









နှစ်သစ်မှာတော့ အားရစရာသတင်းတွေချည်းပဲ အရမ်းလည်း အားတက်တယ် ပိုကြိုးစားရမယ်ဆိုတဲ့ အားအင်တွေလည်း ရတယ်

US က NDAA အတည်ပြုလိုက်ပြီ စစ်ရေးအကူအညီမဟုတ်ပေမယ့် နည်းပညာအထိ အထောက်အပံ့ရနိုင်တဲ့အတွက် ကျေနပ်စရာ တိုးတက်မှုပဲ

မနေ့က တက်လာတဲ့ သတင်းတွေထဲမှာ (ကိုးကန့်တပ်လို့ အများသိကြတဲ့) MNDAA ရဲ့ တပ်မဟာ ၆၁၁ သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ အင်မတန် အားရစရာကောင်းတယ် လူဦးရေ ၁၂၀၀ ကျော်။ လက်နက်အပြည့်အစုံတပ်ဆင်ပြီး ဒါတောင် တပ်မဟာတစ်ခုပဲ ရှိသေးတယ်

ဒီတပ်မဟာ၆၁၁ က ထပ်တိုးအသစ် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ တပ်မဟာအသစ် တရားဝင်ထုတ်ပြန်ကြေညာပုံအရတော့ မကြာခင်အားတက်စရာသတင်းတွေ ပိုကြားရနိုင်တယ်

ဒီနေ့ ကြာအင်းဆိပ်ကြီးသတင်း တပ်ရင်း၃ ခုကို ဝင်တိုက် မယားတွေပါထားပြီး ထွက်ပြေးရ မအလတပ်အနေနဲ့ အသေအလဲ ခုခံကာကွယ်နေရတဲ့ အနေအထားမျိုး ရလဒ်ကတော့ ပွဲလက်စနဲ့မို့ ထည့်မရေးတော့ဘူး ဒင်းတို့ပြာကျနေတာတော့ သေချာတယ်

ကိုယ် Highlight လုပ်ချင်တာက ကြာအင်းဆိပ်ကြီးလို နေရာမှာ အခြေတည်ထားတဲ့ တပ်ရင်းမျိုးတွေအနေနဲ့တောင် အဲ့လောက် ရုပ်ပျက်ဆင်းပျက် တပ်ပျက်နေတယ်ဆိုတဲ့အချက်ပဲ

သုံးရင်းကို တစ်မနက်တည်းမှာ ဝင်တိုက်တာ ဒီလိုနေရာမျိုးမှာတောင် ဘာ Resistance မှ ရှိမနေတာ စကစတပ်တွေရဲ့ စိတ်ဓါတ်ပျက်ပြားမှုနဲ့ တကယ့်အရှိတရားပဲ

ဒီနှစ်ထဲမှာ အောင်ပွဲအတွက် အပြတ်အသတ် ရုန်းကြရအောင်ပါ မှန်မှန်ကလစ်ကြပါ တတ်နိုင်သမျှ ထောက်ပို့ကြပါ တတ်နိုင်သမျှ တတ်နိုင်တဲ့နည်းနဲ့ တော်လှန်ကြပါ ပါဝင်ကြပါ

စစ်ရေးဆိုတာ လျှို့ဝှက်ရတာတွေဆိုတော့ အကုန်အစင်တော့ မျက်စိရှေ့ရောက်နေမှာ မဟုတ်ဘူး။ အောင်ပွဲရဲ့ တံပိုးခရာသံတွေ နားစွင့်ရင် အားတင်းရှေ့ဆက် အဆုံးထိ တော်လှန်ကြ

တရားတဲ့သူသာ နိုင်ကြေးဟေ့

 

Leave a Reply

Your email address will not be published. Required fields are marked *