အင္းဝ ပ်က္ခါနီးေတာ့ ဘုရင္က သာသနာပိုင္ကေန စၿပီး တံခါးမႉးအထိကို ဆုေတြေပးတယ္တဲ့။ ဒုတိယ ကမာၻစစ္တုန္းကလည္း ဟစ္တလာႀကီးက သူ႔ဖာသာ သတ္မေသခင္ ကေလးက အစ ဆုတံဆိပ္ေတြ ေပးခဲ့ေသးတယ္။ အဲ့အခ်ိန္က ဘာလင္ကို ဆိုဗီယက္နဲ႔ မဟာမိတ္တပ္ေတြ တစ္ျခမ္းစီ သိမ္းၿပီးေနၿပီ။

ၾကင္စိုးက သာတယ္။ ေနဝင္း စိန္လြင္ လို ေသၿပီးသားေကာင္ေတြကိုပါ အမႈတြဲၿပီး ဆုေတြ ခ်ေနတယ္။ ဘိုခင္ၫြန႔္ ယိုထားတဲ့ -်ီးပုံႀကီးေပၚ တက္ခြၿပီး သူ႔ -်ီးပုံ လုပ္ေနေသးတာ။ ေရွာသြားၿပီးသား၊ ေရွာလုလု၊ ေရွာလတၱံ့ေသာ အပစ္ရပ္ေတြကိုပါ ဆုေတြ ေပးလို႔။

အံမယ္ စလြယ္ အာဘင္ ႀကီးကို စြပ္ထားေသးတယ္။ နဝရတ္ ကိုးသြယ္ မစီရဲေတာ့ ပတၱျမားစလြယ္ ေပါ့ေလ ဘို႐ူးခံပြဲ မၿပီးေသးသေ႐ြ႕ေတာ့ ၾကင္စိုး ဘာအကြက္အဆန္းမွ လုပ္ဦးမယ္ မထင္ဘူး။ ဒါက သူ႔ရဲ႕ ႀကိဳးစင္ မတိုင္ခင္ ေနာက္ဆုံးပြဲ ျဖစ္သြားႏိုင္တယ္ မိန္လုံးရဲ႕ ေနာက္ဆုံး ဆႏၵေပါ့

ရွက္ေၾကာျပတ္ေနတဲ့ ၾကင္စိုးအတြက္ အရွက္ရစရာႀကီး တစ္ခု ထပ္တိုးလာေသးတယ္။ ျမန္မာႏိုင္ငံနဲ႔ အဆက္အသြယ္လုပ္ေနတဲ့ ႏိုင္ငံေပါင္း ၁၅၂ ႏိုင္ငံ ရွိတာမွာ “မလြတ္မလပ္ေသးေန႔” သဝဏ္လႊာကို

႐ုရွ၊ နီေပါ၊ ကေမာၻဒီးယား ၃ ႏိုင္ငံကပဲ ပို႔သတဲ့။ ထူးထူးျခားျခား အိမ္နီးခ်င္းႏိုင္ငံ တႏိုင္ငံမွ မပါဘူးသမိုင္းဝင္႐ုံတင္ မကဘူး လႈိင္သာယာထိ ေရာက္ေရာ “သူစိမ္း တို႔ရဲ႕ အလယ္မွာ” သီခ်င္းဆိုၿပီး ေဆြးေနေပ‌ေရာ့

ၾကင္စိုးက ၂၀၂၃ တစ္ႏွစ္ပါတ္လုံး အပစ္ရပ္မယ္ ေၾကျငာအၿပီးမွာ NUG-NUCC သာမက၊ စၾကဝဌာ တိုက္တေသာင္းက ERO ေတြက ဝိုင္းႏွံၾကစို႔လို႔ ညာသံေပးၾကတယ္။ မႏၲေလး PDF လို ႀကိတ္ေနတဲ့ အဖြဲ႕ေတြလည္း လက္နက္အျပည့္အစုံနဲ႔ တပ္ႀကီးကို ထုတ္ရႈိးတယ္

KNU တပ္မဟာ-၅ ကလည္း ၁၀ ရက္ေန႔ ေနာက္ဆုံး စကစ နဲ႔ ဆက္စပ္ အားလုံး ထြက္ၾကဖို႔ ရာဇသံ ေပးထားတယ္။ ေျပာသာ ေျပာရတယ္ အဖူးေဘာ္ေက်ာ္ နယ္ထဲမွာ စကစ ဝန္ထမ္း ကုန္သေလာက္ ျဖစ္ေနပါၿပီ

