——————————-

BVJ-ဇန်နဝါရီ ၅၊ ၂၀၂၃





NUGနှင့် မန္တလေးPDFတွေ့ဆုံပြီး ယခုနှစ်ပြုလုပ်မည့် စစ်ရေးစီမံချက်များအတည်ပြုဆုံးဖြတ်
——————————-

BVJ-ဇန်နဝါရီ ၅၊ ၂၀၂၃

အခုနှစ်အတွင်းပြုလုပ်မယ့် စီမံချက်တွေ စစ်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ် သက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUGတို့ ဒီနေ့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်

NUGနဲ့ PDF(မန္တလေး) (အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅) တို့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မယ့် စီမံချက်တွေနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆုံးဖြတ်အတည်ပြုခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်

ဆွေးနွေးမှုမှာ PDF မန္တလေးကလည်း လိုအပ်တာတွေကို ပြန်လည်ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်

လက်ရှိမှာ တပ်ရင်း(၅)ရင်းနဲ့စုဖွဲ့ထားတဲ့ PDF မန္တလေးဟာ NUGကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ စုဖွဲ့ထားတဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး တပ် ရင်းအသစ်တွေ တိုးချဲ့ စုဖွဲ့ဖို့လည်း ပြင်ဆင်နေတယ်လို့သိရပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *