ၾကာအင္းဆိပ္ႀကီးတြင္ စစ္တပ္ တပ္ရင္း ၃ ခုကို ဝင္ေရာက္တိုက္ခိုက္မႈ စစ္သား ရာဂဏန္း ေသဆုံးဟုဆို၊ စစ္ေကာင္စီက စစ္သားေသဆုံးမႈ သတင္းမ်ားကို ျငင္း ဆိုထား

ရန္ကုန္၊ ဇန္နဝါရီ ၄

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ တပ္ရင္း ၃ ခုကို ေတာ္လွန္ေရး တပ္ေပါင္းစုမ်ားက ယေန႔ တိုက္ခိုက္ရာ စစ္သား ၂၀၀ ဝန္းက်င္ေသဆုံး ေၾကာင္း ၾကာအင္း ဆိပ္ႀကီး ၿမိဳ႕နယ္ ျပည္သူ႔ အုပ္ခ်ဳပ္ေရး အဖြဲ႕က သတင္း ထုတ္ ျပန္သည္

သို႔ရာတြင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က စုံစမ္းသိရွိရ သမွ်ကို ျပန္လည္ သတင္းထုတ္ျပန္တင္ျပျခင္းျဖစ္ၿပီး သက္ဆိုင္ရာ စစ္ေရး တာဝန္ရွိသူမ်ားက ထုတ္ျပန္ေပးမွသာ အတည္ျဖစ္ေၾကာင္း ျပည္သူမ်ားကို ဆက္လက္ အသိေပးထားသည္

ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္၏ ခလရ ၃၂ ၊ ခလရ ၂၈၃ ၊ ခလရ ၂၈၄ တပ္ရင္းမ်ားကို ေတာ္လွန္ေရးတပ္ေပါင္းစုမ်ားက ယမန္ေန႔ ညက တည္း က ခ်ဥ္းကပ္ခဲ့ၿပီး ယေန႔ နံနက္ ၅ နာရီေက်ာ္ခန႔္တြင္ တပ္ရင္းမ်ား အတြင္း ဝင္ ေရာက္ စီးနင္းခဲ့ေၾကာင္း သိရွိရသည္

ထိုသို႔ စီးနင္းရာတြင္ တိုက္ပြဲစတင္ျဖစ္ပြားသည္ႏွင့္ စစ္ေကာင္စီတပ္ဘက္မွ ‌တိုက္ ေလယာဥ္မ်ား၊ တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ားျဖင့္ အႀကိမ္ေပါင္းမ်ားစြာ အဆက္မျပတ္ လာေရာက္ပစ္ကူေပးခဲ့သျဖင့္ ေတာ္လွန္ေရး တပ္ေပါင္းစုဖက္မွ ခက္ခဲစြာျဖင့္ ထိုးေဖာက္ တိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္သား ၂၀၀ ဝန္းက်င္ ေသဆုံး ခဲ့ေၾကာင္း ေရွ႕တန္းတြင္ တိုက္ပြဲဝင္ေနေသာ နဂါးနီရဲေဘာ္မ်ား၏ ေျပာဆို ခ်က္ ကို ကိုးကား၍ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႕က သတင္း ေဖာ္ျပသည္

“၃၂ နဲ႔ ၂၈၄ ဝင္တဲ့ ပြဲမွာေတာ့ ၿမိန္စရာႀကီး ပစ္ရတာ ကားကနဲ႔ ကားကနဲ႔ပါပဲ ခန႔္မွန္း ၂ ရင္းေပါင္း စ‌စ္ေခြးေသတာ ၂၀၀ ေလာက္ရွိပါမယ္ ။ ၃၂ မွာေတာ့ ဘား တိုက္တခ်ိဳ႕ကို မီးရႈိ႕ ႏိုင္ခဲ့ၿပီး၊ ၂၈၄ မွာေတာ့ မီးမရႈိ႕ႏိုင္ပါဘူး အရာရွိ ေနအိမ္ ေတြကိုေတာ့ ဖ်က္ဆီးႏိုင္ခဲ့ပါတယ္ ၂၈၄ က စစ္ေခြးတပ္ရင္းမႉး မယား ကို ဖမ္းဆီးမိၿပီးမွ ျပန္အဝိုင္းခံရတာေၾကာင့္ရယ္ ေလယာဥ္ဗုံးက်ဲတဲ့ အခ်ိန္ဝပ္ ေနခ်ိန္မွာ ႐ုတ္တရက္ ျပန္လြတ္သြားေၾကာင္းကို သိရတယ္” ဟု နဂါနီးရဲေဘာ္ က ေျပာၾကားေၾကာင္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ျပည္သူ႔ အုပ္ ခ်ဳပ္ ေရးအဖြဲ႕က သတင္းေဖာ္ျပသည္