MNDAA ကေတာ့ အၾကမ္းဆုံးေပါ့ေလ ကိုးကန႔္ လူမ်ိဳး မဟုတ္တဲ့ တပ္မဟာ အသစ္ႀကီးကို Lက္Nက္ ေတြ တပ္ေပးလိုက္တာ။ RPG ေတြေတာင္ ပါေသး

PDF ေတြကို NUG ရဲ႕ Lက္Nက္ ေတြ တပ္ေပးလိုက္တယ္လို႔ေတာ့ တရားဝင္ ဘယ္ေျပာမလဲ။ ဘယ္စက္႐ုံထြက္ေတြကို ဘယ္သူ႔ ခြင့္ျပဳခ်က္နဲ႔ ေပးတယ္ ဆိုတာ ေအာ္ၾကက္ ျဖစ္လို႔ မေကာင္းေသးဘူးေလ

အရင္လက စၿပီး အညာမွာ ပ်ဴေစာထီး႐ြာ (စခန္း) ေတြ တလစပ္ က်ကုန္တယ္ မီးရႈိ႕ခံရတဲ့ ႐ြာေတြက ႐ြာသားေတြက လက္နက္ႀကီး ပစ္ကူေတြကို ဂ႐ုမစိုက္ပဲ တလၾကမ္း ဝင္ခုတ္ၾကလို႔တဲ့

လူေတြရဲ႕ နာက်ည္းမႈက အထြဋ္အထိပ္။ ျမန္မာေတြ ပါးစပ္ကေန “မထူးေတာ့ဘူးကြာ” လို႔ၾကားရင္ ေျပးေပေတာ့လို႔ အင္းဂလိပ္ စစ္ဗိုလ္ေတြ ေျပာခဲ့ဖူးၾကတာ မမွား

၂၀၂၃ မွာ ဘာေတြ ျဖစ္မလည္း၊ ဘယ္ဖက္က သာမလဲ ဆိုတာ လယ္ျပင္မွာ ဆင္သြားသလို ထင္းကနဲ လင္းကနဲ ပါဖဲ

ဆို႔စ္ – က်ဴးလိေပါင္ သတင္းစဥ္ (စစ္ေခြး နိဂုံး ၂၀၂၃ က႑)

အင်းဝ ပျက်ခါနီးတော့ ဘုရင်က သာသနာပိုင်ကနေ စပြီး တံခါးမှူးအထိကို ဆုတွေပေးတယ်တဲ့။ ဒုတိယ ကမ္ဘာစစ်တုန်းကလည်း ဟစ်တလာကြီးက သူ့ဖာသာ သတ်မသေခင် ကလေးက အစ ဆုတံဆိပ်တွေ ပေးခဲ့သေးတယ်။ အဲ့အချိန်က ဘာလင်ကို ဆိုဗီယက်နဲ့ မဟာမိတ်တပ်တွေ တစ်ခြမ်းစီ သိမ်းပြီးနေပြီ။

ကြင်စိုးက သာတယ်။ နေဝင်း စိန်လွင် လို သေပြီးသားကောင်တွေကိုပါ အမှုတွဲပြီး ဆုတွေ ချနေတယ်။ ဘိုခင်ညွန့် ယိုထားတဲ့ -ျီးပုံကြီးပေါ် တက်ခွပြီး သူ့ -ျီးပုံ လုပ်နေသေးတာ။ ရှောသွားပြီးသား၊ ရှောလုလု၊ ရှောလတ္တံ့သော အပစ်ရပ်တွေကိုပါ ဆုတွေ ပေးလို့။

အံမယ် စလွယ် အာဘင် ကြီးကို စွပ်ထားသေးတယ်။ နဝရတ် ကိုးသွယ် မစီရဲတော့ ပတ္တမြားစလွယ် ပေါ့လေ ဘိုရူးခံပွဲ မပြီးသေးသရွေ့တော့ ကြင်စိုး ဘာအကွက်အဆန်းမှ လုပ်ဦးမယ် မထင်ဘူး။ ဒါက သူ့ရဲ့ ကြိုးစင် မတိုင်ခင် နောက်ဆုံးပွဲ ဖြစ်သွားနိုင်တယ် မိန်လုံးရဲ့ နောက်ဆုံး ဆန္ဒပေါ့

