ခ်ိဳးျဖဴဌက္ အတုလႊတ္ကာ စစ္ေကာင္စီ လြတ္လပ္ေရးေန႔ အခမ္းအနားျပဳလုပ္

ဂႏၵမာ(မဇၩိမ)။ ။ စိန္ရတုလြတ္လပ္ေရးေန႔ (၇၅) ႏွစ္ေျမာက္ အခမ္းအနားကို စစ္ေကာင္စီက ခိုငွက္ကို ေဆးျဖဴသုတ္ထားသည့္ ခ်ိဳးျဖဴဌက္ အတုလႊတ္ကာ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္

အခမ္းအနားကို ယေန႔ ဇန္နဝါရီ ၄ ရက္ နံနက္ ၆ နာရီမွ စတင္ကာ ေနျပည္ေတာ္တြင္ က်င္းပခဲ့ၿပီး သတၱဝါမ်ား လြတ္လပ္ေစရန္ ရည္႐ြယ္၍ ထိုသို႔ က်င္းပခဲ့ေၾကာင္း သိရသည္

“၇၅ ႏွစ္ျပည့္မလို႔ ခ်ိဳးျဖဴ အေကာင္ ၇၅၀ လႊတ္တယ္ လႊတ္ခ်င္တာက ခ်ိဳးျဖဴ၊ သူကရွားေတာ့ ခိုေတြကို ေဆးသုတ္ၿပီးထည့္ထားတာ ခ်ိဳးကနည္းနည္းပဲပါတယ္

ငွက္ေတြေတာင္ မအလကို ဂုဏ္မျပဳဘူးလို႔။ လႊတ္ေပးတဲ့အခ်ိန္စစ္ေၾကာင္းေတြၾကားထဲ ျပဳတ္က်လို႔” ဟု အဆိုပါ အခမ္းအနားသို႔ တက္ေရာက္ရေသာ ေနျပည္ေတာ္ရွိ ဝန္ထမ္းတစ္ဦးက မဇၩိမ ကို ေျပာသည္

အေျမႇာက္၂၁ ခ်က္ ပစ္ေဖာက္ဂုဏ္ျပဳၿပီး‌‌ေနာက္ ေလွာင္အိမ္ထဲတြင္ အခ်ိန္ၾကာျမင့္စြာ ဖမ္းခ်ဳပ္ထားသည့္ ထိုဌက္မ်ားကို လႊတ္ေပးစဥ္ ငွက္အခ်ိဳ႕မွာ ပ်ံသန္းႏိုင္ျခင္းမရွိေတာ့ဘဲ စစ္ေရးျပသည့္ စစ္ေၾကာင္းမ်ားထဲသို႔ ျပဳတ္က်ခဲ့ေၾကာင္း ၎က ဆိုသည္

ျမန္မာျပည္ႀကီး ၿငိမ္းခ်မ္းေနေၾကာင္း ကမာၻကိုျပသႏိုင္ရန္ အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ ၫႊန္ၾကားခ်က္ျဖင့္ ၿငိမ္းခ်မ္းျခင္းသေကၤတျဖစ္သည့္ ခ်ိဳးျဖဴမ်ားကို လႊတ္ေပးျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္က ေျပာသည္

စစ္ေကာင္စီက က်င္းပသည့္ ထိုအခမ္းအနားတြင္ အလွျပယာဥ္မ်ား၊ စစ္ေရးျပပြဲမ်ား၊ ဆင္ျဖဴေတာ္မ်ား ထည့္သြင္းျပသခဲ့ၿပီး စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ ယာဥ္တန္းေရွ႕တြင္ ျမင္းတပ္ကဦးေဆာင္ကာ ထြက္ရွိလာခဲ့ေၾကာင္း သိရသည္

စာတည္း ။ ။ ဖူးသိမ္က်

စာမူတည္းျဖတ္။ ။ ေအာင္ေက်ာ္ၿဖိဳး

Mizzima

ချိုးဖြူဌက် အတုလွှတ်ကာ စစ်ကောင်စီ လွတ်လပ်ရေးနေ့ အခမ်းအနားပြုလုပ်

ဂန္ဒမာ(မဇ္ဈိမ)။ ။ စိန်ရတုလွတ်လပ်ရေးနေ့ (၇၅) နှစ်မြောက် အခမ်းအနားကို စစ်ကောင်စီက ခိုငှက်ကို ဆေးဖြူသုတ်ထားသည့် ချိုးဖြူဌက် အတုလွှတ်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်

အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီမှ စတင်ကာ နေပြည်တော်တွင် ကျင်းပခဲ့ပြီး သတ္တဝါများ လွတ်လပ်စေရန် ရည်ရွယ်၍ ထိုသို့ ကျင်းပခဲ့ကြောင်း သိရသည်

“၇၅ နှစ်ပြည့်မလို့ ချိုးဖြူ အကောင် ၇၅၀ လွှတ်တယ် လွှတ်ချင်တာက ချိုးဖြူ၊ သူကရှားတော့ ခိုတွေကို ဆေးသုတ်ပြီးထည့်ထားတာ ချိုးကနည်းနည်းပဲပါတယ်

ငှက်တွေတောင် မအလကို ဂုဏ်မပြုဘူးလို့။ လွှတ်ပေးတဲ့အချိန်စစ်ကြောင်းတွေကြားထဲ ပြုတ်ကျလို့” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ရသော နေပြည်တော်ရှိ ဝန်ထမ်းတစ်ဦးက မဇ္ဈိမ ကို ပြောသည်

အမြှောက်၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုပြီး‌‌နောက် လှောင်အိမ်ထဲတွင် အချိန်ကြာမြင့်စွာ ဖမ်းချုပ်ထားသည့် ထိုဌက်များကို လွှတ်ပေးစဉ် ငှက်အချို့မှာ ပျံသန်းနိုင်ခြင်းမရှိတော့ဘဲ စစ်ရေးပြသည့် စစ်ကြောင်းများထဲသို့ ပြုတ်ကျခဲ့ကြောင်း ၎င်းက ဆိုသည်

မြန်မာပြည်ကြီး ငြိမ်းချမ်းနေကြောင်း ကမ္ဘာကိုပြသနိုင်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် ငြိမ်းချမ်းခြင်းသင်္ကေတဖြစ်သည့် ချိုးဖြူများကို လွှတ်ပေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်

စစ်ကောင်စီက ကျင်းပသည့် ထိုအခမ်းအနားတွင် အလှပြယာဉ်များ၊ စစ်ရေးပြပွဲများ၊ ဆင်ဖြူတော်များ ထည့်သွင်းပြသခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာဉ်တန်းရှေ့တွင် မြင်းတပ်ကဦးဆောင်ကာ ထွက်ရှိလာခဲ့ကြောင်း သိရသည်

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

Mizzima

 

Leave a Reply

Your email address will not be published. Required fields are marked *