ေတာ္လွန္ေရး အင္အားစုဖက္မွ စစ္သား CDM ရဲေဘာ္ ရဲႏိုင္ေသြး အပါဝင္ ၄ ဦး က်ဆုံး ေၾကာင္း ဆက္လက္ ထုတ္ျပန္ထားသည္။ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးရွိ စစ္တပ္ တပ္ရင္း ၃ ခု အတိုက္ခံရမႈ ေၾကာင့္ စစ္တပ္ဘက္မွ ေသဆုံးမႈ မ်ားျပားေနေသာ သတင္းမ်ားအေပၚ မဟုတ္ မွန္ေၾကာင္း စစ္ေကာင္စီက ယေန႔ ညေနပိုင္းတြင္ ျငင္းဆိုသည္

စစ္တပ္ဘက္မွ ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိၿပီး လာေရာက္တိုက္ခိုက္ေသာ PDF ၊ KNLA တပ္မ်ားဘက္မွ အက်အဆုံးမ်ားသည္ဟု စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္

“အခုထက္ထိ တိုက္ပြဲမၿပီးေသးဘူး ေလယာဥ္ေတြလည္း ဝဲေနတယ္ ေပါင္ ၁၀၀၀ ဗုံးေတြခ်ႏိုင္တယ္လို႔ သုံးသပ္ထားတယ္။ လက္နက္ႀကီးေတြလည္း ေတာက္ေလွ်ာက္ထုေနတုန္းပဲ” ဟု ေရွ႕တန္း သတင္းရင္းျမစ္က ေျပာသည္

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ စစ္ေကာင္စီတပ္၏ တပ္ရင္း ၃ ခုကို ျပည္သူ႔ကာကြယ္ေရး မဟာမိတ္ တပ္ေပါင္းစုက ယေန႔ နံနက္ပိုင္းတြင္ ဝင္ ေရာက္တိုက္ခိုက္ရာ တပ္ရင္း ၂ ခုကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး အရွင္ဖမ္းမိသူမ်ား၊ ေသဆုံးသူမ်ားမ်ားျပားေၾကာင္း ျပည္သူ႔ကာကြယ္ေရးမဟာမိတ္တပ္မ်ား၏ ေရွ႕တန္း သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

ဇန္နဝါရီလ ၄ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္မွစတင္ၿပီး ကရင္ျပည္နယ္၊ ၾကာ အင္း ဆိပ္ႀကီးၿမိဳ႕နယ္၊ စစ္ေကာင္စီ၏ တပ္ရင္း မ်ားျဖစ္ၾကသည့္ ခလရ ၃၂ တပ္၊ ခလရ ၂၈၄ တပ္၊ ခလရ ၂၈၃ တပ္မ်ားကို KNLA ၊ KTLA ၊ PDF မဟာ မိတ္ ျပည္သူ႔ကာကြယ္ ေရး တပ္မ်ားက ပူးေပါင္းတိုက္ခိုက္ခဲ့ရာ နံနက္ပိုင္း မွစတင္၍ လက္ရွိအခ်ိန္အထိ တိုက္ပြဲ အျပင္းအထန္ ျဖစ္ပြားေန ေၾကာင္း၊ စစ္ေကာင္စီဘက္က ရဟတ္ယာဥ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ား အႀကိမ္ ေပါင္းမ်ားစြာ လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္

