ၿမိဳင္ၿမိဳ႕ခံအမ်ိဳးသမီး ၂ ဦးက ရဲတပ္သား ၂ ဦး ေသာက္ေနတဲ့အရက္ကို ေဆးခပ္ၿပီး ေသနတ္နဲ႔ က်ည္တခ်ိဳ႕ယူေဆာင္လာကာ PDF ထံေပးအပ္

ဧရာဝတီတိုင္းမ္

(ၿမိဳင္)၊ ဇန္နဝါရီလ ၄ ရက္

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္တြင္ ၿမိဳ႕ခံအမ်ိဳးသမီး ၂ ဦးမွ စစ္ေကာင္စီလက္ေအာက္ ၿမိဳင္ၿမိဳ႕မရဲစခန္းရွိ ရဲတပ္သား ၂ ဦးထံမွ ေသနတ္ႏွင့္ဆက္စပ္ပစၥည္းမ်ား ယူေဆာင္ထြက္ေျပးလာေၾကာင္း ၿမိဳင္ပကဖထံမွသိရသည္

ယမန္ေန႔ ဇန္နဝါရီလ ၃ ရက္ ညေန ၃ နာရီခန္႔တြင္ ၿမိဳင္ၿမိဳ႕မရဲစခန္းမွ ရဲတပ္သား ရဲျမတ္စိုးႏွင့္မ်ိဳးမင္းသိန္းတို႔ အရက္ေသာက္ေနစဥ္ ၎တို႔ႏွင့္အတူ အရက္ေသာက္ရန္ေခၚေဆာင္ထားသည့္ အမ်ိဳး သမီး ၂ ဦးမွ အရက္ထဲတြင္‌ေဆးခတ္၍ အဆိုပါရဲတပ္သားမ်ားထံမွ ေသနတ္ ၁ လက္ႏွင့္ဆက္စပ္ပစၥည္းမ်ားကိုယူေဆာင္ခဲ့ကာ ၿမိဳင္ပကဖထံအပ္ႏွံခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္

“သူတို႔က ျပည္သူမိန္းခေလးေတြကို သက္သက္အရက္ေသာက္ဖို႔ေခၚတာ၊ သူတို႔အႏိုင္က်င့္တာကိုမခံႏိုင္ေတာ့လို႔ အရက္ထဲေဆးခပ္လိုက္တာ၊ ပ်ိဳ႕အန္မူးလဲေစတဲ့ေဆးမ်ိဳး၊ ေသနတ္ကတစ္လက္ပဲယူခဲ့ရတယ္၊ ေနာက္တစ္လက္က အဲ့ဒီရဲ ရဲ႕ရင္ခြင္ထဲကဆြဲမထုတ္ရဲေဝာ့ာ မယူခဲ့ရဘူး၊ အခုေတာ့အဲ့ဒီေကာင္ေတြ အခ်ဳပ္ထဲေရာက္ေနၿပီ” ဟု ၿမိဳင္(ပကဖ)မွ ဗိုလ္လက္ ယာက ဧရာဝတီတိုင္းမ္ကိုေျပာသည္

အဆိုပါရဲတပ္သား ၂ ဦးႏွင့္အတူ အဆိပ္ပါသည့္ အရက္ေသစာေသာက္စားခဲ့သည့္ အမ်ိဳးသမီး ၂ ဦးမွာ အဆိပ္သင့္ခဲ့သည့္အတြက္ ယခုအခါ‌ ေဆး ကုသမႈခံယူထားၿပီးက်န္းမားေရးေကာင္းမြန္လ်က္ရွိသည္ဟု ၄င္းကဆက္လက္ေျပာသည္

