တပ်ကို အကြမ်းဖက် တာလီဘန်နဲ့ ခိုင်းနှိုင်းထားပါတယ်
( ၄ ) အမေရိကန်က NDAA ကို မြန်မာ့အရေးအတွက် ခွင့်ပြုထားပါတယ် ကာကွယ်ရေး ခွင့်ပြုချက် ဖြစ်တဲ့အတွက် အကူအညီ ၊ စစ်ရေး အားလုံး ပါဝင်ပါတယ်
( ၅ ) ဒီနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ကိုယ်တိုင် ၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တောင်းဆိုလိုက်ပါတယ်
ဒါဟာ အခြေအနေကို ထင်ရှားစွာ သုံးသပ်ခြင်းပါ မိုတီပေးခြင်း မဟုတ်ပါဘူး ။ တော်လှန်ရေးပြည်သူတွေအနေနဲ့ အခြေအနေကို မှန်းဆကြည့်နိုင်သလို ၊ စစ်အာဏာရှင်လက်အောက်မှာ အမှု့ထမ်းနေတဲ့ လက်နက်ကိုင်တွေ ၊ ဝန်ထမ်းတွေအနေနဲ့ အာဏာရှင်တွေ ဖုံးအုပ်ထားတဲ့ မြန်မာ့အရေး အခြေအနေကို ကွင်းကွင်းကွက်ကွက် သိရအောင် တင်ပြပေးခြင်းပါ
ဘကြီးအောင် LA
Leave a Reply
Your email address will not be published. Required fields are marked *