“တပ္ရင္းေတြ ရၿပီဆိုၿပီး ေျပာတာေတြလည္းရွိတယ္ တကယ့္ေရွ႕တန္း အေျခ အေနက ေသခ်ာသိဖို႔ခက္တယ္ တပ္ရင္း ၃ ခုမွာ ၂ ခုရၿပီလို႔ေတာ့ သတင္းေတြ ရထားတယ္ ၃၂ နဲ႔ ၂၈၄ ရတယ္ ၂၈၃ မွာေတာ့ တိုက္ပြဲ ဆက္ျဖစ္ေနတယ္လို႔ ေျပာတယ္ အရွင္ဖမ္းမိေတြလည္းရွိတယ္ စစ္တပ္ဘက္က အေသေတြ လည္းမ်ားတယ္ ေလာေလာဆယ္ေတာ့ တိုက္ပြဲက ျဖစ္ေနတုန္းပဲ လက္နက္ ႀကီးေတြ ေလေၾကာင္းပစ္ကူေတြနဲ႔ စစ္တပ္က တအားဖိေနတယ္ ကိုယ့္ဘက္ ကလည္း ထိခိုက္က်ဆုံးမႈတခ်ိဳ႕ရွိတယ္ အေသးစိတ္ေတာ့ ဘာမွ ေျပာလို႔ မရေသးဘူး” ဟု ေရွ႕တန္းသတင္းရင္းျမစ္က ေျပာသည္

စစ္ေကာင္စီဘက္မွ တပ္ရင္း တပ္ရင္းမႉး၊ ဒုတပ္ရင္းမႉးမ်ား အပါအဝင္ ေသဆုံး မႈမ်ား မ်ားစြာရွိေၾကာင္း၊ စစ္ေကာင္စီတပ္၏ လက္နက္အမ်ားအျပား ရရွိထား သည္ဆိုေသာ သတင္းမ်ားရရွိထားေသာ္လည္း အတည္ျပဳရႏိုင္ရန္ ခက္ခဲေန ဆဲျဖစ္သည္

စစ္တပ္ေထာက္ခံသူမ်ားႏွင့္ ေလာ္ဘီမ်ား တယ္လီဂရမ္လူမႈကြန္ရက္မ်ားတြင္ ၾကာအင္းဆိပ္ႀကီးတြင္ စစ္တပ္တပ္ရင္းမ်ား တိုက္ခိုက္ခံရၿပီး ေသဆုံးမႈမ်ားျပား ေၾကာင္း၊ ၾကာအင္းဆိပ္ႀကီး ခလရ ၂၈၄ တပ္ရင္းတစ္ခုလုံး ေသဆုံးၿပီး ခလရ ၃၂ က အျပင္းအထန္ခုခံေနရေၾကာင္း၊ ေကာ့ကရိတ္ စကခ ၁၂ ၊ တပ္၊ က်ဳံဒိုးအထိုင္ ခမရ ၅၄၆ တပ္တို႔ကို ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက ဒ႐ုန္းျဖင့္ ဗုံးမ်ားက်ဲခ်ေနသျဖင့္ စစ္ကူလိုေနေၾကာင္း ေရးသားထားၾကသည္

ဓာတ္ပုံ- ယေန႔ ၾကာအင္းဆိပ္ႀကီး စစ္ေကာင္စီတပ္ရင္းအေျခအေနဓာတ္ပုံဟု ေပးပို႔လာ ျခင္းျဖစ္ၿပီး ရန္ကုန္ ေခတ္သစ္အေနျဖင့္ ယင္းဓာတ္ပုံတြင္ ပါဝင္ သည့္အဖြဲ႕မ်ားႏွင့္ အေျခအေနမ်ားကို သီးျခား အတည္ျပဳ ႏိုင္ျခင္း မရွိ ေသးေပ

ကြာအင်းဆိပ်ကြီးတွင် စစ်တပ် တပ်ရင်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ရာဂဏန်း သေဆုံးဟုဆို၊ စစ်ကောင်စီက စစ်သားသေဆုံးမှု သတင်းများကို ငြင်း ဆိုထား