ရဲတပ္သား ၂ ဦးထံမွ ေသနတ္ ၂ လက္ႏွင့္လက္နက္ခဲယမ္းအမ်ားအျပားရႏိုင္ေသာ္လည္း အေတြ႕အႀကဳံမရွိသည့္အျပင္ လုံၿခဳံေရးအေျခအေနေၾကာင့္ G-3 ေသနတ္တစ္လက္၊ က်ည္ေဘာက္ႏွင့္က်ည္ ၁၇ ေတာင့္၊ ဖုန္း ၂ လုံး၊ ဓား ၁ ေခ်ာင္းတို႔ ယူေဆာင္ႏိုင္ခဲ့ေၾကာင္း ၿမိဳင္(ပကဖ)ထံမွ သိရသည္

မြိုင်မြို့ခံအမျိုးသမီး ၂ ဦးက ရဲတပ်သား ၂ ဦး သောက်နေတဲ့အရက်ကို ဆေးခပ်ပြီး သေနတ်နဲ့ ကျည်တချို့ယူဆောင်လာကာ PDF ထံပေးအပ်

ဧရာဝတီတိုင်းမ်

(မြိုင်)၊ ဇန်နဝါရီလ ၄ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မြို့ခံအမျိုးသမီး ၂ ဦးမှ စစ်ကောင်စီလက်အောက် မြိုင်မြို့မရဲစခန်းရှိ ရဲတပ်သား ၂ ဦးထံမှ သေနတ်နှင့်ဆက်စပ်ပစ္စည်းများ ယူဆောင်ထွက်ပြေးလာကြောင်း မြိုင်ပကဖထံမှသိရသည်

ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ညနေ ၃ နာရီခန့်တွင် မြိုင်မြို့မရဲစခန်းမှ ရဲတပ်သား ရဲမြတ်စိုးနှင့်မျိုးမင်းသိန်းတို့ အရက်သောက်နေစဉ် ၎င်းတို့နှင့်အတူ အရက်သောက်ရန်ခေါ်ဆောင်ထားသည့် အမျိုး သမီး ၂ ဦးမှ အရက်ထဲတွင်‌ဆေးခတ်၍ အဆိုပါရဲတပ်သားများထံမှ သေနတ် ၁ လက်နှင့်ဆက်စပ်ပစ္စည်းများကိုယူဆောင်ခဲ့ကာ မြိုင်ပကဖထံအပ်နှံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်

“သူတို့က ပြည်သူမိန်းခလေးတွေကို သက်သက်အရက်သောက်ဖို့ခေါ်တာ၊ သူတို့အနိုင်ကျင့်တာကိုမခံနိုင်တော့လို့ အရက်ထဲဆေးခပ်လိုက်တာ၊ ပျို့အန်မူးလဲစေတဲ့ဆေးမျိုး၊ သေနတ်ကတစ်လက်ပဲယူခဲ့ရတယ်၊ နောက်တစ်လက်က အဲ့ဒီရဲ ရဲ့ရင်ခွင်ထဲကဆွဲမထုတ်ရဲဝော့ာ မယူခဲ့ရဘူး၊ အခုတော့အဲ့ဒီကောင်တွေ အချုပ်ထဲရောက်နေပြီ” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက် ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်

အဆိုပါရဲတပ်သား ၂ ဦးနှင့်အတူ အဆိပ်ပါသည့် အရက်သေစာသောက်စားခဲ့သည့် အမျိုးသမီး ၂ ဦးမှာ အဆိပ်သင့်ခဲ့သည့်အတွက် ယခုအခါ‌ ဆေး ကုသမှုခံယူထားပြီးကျန်းမားရေးကောင်းမွန်လျက်ရှိသည်ဟု ၄င်းကဆက်လက်ပြောသည်

ရဲတပ်သား ၂ ဦးထံမှ သေနတ် ၂ လက်နှင့်လက်နက်ခဲယမ်းအများအပြားရနိုင်သော်လည်း အတွေ့အကြုံမရှိသည့်အပြင် လုံခြုံရေးအခြေအနေကြောင့် G-3 သေနတ်တစ်လက်၊ ကျည်ဘောက်နှင့်ကျည် ၁၇ တောင့်၊ ဖုန်း ၂ လုံး၊ ဓား ၁ ချောင်းတို့ ယူဆောင်နိုင်ခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *