ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော အောင်ရေချမ်းကတော့ ဒီနေ့ ဇူလိုင်လ (၃)ရက်နေ့မှာ သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တဲ့အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ အောင်ရေချမ်းကတော့ လာမယ့် ဇူလိုင်လ (၇)ရက်နေ့မှာ ကျရောက်မယ့် အသက် (၂၉)နှစ်ပြည့်မြောက်မှာဖြစ်ပြီး

မွေးနေ့အကြိုအနေနဲ့ မြဝတီ မဟာစည်သာသနာ့ရိပ်သာမှာ သင်္ကန်စည်းကာရဟန်းခံပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။သာသနာ့ဘောင်မှာတော့ (၅)ရက်တိုင်တိုင် တရားအားထုတ်သွားမှာပါတဲ့။အခုလို (၅)ရက်တိုင်တိုင် ပြုလုပ်ခဲ့တဲ့ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် ကုသိုလ်ကောင်းမှုအစုစုတို့ကိုအောင်ရေချမ်းက (၇)ရက်စားသမီးအပေါင်းကိုအမျှပေးဝေထားပါသေးတယ်

ဒါ့အပြင် သူပြုလုပ်တဲ့ ကုသိုလ်တွေရဲ့အဖို့ဘာဂကိုလည်း မြန်မာပြည်သူပြည်သားအားလုံး ကပ်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါစေ လို့လည်း တောင်းဆုပြုထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ အောင်ရေချမ်းတစ်ယောက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ ကြည်ညိုဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Aung Yay Chan

Leave a Reply

Your email address will not be published.