ရန်ကုန်၊ ဇန်နဝါရီ ၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တပ်ရင်း ၃ ခုကို တော်လှန်ရေး တပ်ပေါင်းစုများက ယနေ့ တိုက်ခိုက်ရာ စစ်သား ၂၀၀ ဝန်းကျင်သေဆုံး ကြောင်း ကြာအင်း ဆိပ်ကြီး မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က သတင်း ထုတ် ပြန်သည်

သို့ရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းသိရှိရ သမျှကို ပြန်လည် သတင်းထုတ်ပြန်တင်ပြခြင်းဖြစ်ပြီး သက်ဆိုင်ရာ စစ်ရေး တာဝန်ရှိသူများက ထုတ်ပြန်ပေးမှသာ အတည်ဖြစ်ကြောင်း ပြည်သူများကို ဆက်လက် အသိပေးထားသည်

ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခလရ ၃၂ ၊ ခလရ ၂၈၃ ၊ ခလရ ၂၈၄ တပ်ရင်းများကို တော်လှန်ရေးတပ်ပေါင်းစုများက ယမန်နေ့ ညက တည်း က ချဉ်းကပ်ခဲ့ပြီး ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် တပ်ရင်းများ အတွင်း ဝင် ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်

ထိုသို့ စီးနင်းရာတွင် တိုက်ပွဲစတင်ဖြစ်ပွားသည်နှင့် စစ်ကောင်စီတပ်ဘက်မှ ‌တိုက် လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ အဆက်မပြတ် လာရောက်ပစ်ကူပေးခဲ့သဖြင့် တော်လှန်ရေး တပ်ပေါင်းစုဖက်မှ ခက်ခဲစွာဖြင့် ထိုးဖောက် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၂၀၀ ဝန်းကျင် သေဆုံး ခဲ့ကြောင်း ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော နဂါးနီရဲဘော်များ၏ ပြောဆို ချက် ကို ကိုးကား၍ ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတင်း ဖော်ပြသည်

“၃၂ နဲ့ ၂၈၄ ဝင်တဲ့ ပွဲမှာတော့ မြိန်စရာကြီး ပစ်ရတာ ကားကနဲ့ ကားကနဲ့ပါပဲ ခန့်မှန်း ၂ ရင်းပေါင်း စ‌စ်ခွေးသေတာ ၂၀၀ လောက်ရှိပါမယ် ။ ၃၂ မှာတော့ ဘား တိုက်တချို့ကို မီးရှို့ နိုင်ခဲ့ပြီး၊ ၂၈၄ မှာတော့ မီးမရှို့နိုင်ပါဘူး အရာရှိ နေအိမ် တွေကိုတော့ ဖျက်ဆီးနိုင်ခဲ့ပါတယ် ၂၈၄ က စစ်ခွေးတပ်ရင်းမှူး မယား ကို ဖမ်းဆီးမိပြီးမှ ပြန်အဝိုင်းခံရတာကြောင့်ရယ် လေယာဉ်ဗုံးကျဲတဲ့ အချိန်ဝပ် နေချိန်မှာ ရုတ်တရက် ပြန်လွတ်သွားကြောင်းကို သိရတယ်” ဟု နဂါနီးရဲဘော် က ပြောကြားကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ အုပ် ချုပ် ရေးအဖွဲ့က သတင်းဖော်ပြသည်

တော်လှန်ရေး အင်အားစုဖက်မှ စစ်သား CDM ရဲဘော် ရဲနိုင်သွေး အပါဝင် ၄ ဦး ကျဆုံး ကြောင်း ဆက်လက် ထုတ်ပြန်ထားသည်။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်ရင်း ၃ ခု အတိုက်ခံရမှု ကြောင့် စစ်တပ်ဘက်မှ သေဆုံးမှု များပြားနေသော သတင်းများအပေါ် မဟုတ် မှန်ကြောင်း စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် ငြင်းဆိုသည်

စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး လာရောက်တိုက်ခိုက်သော PDF ၊ KNLA တပ်များဘက်မှ အကျအဆုံးများသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်

