







မြေလတ်အသံ

စစ်ကောင်စီ တပ်စွဲထားတဲ့ ရွာနားက မိုင်တဲတာဝါတိုင်ထိပ်မှာ PDF က အလံလွှင့်

စဉ့်ကူး ၊ ဇန်နဝါရီလ ၄ ၊ ၂၀၂၃။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ရွာနားမှာရှိတဲ့ မိုင်တဲ တာဝါတိုင်ထိပ်ကို စစ်အာဏာရှင် အုပ်ချုပ်ခွင့်မရ စာတန်းပါအလံ လွှင့်ထူခဲ့တယ်လို့ တောကြီးမြွေပွေးအဖွဲ့ဆီက သိရပါတယ်

စစ်ကောင်စီက ၉ လ ကျော်ကြာ တပ်စွဲထားတဲ့ ကြက်တူရွေးရွာနားက မိုင်တဲ တာဝါတိုင်ထိပ်ကို ဇန်နဝါရီလ ၄ ရက် ဒီနေ့ မနက် ၉ နာရီလောက်မှာ စစ်အာဏာရှင် အုပ်ချုပ်ခွင့်မရ စာတန်းပါအလံကို လွှင့်ထူခဲ့တာဖြစ်တယ်လို့ တောကြီးမြွေပွေးအဖွဲ့ ခေါင်းဆောင် ဗိုလ်တီက ပြောပါတယ်

“အခုသွားတင်တဲ့နယ်မြေက စစ်တပ်နယ်မြေပေါ့ သူတို့က အဲဒီတာဝါတိုင်ဘေးမှာရှိတဲ့ရွာမှာ တပ်စွဲထားတာ။ ကျနော်တို့အရင်တခါ ခွဲတဲ့မိုင်တဲတာဝါတိုင်ပါ အဲဒီမိုင်တဲတာဝါတိုင်အနီးမှာရှိတဲ့ရွာမှာ တပ်စွဲထားတာ ၈ လ ၉ လလောက်ရှိပြီ သူတို့နယ်မြေလို့ ပြောလို့ရတယ်

ဒီလို့နေ့မျိုးမှာ သူတို့ကိုပေးချင်တဲ့ Message က ဒီတိုင်းပြည်က ကျနော်တို့တိုင်းပြည်ပဲ သူတို့အုပ်ချုပ်ခွင့်မရဘူးဆိုတာ သိစေချင်တာ သူတို့အလံမထောင်နိုင်သေးတာကို ကျနော်တို့အလံထောင်နိုင်တာကို သူတို့သိစေချင်တာ” လို့ ဗိုလ်တီက ပြောပါတယ်

အဲဒီ မိုင်တဲတာဝါတိုင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်ကလည်း တောကြီးမြွေပွေးအဖွဲ့က မိုင်းခွဲပြီး ဖောက်ခွဲရေးမှာသုံးဖို့ လျှပ်စစ်ပစ္စည်း ယူဆောင်လာတယ်လို့ သိရပါတယ်

သတင်း- ဒိန်းဂျား၊ စာတည်း – ဇို

မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *