ခရီးသည္ကားျဖင့္ စီးနင္းလိုက္ပါလာသည့္ စစ္ေကာင္စီတပ္သားကို PRDFက ဖမ္းဆီး

ကိုေ႐ႊၿမိတ္

မဲေဆာက္(မဇၩိမ)။ ။ တနသၤာရီတိုင္း၊ ၿမိတ္ခ႐ိုင္ ပုေလာၿမိဳ႕နယ္၌ ခရီးသည္ကားျဖင့္ လိုက္ပါလာသည့္ စစ္ေကာင္စီတပ္သား တစ္ဦးကို ၿပီးခဲ့သည့္ ဇန္နာဝါရီလ ၂ ရက္ေန႔က ပုေလာေဒသကာကြယ္ေရးတပ္ဖြဲ႕ (PRDF) က ဖမ္းဆီးထားေၾကာင္း ယင္းအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရ သည္

ဖမ္းဆီးခံရသည့္ စစ္ေကာင္စီတပ္သား ေအာင္ေအာင္ ဆိုသူကို ဇန္နဝါရီလ ၂ ရက္ေန႔ ညေန ၄ နာရီ ခြဲ အခ်ိန္တြင္ ပုေလာၿမိဳ႕နယ္ သကၤန္းေတာေက်း႐ြာ လမ္းမႀကီးတြင္ ကားတန္းစစ္ေဆးေနရာ၌ ဖမ္းဆီးလိုက္သည္ဟု ပုေလာေဒသ ကာကြယ္ေရးတပ္ဖြဲ႕ (PRDF) ၏ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားသည္

လက္ရွိတြင္ ဖမ္းဆီးခံထားရသည့္ စစ္ေကာင္စီတပ္သားကို ပုေလာေဒသ ကာကြယ္ေရးတပ္ဖြဲ႕ (PRDF) အေနျဖင့္ ဆက္လက္ ဖမ္းဆီးထားမွာ ျဖစ္ေၾကာင္း သိရသည္

ဖမ္းဆီးခံရခ်ိန္တြင္ ၎ကိုစစ္ေဆးရာတြင္ ဖုန္း တစ္လုံးႏွင့္ ပိုက္ဆံ- ၂၀,၀၀၀ က်ပ္ကို သိမ္းဆည္းရမိထားေၾကာင္း PRDF မွ ေရးသားေဖာ္ျပထားသည္

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ၊ ဒီဇင္ဘာလ ၂၄ရက္ေန႔ ေန႔လယ္ ၁ နာရီ ၃၀မိနစ္ခန႔္ကလည္း ပုေလာၿမိဳ႕နယ္ ကဒဲ႐ြာအနီး လမ္းမႀကီးနံေဘး စစ္ေဆးမႈမ်ား ျပဳလုပ္ေနခ်ိန္ ခရီးသြားျပည္သူကားျဖင့္ လိုက္ပါလာသည့္ ေကာ့ေသာင္းခ႐ိုင္ ၊ (၉)မိုင္႐ြာမွ အက်ဥ္းေထာင္ဦးစီးမႉးကို ပုေလာေဒသကာကြယ္ေရးတပ္ဖြဲ႕ ( PRDF ) ၊

ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ( PPDF ) ႏွင့္ အရိပ္ေျပာက္က်ားတပ္ဖြဲ႕ ( PSGF )တို႔ ပူးေပါင္းၿပီး ဖမ္းဆီးခဲ့ၿပီး ယခုလက္ရွိတြင္ အက်ဥ္းေထာင္ဦးစီးမႉးကို ကြၽန္ေတာ္တို႔ PRDF မွ ဆက္လက္ ထိန္းသိမ္းထားသည္

စာတည္း – သန႔္ေဇာ္(သန္လ်င္)

mizzima

ခရီးသည်ကားဖြင့် စီးနင်းလိုက်ပါလာသည့် စစ်ကောင်စီတပ်သားကို PRDFက ဖမ်းဆီး

ကိုရွှေမြိတ်

မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ခရီးသည်ကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သား တစ်ဦးကို ပြီးခဲ့သည့် ဇန်နာဝါရီလ ၂ ရက်နေ့က ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဖမ်းဆီးထားကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်

ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သား အောင်အောင် ဆိုသူကို ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီ ခွဲ အချိန်တွင် ပုလောမြို့နယ် သင်္ကန်းတောကျေးရွာ လမ်းမကြီးတွင် ကားတန်းစစ်ဆေးနေရာ၌ ဖမ်းဆီးလိုက်သည်ဟု ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သားကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) အနေဖြင့် ဆက်လက် ဖမ်းဆီးထားမှာ ဖြစ်ကြောင်း သိရသည်

ဖမ်းဆီးခံရချိန်တွင် ၎င်းကိုစစ်ဆေးရာတွင် ဖုန်း တစ်လုံးနှင့် ပိုက်ဆံ- ၂၀,၀၀၀ ကျပ်ကို သိမ်းဆည်းရမိထားကြောင်း PRDF မှ ရေးသားဖော်ပြထားသည်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ရက်နေ့ နေ့လယ် ၁ နာရီ ၃၀မိနစ်ခန့်ကလည်း ပုလောမြို့နယ် ကဒဲရွာအနီး လမ်းမကြီးနံဘေး စစ်ဆေးမှုများ ပြုလုပ်နေချိန် ခရီးသွားပြည်သူကားဖြင့် လိုက်ပါလာသည့် ကော့သောင်းခရိုင် ၊ (၉)မိုင်ရွာမှ အကျဉ်းထောင်ဦးစီးမှူးကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ ( PRDF ) ၊

ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF ) နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ ( PSGF )တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပြီး ယခုလက်ရှိတွင် အကျဉ်းထောင်ဦးစီးမှူးကို ကျွန်တော်တို့ PRDF မှ ဆက်လက် ထိန်းသိမ်းထားသည်

စာတည်း – သန့်ဇော်(သန်လျင်)

mizzima

 

Leave a Reply

Your email address will not be published. Required fields are marked *