ရှက်ကြောပြတ်နေတဲ့ ကြင်စိုးအတွက် အရှက်ရစရာကြီး တစ်ခု ထပ်တိုးလာသေးတယ်။ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်လုပ်နေတဲ့ နိုင်ငံပေါင်း ၁၅၂ နိုင်ငံ ရှိတာမှာ “မလွတ်မလပ်သေးနေ့” သဝဏ်လွှာကို

ရုရှ၊ နီပေါ၊ ကမ္ဘောဒီးယား ၃ နိုင်ငံကပဲ ပို့သတဲ့။ ထူးထူးခြားခြား အိမ်နီးချင်းနိုင်ငံ တနိုင်ငံမှ မပါဘူးသမိုင်းဝင်ရုံတင် မကဘူး လှိုင်သာယာထိ ရောက်ရော “သူစိမ်း တို့ရဲ့ အလယ်မှာ” သီချင်းဆိုပြီး ဆွေးနေပေ‌ရော့

ကြင်စိုးက ၂၀၂၃ တစ်နှစ်ပါတ်လုံး အပစ်ရပ်မယ် ကြေငြာအပြီးမှာ NUG-NUCC သာမက၊ စကြဝဌာ တိုက်တသောင်းက ERO တွေက ဝိုင်းနှံကြစို့လို့ ညာသံပေးကြတယ်။ မန္တလေး PDF လို ကြိတ်နေတဲ့ အဖွဲ့တွေလည်း လက်နက်အပြည့်အစုံနဲ့ တပ်ကြီးကို ထုတ်ရှိုးတယ်

KNU တပ်မဟာ-၅ ကလည်း ၁၀ ရက်နေ့ နောက်ဆုံး စကစ နဲ့ ဆက်စပ် အားလုံး ထွက်ကြဖို့ ရာဇသံ ပေးထားတယ်။ ပြောသာ ပြောရတယ် အဖူးဘော်ကျော် နယ်ထဲမှာ စကစ ဝန်ထမ်း ကုန်သလောက် ဖြစ်နေပါပြီ

MNDAA ကတော့ အကြမ်းဆုံးပေါ့လေ ကိုးကန့် လူမျိုး မဟုတ်တဲ့ တပ်မဟာ အသစ်ကြီးကို Lက်Nက် တွေ တပ်ပေးလိုက်တာ။ RPG တွေတောင် ပါသေး

PDF တွေကို NUG ရဲ့ Lက်Nက် တွေ တပ်ပေးလိုက်တယ်လို့တော့ တရားဝင် ဘယ်ပြောမလဲ။ ဘယ်စက်ရုံထွက်တွေကို ဘယ်သူ့ ခွင့်ပြုချက်နဲ့ ပေးတယ် ဆိုတာ အော်ကြက် ဖြစ်လို့ မကောင်းသေးဘူးလေ

အရင်လက စပြီး အညာမှာ ပျူစောထီးရွာ (စခန်း) တွေ တလစပ် ကျကုန်တယ် မီးရှို့ခံရတဲ့ ရွာတွေက ရွာသားတွေက လက်နက်ကြီး ပစ်ကူတွေကို ဂရုမစိုက်ပဲ တလကြမ်း ဝင်ခုတ်ကြလို့တဲ့

လူတွေရဲ့ နာကျည်းမှုက အထွဋ်အထိပ်။ မြန်မာတွေ ပါးစပ်ကနေ “မထူးတော့ဘူးကွာ” လို့ကြားရင် ပြေးပေတော့လို့ အင်းဂလိပ် စစ်ဗိုလ်တွေ ပြောခဲ့ဖူးကြတာ မမှား

၂၀၂၃ မှာ ဘာတွေ ဖြစ်မလည်း၊ ဘယ်ဖက်က သာမလဲ ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်းကနဲ လင်းကနဲ ပါဖဲ

ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (စစ်ခွေး နိဂုံး ၂၀၂၃ ကဏ္ဍ)

 

Leave a Reply

Your email address will not be published. Required fields are marked *