“အခုထက်ထိ တိုက်ပွဲမပြီးသေးဘူး လေယာဉ်တွေလည်း ဝဲနေတယ် ပေါင် ၁၀၀၀ ဗုံးတွေချနိုင်တယ်လို့ သုံးသပ်ထားတယ်။ လက်နက်ကြီးတွေလည်း တောက်လျှောက်ထုနေတုန်းပဲ” ဟု ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ခုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက ယနေ့ နံနက်ပိုင်းတွင် ဝင် ရောက်တိုက်ခိုက်ရာ တပ်ရင်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အရှင်ဖမ်းမိသူများ၊ သေဆုံးသူများများပြားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ၏ ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ်၊ ကြာ အင်း ဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီ၏ တပ်ရင်း များဖြစ်ကြသည့် ခလရ ၃၂ တပ်၊ ခလရ ၂၈၄ တပ်၊ ခလရ ၂၈၃ တပ်များကို KNLA ၊ KTLA ၊ PDF မဟာ မိတ် ပြည်သူ့ကာကွယ် ရေး တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နံနက်ပိုင်း မှစတင်၍ လက်ရှိအချိန်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေ ကြောင်း၊ စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ် ပေါင်းများစွာ လုပ်ဆောင်နေကြောင်း သိရှိရသည်

“တပ်ရင်းတွေ ရပြီဆိုပြီး ပြောတာတွေလည်းရှိတယ် တကယ့်ရှေ့တန်း အခြေ အနေက သေချာသိဖို့ခက်တယ် တပ်ရင်း ၃ ခုမှာ ၂ ခုရပြီလို့တော့ သတင်းတွေ ရထားတယ် ၃၂ နဲ့ ၂၈၄ ရတယ် ၂၈၃ မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ပြောတယ် အရှင်ဖမ်းမိတွေလည်းရှိတယ် စစ်တပ်ဘက်က အသေတွေ လည်းများတယ် လောလောဆယ်တော့ တိုက်ပွဲက ဖြစ်နေတုန်းပဲ လက်နက် ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ စစ်တပ်က တအားဖိနေတယ် ကိုယ့်ဘက် ကလည်း ထိခိုက်ကျဆုံးမှုတချို့ရှိတယ် အသေးစိတ်တော့ ဘာမှ ပြောလို့ မရသေးဘူး” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်

စစ်ကောင်စီဘက်မှ တပ်ရင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ အပါအဝင် သေဆုံး မှုများ များစွာရှိကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်အများအပြား ရရှိထား သည်ဆိုသော သတင်းများရရှိထားသော်လည်း အတည်ပြုရနိုင်ရန် ခက်ခဲနေ ဆဲဖြစ်သည်

စစ်တပ်ထောက်ခံသူများနှင့် လော်ဘီများ တယ်လီဂရမ်လူမှုကွန်ရက်များတွင် ကြာအင်းဆိပ်ကြီးတွင် စစ်တပ်တပ်ရင်းများ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား ကြောင်း၊ ကြာအင်းဆိပ်ကြီး ခလရ ၂၈၄ တပ်ရင်းတစ်ခုလုံး သေဆုံးပြီး ခလရ ၃၂ က အပြင်းအထန်ခုခံနေရကြောင်း၊ ကော့ကရိတ် စကခ ၁၂ ၊ တပ်၊ ကျုံဒိုးအထိုင် ခမရ ၅၄၆ တပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးများကျဲချနေသဖြင့် စစ်ကူလိုနေကြောင်း ရေးသားထားကြသည်

ဓာတ်ပုံ- ယနေ့ ကြာအင်းဆိပ်ကြီး စစ်ကောင်စီတပ်ရင်းအခြေအနေဓာတ်ပုံဟု ပေးပို့လာ ခြင်းဖြစ်ပြီး ရန်ကုန် ခေတ်သစ်အနေဖြင့် ယင်းဓာတ်ပုံတွင် ပါဝင် သည့်အဖွဲ့များနှင့် အခြေအနေများကို သီးခြား အတည်ပြု နိုင်ခြင်း မရှိ သေးပေ

Leave a Reply

Your email address will not be published. Required fields are marked *