စကၤာပူကေတာ့ ၾက-မ္းပါၿပီ
စစ္ေကာင္စီအျပင္ ထိုင္းပါတရားဝင္ အပိတ္ေျပာပါၿပီ
အာဆီယံအတြင္းမွာ ေခၚယူက်င္းပတဲ့ ဘယ္လိုအစည္းအေဝးမ်ိဳးမဆို တရားဝင္ျဖစ္ေစ အလြတ္သေဘာျဖစ္ေစ အၾကမ္းဖက္စစ္ေကာင္စီကို မဖိတ္ၾကားဖို႔စင္ကာပူအစိုးရ တရားဝင္စာထုတ္ၿပီးကန႔္ကြက္ထား
အာဆီယံအတြင္း ဘယ္လိုအစည္းအေဝးမဆို အၾကမ္းဖက္စစ္ေကာင္စီကို မဖိတ္ဖို႔ စင္ကာပူ တရားဝင္ကန႔္ကြက္စာပို႔ခဲ့
ဇႏၷဝါရီ ၅၊ ၂၀၂၃
အာဆီယံအတြင္း ေခၚယူက်င္းပတဲ့ ဘယ္လိုအစည္းအေဝးမ်ိဳးမဆို တရားဝင္ျဖစ္ေစ အလြတ္သေဘာျဖစ္ေစ အၾကမ္းဖက္စစ္ေကာင္စီကို မဖိတ္ၾကားဖို႔ စင္ကာပူအစိုးရ တရားဝင္စာထုတ္ၿပီးကန႔္ကြက္ခဲ့တယ္လို႔ Asia News Network ရဲ႕ေဆာင္းပါးအတြင္းေဖာ္ျပထားပါတယ္
ၿပီးခဲ့တဲ့ လက ဘန္ေကာက္မွာက်င္းပခဲ့တဲ့ ျမန္မာ့အေရး အာဆီယံအလြတ္သေဘာေဆြးေႏြးပြဲကို ထိုင္းႏိုင္ငံက ကမကထျပဳလုပ္ၿပီး အၾကမ္းဖက္စစ္ေကာင္စီကိုယ္စားလွယ္ေတြကို ဖိတ္ၾကားခဲ့တာေၾကာင့္ စင္ကာပူႏိုင္ငံက ထိုင္းရဲ႕ဖိတ္ၾကားမႈကို ကန႔္ကြက္စာထုတ္ခဲ့တာျဖစ္ပါတယ္
အဲ့ဒီေဆြးေႏြးပြဲကို အာဆီယံအတြင္း စစ္ေကာင္စီကို အျပင္းထန္ဆုံး ေဝဖန္ေလ့ရွိတဲ့ မေလးရွား၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားနဲ႔ စင္ကာပူႏိုင္ငံက ကိုယ္စားလွယ္ေတြ တက္ေရာက္ျခင္းမရွိခဲ့ပါဘူး
စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ “အာဆီယံအတြင္း ေခၚယူက်င္းပသည့္ မည္သည့္အစည္းအေဝးမ်ိဳးမဆို တရားဝင္ျဖစ္ေစ အလြတ္သေဘာျဖစ္ေစ၊ ဤဆုံးျဖတ္ခ်က္မွ လႊဲဖယ္သြားျခင္းမျပဳသင့္” ဆိုၿပီး အေၾကာင္းျပန္ခဲ့တယ္လို႔ ဆိုပါတယ္
SpringRevolution
စင်္ကာပူကတော့ ကြ-မ်းပါပြီ
စစ်ကောင်စီအပြင် ထိုင်းပါတရားဝင် အပိတ်ပြောပါပြီ
အာဆီယံအတွင်းမှာ ခေါ်ယူကျင်းပတဲ့ ဘယ်လိုအစည်းအဝေးမျိုးမဆို တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ အကြမ်းဖက်စစ်ကောင်စီကို မဖိတ်ကြားဖို့စင်ကာပူအစိုးရ တရားဝင်စာထုတ်ပြီးကန့်ကွက်ထား
အာဆီယံအတွင်း ဘယ်လိုအစည်းအဝေးမဆို အကြမ်းဖက်စစ်ကောင်စီကို မဖိတ်ဖို့ စင်ကာပူ တရားဝင်ကန့်ကွက်စာပို့ခဲ့
ဇန္နဝါရီ ၅၊ ၂၀၂၃
အာဆီယံအတွင်း ခေါ်ယူကျင်းပတဲ့ ဘယ်လိုအစည်းအဝေးမျိုးမဆို တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ အကြမ်းဖက်စစ်ကောင်စီကို မဖိတ်ကြားဖို့ စင်ကာပူအစိုးရ တရားဝင်စာထုတ်ပြီးကန့်ကွက်ခဲ့တယ်လို့ Asia News Network ရဲ့ဆောင်းပါးအတွင်းဖော်ပြထားပါတယ်
ပြီးခဲ့တဲ့ လက ဘန်ကောက်မှာကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံအလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ကမကထပြုလုပ်ပြီး အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့တာကြောင့် စင်ကာပူနိုင်ငံက ထိုင်းရဲ့ဖိတ်ကြားမှုကို ကန့်ကွက်စာထုတ်ခဲ့တာဖြစ်ပါတယ်
အဲ့ဒီဆွေးနွေးပွဲကို အာဆီယံအတွင်း စစ်ကောင်စီကို အပြင်းထန်ဆုံး ဝေဖန်လေ့ရှိတဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခြင်းမရှိခဲ့ပါဘူး
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ “အာဆီယံအတွင်း ခေါ်ယူကျင်းပသည့် မည်သည့်အစည်းအဝေးမျိုးမဆို တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ၊ ဤဆုံးဖြတ်ချက်မှ လွှဲဖယ်သွားခြင်းမပြုသင့်” ဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်
SpringRevolution