အင္းေလးကန္အေနာက္ဘက္ျခမ္း စစ္ေကာင္စီ ႏွင့္ သွ်မ္းေတာင္ PDF တိုက္ပြဲျဖစ္ပြား

စိုင္းဆိုင္လ်န္ ၊ ဇန္နဝါရီ ၄

သွ်မ္းျပည္ ေတာင္ႀကီးခ႐ိုင္ ေညာင္ေ႐ႊၿမိဳ႕နယ္ အင္းေလးအေနာက္ဘက္ျခမ္းတြင္ စစ္ေကာင္စီ ႏွင့္ သွ်မ္းေတာင္ PDF တို႔ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းရရွိသည္

ယမန္ေန႔ (ဇန္နဝါရီ ၃) ေန႔လည္ ၁ နာရီဝန္းက်င္တြင္ စစ္ေကာင္စီ ႏွင့္ သွ်မ္းေတာင္ PDF တို႔သည့္ အင္းေလးကန္အေနာက္ဘက္ျခမ္း ဘုရားနီးေက်း႐ြာ ႏွင့္ သန္းေတာင္ေက်း႐ြာ ၾကားတြင္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံ သိရွိရသည္

“ တိုက္ပြဲျဖစ္တာေတာ့ ေသခ်ာတယ္။ မေန႔က ေန႔လည္ ၁ နာရီခြဲေလာက္မွာျဖစ္တယ္လို႔ ၾကားတယ္။ သတင္းအျပင္မထြက္ေအာင္ေတာ့ ယာယီထိန္းထားတယ္ထင္တယ္” ဟု PDF ႏွင့္ ရင္းႏွီးသူတစ္ဦးက ေျပာသည္

ထိုတိုက္ပြဲေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ေသဆုံးမႈမ်ား ရွိေၾကာင္း ေဒသခံမ်ား ေျပာျပခ်က္အရ သိရေသာ္လည္း သွ်မ္းသံေတာ္ဆင့္အေနျဖင့္ အတည္ျပဳခ်က္မရရွိေသးေပ

“ ေသဆုံးမႈေတာ့ရွိတယ္။ အခုေလာေလာဆယ္ ေညာင္ေ႐ႊေဆး႐ုံမွာ ေသဆုံးတဲ့ ႐ုပ္အေလာင္းေတြ ေရာက္ရွိေနတယ္လို႔ၾကားတယ္ ဘယ္သူဘယ္ဝါလဲဆိုတာေတာ့ အေသခ်ာမသိရေသးဘူး။ ဖမ္းဆီးခံရတာေတြ လည္းရွိတယ္တဲ့” ဟု အထက္ပါသူက ေျပာသည္

အလားတူ အင္းေလးေဒသခံတစ္ဦးကလည္း “ က်ေနာ္တို႔လည္း အဲလိုၾကားတယ္ ဖမ္းခံရတာေတြ၊ ေသဆုံးတာေတြရွိတယ္လို႔ၾကားတယ္။ ဘယ္သူဘယ္ဝါလည္းေတာ့ အေသခ်ာမသိေသးဘူး” ဟု ၎က ေျပာသည္

စစ္တပ္အာဏာသိမ္းၿပီး ယခု ၂၀၂၃ ခုႏွစ္ထဲတြင္ သွ်မ္းျပည္ ေတာင္ႀကီးခ႐ိုင္ အင္းေလးကန္ေဒသအတြင္း စစ္ေကာင္စီႏွင့္ သွ်မ္းေတာင္ PDF တို႔ ပထမဆုံးျဖစ္သည့္တိုက္ပြဲျဖစ္သည္

SHANBurmese

အင်းလေးကန်အနောက်ဘက်ခြမ်း စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တိုက်ပွဲဖြစ်ပွား

စိုင်းဆိုင်လျန် ၊ ဇန်နဝါရီ ၄

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းရရှိသည်

ယမန်နေ့ (ဇန်နဝါရီ ၃) နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့သည့် အင်းလေးကန်အနောက်ဘက်ခြမ်း ဘုရားနီးကျေးရွာ နှင့် သန်းတောင်ကျေးရွာ ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ သိရှိရသည်

“ တိုက်ပွဲဖြစ်တာတော့ သေချာတယ်။ မနေ့က နေ့လည် ၁ နာရီခွဲလောက်မှာဖြစ်တယ်လို့ ကြားတယ်။ သတင်းအပြင်မထွက်အောင်တော့ ယာယီထိန်းထားတယ်ထင်တယ်” ဟု PDF နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်

ထိုတိုက်ပွဲကြောင့် နှစ်ဦးနှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် အတည်ပြုချက်မရရှိသေးပေ

“ သေဆုံးမှုတော့ရှိတယ်။ အခုလောလောဆယ် ညောင်ရွှေဆေးရုံမှာ သေဆုံးတဲ့ ရုပ်အလောင်းတွေ ရောက်ရှိနေတယ်လို့ကြားတယ် ဘယ်သူဘယ်ဝါလဲဆိုတာတော့ အသေချာမသိရသေးဘူး။ ဖမ်းဆီးခံရတာတွေ လည်းရှိတယ်တဲ့” ဟု အထက်ပါသူက ပြောသည်

အလားတူ အင်းလေးဒေသခံတစ်ဦးကလည်း “ ကျနော်တို့လည်း အဲလိုကြားတယ် ဖမ်းခံရတာတွေ၊ သေဆုံးတာတွေရှိတယ်လို့ကြားတယ်။ ဘယ်သူဘယ်ဝါလည်းတော့ အသေချာမသိသေးဘူး” ဟု ၎င်းက ပြောသည်

စစ်တပ်အာဏာသိမ်းပြီး ယခု ၂၀၂၃ ခုနှစ်ထဲတွင် သျှမ်းပြည် တောင်ကြီးခရိုင် အင်းလေးကန်ဒေသအတွင်း စစ်ကောင်စီနှင့် သျှမ်းတောင် PDF တို့ ပထမဆုံးဖြစ်သည့်တိုက်ပွဲဖြစ်သည်

SHANBurmese

 

Leave a Reply

Your email address will not be published. Required fields are marked *